ပတ္တသညီဘုဉ္ဇနသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ

ပတ္တသညီဘုဉ္ဇနသိက္ခာပုဒ် (သက္ကစ္စဝဂ်)

ဆွမ်းစားခွက်၌ သတိမထားခြင်း[ပြင်ဆင်ရန်]

ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းစားသောအခါ ဆွမ်းထည့် စားရာခွက်၌ စိတ်မစိုက်ဘဲ တောင်ကြည့် မြောက်ကြည့် ကြည့်၍ စားကြကုန်၏၊ [ရှေးက ဆွမ်းဟင်းပွဲနှင့် စားကြသည်မဟုတ်၊ စားလိုရာဟင်းကို သပိတ်၌သာ ထည့်၍ စားကြကုန်၏၊ တောင်ကြည့် မြောက်ကြည့် ကြည့်၍ ငေးချင်ရာငေး တွေးချင်ရာတွေး၍ စားနေကြသောကြောင့်] သပိတ်ထဲ၌ ဆွမ်း-ဟင်းများကို နောက်ထပ် ထည့်သည်ကိုလည်း မသိလိုက်ကြ၊ ထည့်ပြီး၍ လွန်သွားသည်ကိုလည်း မသိလိုက်ကြသဖြင့် လူတို့ကဲ့ရဲ့ကြသောကြောင့်—[၁]

“ပတ္တသညီ ပိဏ္ဍပါတံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

မြန်မာပြန်[ပြင်ဆင်ရန်]

“သပိတ်၌ (ဆွမ်းစား ခွက်၌) အမှတ်သညာထား၍ ဆွမ်းစားမည်”ဟု အလေ့အကျင့်ကို ပြုရမည်၊ [ဤ၌ “ပတ္တ”ဟူသည် သပိတ်သာမက, ဆွမ်းထည့်၍ စားရာ ခွက်အားလုံးကိုပင် ယူရမည်၊ တချို့ကား “ပတ္တ” ဟူသော ပါဠိ၌ “သပိတ်”ဟုသာ အနက်ထင်၍ “ဇလုံပုဂံ”တို့၌ ထည့်၍ စားသော်လည်း “သပိတ်အမှတ်ဖြင့် စားရမည်”ဟု မဆီမဆိုင် အဓိပ္ပါယ် ပြောကြလေသည်။]

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး