ရှင်ဝရစက္က
ရှင်ဝရစက္က (၁၁၈၄ − ၁၂၄၇) သည် “ဒွါဒသမညောင်ကန်ဆရာတော်” အဖြစ် ထင်ရှားခဲ့သည့် ရဟန်းတစ်ပါး ဖြစ်သည်။[၁]
ဘဝ
[ပြင်ဆင်ရန်]ဆရာတော်ကို ၁၁၈၄ ခုနှစ်တွင် ဗဒုံမြို့၊ ညောင်ကန်ရွာတွင် ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ ဦးမှော်ဖြစ်သည်။
အရွယ်ရောက်သည့်အခါ “ရှင်ဝရစက္က” ဟူသည့် ဘွဲ့ဖြင့် ရဟန်းပြုခဲ့သည်။ ပြည်ဆရာတော် (နဝမညောင်ကန်ဆရာတော်) ထံတွင် ပညာများ သင်ယူခဲ့သည်။ ဆရာတော်သည် ဝိနည်းသိက္ခာကို အထူးဂရုပြုတော်မူ၏။ ထို့ကြောင့် ရွှေကျင်ဆရာတော်က ဆရာတော်အား ထရံကာတိုက်ကို အပ်နှင်းခဲ့သည်။ ဆရာတော်သည် ညောင်ကန်ရွာသို့ ပြန်၍ သီတင်းသုံးတော်မူလိုသော်လည်း မင်းတုန်းမင်းက မေတ္တာရပ်ခံကာ လျှောက်ထားသဖြင့် နေပြည်တော်တွင် ဆက်လက်ကာ သီတင်းသုံးခဲ့သည်။
ဆရာတော်သည် ၁၂၄၀ ပြည့်နှစ်တွင် မန္တလေးမြို့မြောက်ပြင်၌ ပင်တိုင်စံစလင်းထိပ်ခေါင်တင်က ဆောက်လုပ်လှူဒါန်းသည့် ကျောင်းတော်ကို အလှူခံတော်မူခဲ့သည်။ ထိုကျောင်းတော်ကို “မဟာတုလွတ်ဘုံသာဝေယန်” ဟု သမုတ်ခဲ့သည်။
မင်းတုန်းမင်းကြီးသည် ဆရာတော်အား “ဝရစက္ကပါလသီလာလင်္ကာရမဟာဓမ္မရာဇာဓိရာဇဂုရုတံဆိပ်တော်” ကို ကပ်လှူခဲ့သည်။[၁]
ပျံလွန်တော်မူခြင်း
[ပြင်ဆင်ရန်]ဆရာတော်သည် ၁၂၄၇ ခုနှစ်တွင် ပျံလွန်တော်မူခဲ့သည်။[၁]
ပြုစုခဲ့သည့် ကျမ်းများ
[ပြင်ဆင်ရန်]ဆရာတော်သည် ခန္ဓဒေါသဒီပနီကို ပြုစုရေးသားတော်မူခဲ့သည်။[၁]