ဓမ္မစကူးလ်

ဝီကီပီးဒီးယား မှ

ဓမ္မစကူးလ်ဖောင်ဒေးရှင်းကို သာသနာတော်နှစ် ၂၅၅၅-ခု၊ ကောဇာသက္ကရာဇ် ၁၃၇၃-ခုနှစ်၊ တပေါင်းလပြည့်ကျော် (၇)ရက်၊ ခရစ်နှစ် ၂၀၁၂-ခုနှစ်၊ မတ်လ(၁၄)ရက်နေ့မှာ စတင်တည်ထောင် ဖွဲ့စည်းခဲ့ပါတယ်။


၁။ ဓမ္မစကူလ်း ဖောင်ဒေးရှင်း၏ မူဝါဒ

(က) ဗုဒ္ဓမြတ်စွာ၏ အဆုံးအမ တရားတော်များနှင့်အညီ သင်ကြားပို့ချရေး။

(ခ) မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာများကို တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်ရေး။

(ဂ) အခြားသော ပုဂ္ဂိုလ်ကိုဖြစ်စေ၊ ဘာသာကိုဖြစ်စေ၊ အဖွဲ့အစည်းကို ဖြစ်စေ မထိခိုက်ရေး။

(ဃ) ပါတီနိုင်ငံရေး ကင်းရှင်းစွာ လုပ်ကိုင်ဆောင်ရွက်ရေး။


၂။ ဓမ္မစကူးလ်ဖောင်ဒေးရှင်း၏ ရည်မှန်းချက်

ဗုဒ္ဓသာသနာတော်နှင့် နိုင်ငံတော်အတွက် သားကောင်းရတနာ သမီးကောင်းရတနာများ ပေါ်ထွန်းလာပြီး ငြိမ်းချမ်း သာယာသောလူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်လာရန်။


၃။ ဓမ္မစကူးလ်ဖောင်ဒေးရှင်း၏ ရည်ရွယ်ချက်

(က) ခေတ်မီသင်ကြားရေး နည်းစနစ်များ ပါဝင်သည့်အတန်းစဉ်အလိုက် ပြဋ္ဌာန်း ထားသော သင်ရိုးညွှန်းတမ်းများဖြင့် သင်ကြားပေးမည့် ဓမ္မစကူးလ်ကျောင်းများ မြန်မာနိုင်ငံအနှံ့ ပေါ်ပေါက်လာပြီး

မျိုးဆက် သစ်လူငယ်များ ဗုဒ္ဓတရားတော်များကို အခြေခံမှစ၍ လေ့လာသင်ကြားနိုင်ရန်။

(ခ) မိရိုးဖလာ ဗုဒ္ဓဘာသာဝင်မှ ဗုဒ္ဓတရားတော်များကို လက်တွေ့ဘဝတွင် အသုံးချနိုင်သော အဆင့်မြင့် ဗုဒ္ဓဘာသာဝင်များဖြစ်လာရန်။

(ဂ) ဆရာနှင့် ဒကာ ညီညာစွာ လက်တွဲ၍ သာသနာပြုလုပ်ငန်းများ လုပ်ဆောင်သွားနိုင်ရန်။


၄။ ဓမ္မစကူးလ်ဖောင်ဒေးရှင်း၏ အဓိကလုပ်ငန်းစဉ်များ

(က) ဗုဒ္ဓဘာသာ သင်ရိုးညွန်းတမ်းများကို ကလေးဗဟိုပြုချဉ်းကပ်နည်းဖြင့် ရေးဆွဲခြင်း။

(ခ) ဗုဒ္ဓဘာသာ သင်ရိုးညွန်းတမ်းများကို ထိရောက်စွာအကောင်အထည်ဖော် သင်ကြားပေးနိုင်ရေး အတွက်ဆရာဖြစ်သင်တန်းများ ပို့ချခြင်း။

(ဂ) ဓမ္မစကူးလ်ကျောင်းများ တည်ထောင် ဖွင့်လှစ်နိုင်ရန်ပံ့ပိုးကူညီပေးခြင်း။

(ဃ) ဓမ္မစကူးလ်ကျောင်းများ အရည်အသွေးပြည့်မီ၍ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် ကွင်းဆင်း လေ့လာခြင်းနှင့်လိုအပ်သည်များကို ပံ့ပိုးကူညီပေးခြင်း။

(င) ဓမ္မစကူးလ်ဖောင်ဒေးရှင်း၏ မူဝါဒနှင့်အညီ အခြားသောအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလာသော နည်းပညာများ အချင်းချင်း အပြန်အလှန် နှီးနှောဖလှယ်ခြင်း။