ဒျူမီတာအမျိုးသားဥယျာဉ်
ပုံပန်းသွင်ပြင်
| ဒျူမီတာအမျိုးသားဥယျာဉ်* | |
|---|---|
| UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ | |
| တည်ရှိသည့် နိုင်ငံ | |
| အမျိုးအစား | သဘာဝ |
| ရွေးချယ်သည့်စံနှုန်း | vii, viii, x |
| ကိုးကား | ၁၀၀ |
| ဒေသ** | ဥရောပနှင့် မြောက်အမေရိက |
| သတ်မှတ်ခြင်း မှတ်တမ်း | |
| စတင်သတ်မှတ်ခြင်း | ၁၉၈၀ (စတုတ္ထအကြိမ်) |
| * ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည် ** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ | |
ဒျူမီတာသည် မွန်တီနီဂရိုးနိုင်ငံ အနောက်မြောက်ပိုင်းရှိ တောင်တန်း တစ်ခု ဖြစ်ပြီး ၎င်း၏ အမည်ဖြင့် အမျိုးသားဥယျာဉ် ကို အမည်ပေးထားသည်။ အမြင့်ဆုံးတောင်ထိပ်ဖြစ်သော ဘာဘိုတော့ဗ် ကု သည် ၂,၅၂၃ မီတာမျှ မြင့်သည်။
မြောက်ဘက်တွင် တာရာမြစ်၏ ချောက်ကမ်းပါး တွင် လည်းကောင်း၊ အနောက်ဘက်တွင် ပီဗာမြစ်၏ ချောက်ကမ်းပါးတွင်လည်းကောင်း၊ တောင်ဘက်တွင် ကိုမာနီကာမြစ်၏ ချောက်ကမ်းပါးတွင် လည်းကောင်း နယ်နိမိတ် အဆုံးသတ်သည်။ အရှေ့ဘက်တွင် ၄,၉၂၁ ပေ (၁, ၅၀၀ မီတာ) မျှ မြင့်သော ဂျာဇီစကာ ပိုဗာ (ကန်များ၏ ကုန်းပြင်မြင့်) ဟု အမည်ရသော ကုန်းမြေမြင့် တစ်ခု နှင့် ဆက်စပ်သွားသည်။ ဆင်ဂျာဗီးနားတောင် သည် ဂျာဇီစကာ ပိုဗာ ကုန်းပြင်မြင့်၏ အရှေ့ဘက်တွင် ရှိသည်။
ဒျူမီတာတောင်တန်းသည် အများအားဖြင့် ဇာဗလာဂျက် စည်ပင်သာယာနယ်နိမိတ် အတွင်းတွင် တည်ရှိသည်။