နစ္စဂီတသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ
(ဒဿမသိက္ခာပုဒ်၊ လသုဏဝဂ် မှ ပြန်ညွှန်းထားသည်)

ဘိက္ခုနီအများသည် တောင်တော်ပွဲ ကျင်းပသောအခါ ပွဲကြည့်သွားကြသည်ကို လူတို့ ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။ [၁]

သိက္ခာပုဒ်[ပြင်ဆင်ရန်]

ယာ ပန ဘိက္ခုနီ နစ္စံ ဝါ ဂီတံ ဝါ ဝါဒိတံ ဝါ ဒဿနာယ ဂစ္ဆေယျ, ပါစိတ္တိယံ။

မြန်မာပြန်[ပြင်ဆင်ရန်]

ကခြင်း, သီဆိုခြင်း, တီးမှုတ်ခြင်းကို ကြည့်ရှု နားထောင် ဖို့ရန်သွားသော ဘိက္ခုနီမှာ ပါစိတ် အာပတ်သင့်၏။

မှတ်ချက်[ပြင်ဆင်ရန်]

“ဘိက္ခုတို့မှာ ဒုက္ကဋ်အာပတ်သင့်၏။”ဟု ခုဒ္ဒကဝတ္ထုခန္ဓက၌ ပညတ်တော်မူ၏၊ ကမှု ဟူရာ၌ ဥဒေါင်းကခြင်း, မျောက်ကခြင်း, ကလေးသူငယ်ကခြင်းများလည်း ပါဝင်သည်၊ သီချင်းဟူရာ၌ တေးသံပေါက်အောင် ရွတ်အပ်သော တရားများလည်း ပါဝင်သည်၊ ထိုကမှုစသည်ကို ကိုယ်တိုင်လည်း မပြုကောင်း, ခိုင်းလည်းမခိုင်းကောင်း၊ ပွဲလမ်းသဘင်ဖြင့် စေတီတော်ကို ဘုန်းကြီးပျံကို ပူဇော်ပါရစေ လျှောက်စေကာမူ “အင်း-ကောင်းပြီ”ဟုမျှ ဝန်မခံရ၊ ဘိက္ခုနီမှာ ပါစိတ်, ဘိက္ခုမှာ ဒုက္ကဋ်၊ ကျောင်းတိုက်တွင်း၌ နေ၍ ကြည့်ရှု နားထောင်ရာ-ကိစ္စတစ်စုံတစ်ခုဖြင့် သွားစဉ် မျက်စေ့ရှေ့ ရောက်လာ၍ ကြည့်ရှုရာတို့၌ကား ဝိနည်းပြစ်မရှိ။ အဘိဓမ္မာပြစ်မှာ စိတ်သာ ပဓာနတည်း။ လသုဏဝဂ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး