မာတိကာသို့ ခုန်သွားရန်

ဒြာဝိဒိယန်လူမျိုး

ဝီကီပီးဒီးယား မှ
ဒြာဝိဒိယန်လူမျိုး
ဒြာဝိဒိယန်မျိုးနွယ်စုများ အဓိကပျံ့နှံ့နေထိုင်ရာ ဒေသများ
လူဦးရေ စုစုပေါင်း
၂၄၀ သန်း ကျော်[]
အများစု နေထိုင်သည့် နေရာ
အိန္ဒိယတောင်ပိုင်းသီရိလင်္ကာပါကစ္စတန် (Brahui)
ဘာသာစကား
ဒြာဝိဒိယန် ဘာသာစကားများ (တမီးလ်တယ်လဂူ၊ ကန်နာဒါ၊ မလေးယာလမ်)
ကိုးကွယ်မှု
အများအားဖြင့် ဟိန္ဒူဘာသာအစ္စလာမ်ဘာသာခရစ်ယာန်ဘာသာ
ဆက်စပ် တိုင်းရင်းသား အုပ်စုများ
အိန္ဒုမြစ်ဝှမ်းယဉ်ကျေးမှု (ယူဆချက်)

ဒြာဝိဒိယန် သို့မဟုတ် ဒြာဗီဒီယန် လူမျိုးဆိုသည်မှာ ဒြာဝိဒိယန်နွယ်ဝင်ဘာသာစကားများဖြစ်သော အာရှတိုက်တောင်ပိုင်း၏ ဒေသိယ ဘာသာစကားများကို ပြောဆိုသုံးစွဲကြသော ဒေသခံ မျိုးနွယ်စုဝင်များပင်ဖြစ်သည်။ ကမ္ဘာတစ်ဝန်းတွင် ဒြာဝိဒိယန်နွယ်ဝင်ဘာသာစကား ပြောဆိုသူ ၂၅၀ သန်းခန့် ရှိသည်။[] ၎င်းတို့အနက် လူဦးရေ သန်း ၉၀ ခန့် ပြောဆိုကြသော တမီလ် နှင့် တယ်လဂူ ဘာသာစကားများသည် အကြီးဆုံး ဖြစ်သည်။ ကျန်အဓိက ဘာသာစကားများမှာ ကန်နာဒါ (၄၄ သန်း) နှင့် မလေးယာလမ် (၄၀ သန်း) တို့ ဖြစ်ကြသည်။

မူလဇစ်မြစ်နှင့် သမိုင်းကြောင်း

[ပြင်ဆင်ရန်]

ဒြာဝိဒိယန်တို့၏ မူလဇစ်မြစ်နှင့် ပတ်သက်၍ သမိုင်းပညာရှင်များအကြား ငြင်းခုံမှုများ ရှိနေဆဲ ဖြစ်သည်။ ၎င်းတို့ကို အိန္ဒိယတိုက်ငယ်၏ မူလဌာနေတိုင်းရင်းသားများဟု မှတ်ယူကြသော်လည်း၊ ဘီစီ ၂၀၀၀ ခန့်က ပျက်သုဉ်းသွားခဲ့သည့် အိန္ဒုမြစ်ဝှမ်းယဉ်ကျေးမှု (Indus Valley Civilization) နှင့် ဆက်နွယ်မှုရှိသည်ဟု ယူဆချက်များစွာ ရှိသည်။[] အင်ဒို-အာရိယန်လူမျိုးများ ဝင်ရောက်လာပြီးနောက် ဒြာဝိဒိယန်တို့သည် တောင်ဘက်သို့ တဖြည်းဖြည်း ရွှေ့ပြောင်းအခြေချခဲ့ကြသည်ဟု ယူဆကြသည်။

ယဉ်ကျေးမှုနှင့် အနုပညာ

[ပြင်ဆင်ရန်]

ဒြာဝိဒိယန်တို့သည် ကိုယ်ပိုင်ထူးခြားသော ဗိသုကာလက်ရာများ ရှိပြီး ၎င်းတို့ကို တောင်အိန္ဒိယရှိ ဘုရားကျောင်းများတွင် ထင်ရှားစွာ တွေ့မြင်နိုင်သည်။

  • ဗိသုကာလက်ရာ: "ဂိုပူရမ်" (Gopuram) ဟုခေါ်သော အဆင့်ဆင့်မြင့်တက်သွားသည့် ဘုရားကျောင်းဝင်ပေါက် မျှော်စင်ကြီးများသည် ဒြာဝိဒိယန် ဗိသုကာပညာ၏ အမှတ်အသား ဖြစ်သည်။
  • အကြီးဆုံးဘုရားကျောင်း: တမီးလ်နာဒူပြည်နယ်ရှိ "သီရိ ရန်ဂါနာသာဆွာမီ" (Sri Ranganathaswamy) ဘုရားကျောင်းသည် ဧရိယာ ၁၅၆ ဧက ကျယ်ဝန်းပြီး ကမ္ဘာ့အကြီးဆုံး ဟိန္ဒူဘုရားကျောင်းများထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။[]

မျိုးရိုးဗီဇနှင့် လူမျိုးစုပျံ့နှံ့မှု

[ပြင်ဆင်ရန်]

မျိုးရိုးဗီဇ (DNA) လေ့လာချက်များအရ ခေတ်သစ် ဒြာဝိဒိယန်များသည် ရှေးခေတ် အိန္ဒုမြစ်ဝှမ်းရှိ လူများနှင့် အိန္ဒိယတောင်ပိုင်းမှ မူလမုဆိုးစုဆောင်းသူများ ရောနှောရာမှ ဆင်းသက်လာခြင်း ဖြစ်သည်။[] လက်ရှိတွင် အိန္ဒိယတောင်ပိုင်းပြည်နယ်များအပြင် သီရိလင်္ကာ၊ ပါကစ္စတန်၊ မလေးရှား နှင့် စင်ကာပူနိုင်ငံတို့တွင်လည်း ပျံ့နှံ့နေထိုင်ကြသည်။

ဒဏ္ဍာရီ

[ပြင်ဆင်ရန်]

မြန်မာစာရေးဆရာကြီး ချစ်ဦးညို၏ လက်ရာမွန်တစ်ခုဖြစ်သော လင်္ကာဒီပချစ်သူ လုံးချင်းဝတ္တုတွင် ဂန္ထဝင် ရာမယဏဇာတ်တော်လာ ဇာတ်ကောင်ဖြစ်သော ဒဿဂီရိဘီလူးမင်းအား ဒြာဝိဒိယန်မျိုးနွယ်စု ဘုရင်တစ်ပါးအနေဖြင့် သရုပ်ဖော်ထားသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. Encyclopaedia Britannica, "Dravidian peoples", Britannica.com
  2. The Dravidian languages။ 2019။ p. 1။
  3. Samuel, Geoffrey (2008). The Origins of Yoga and Tantra. Cambridge University Press.
  4. Tiruvarangam Divya Desam, indiantemples.com
  5. Narasimhan et al. (2019). "The formation of human populations in South and Central Asia". Science.
  6. ချစ်ဦးညို (၂၀၂၄)။ လင်္ကာဒီပချစ်သူ (pdf) (၁၉ ကြိမ် ed.)။ လင်္ကာဒီပစာပေ။