မာတိကာသို့ ခုန်သွားရန်

ဒေါင်း (သရုပ်ဆောင်)

ဝီကီပီးဒီးယား မှ

ဒေါင်း
ဇာတိ အမည်ဒေါင်း
မွေးဖွားသူရအောင်
(1990-03-30) ၃၀ မတ်၊ ၁၉၉၀ (အသက် ၃၆)[]
ပဲခူးတိုင်းဒေသကြီးမင်းလှမြို့
အလုပ်အကိုင်သရုပ်ဆောင် ၊မော်ဒယ်
တက်ကြွလှုပ်ရှားနှစ်များ၂၀၁၅–လက်ရှိ
ရရှိသည့်ဆုများ၂၀၁၈ ခုနှစ်အကောင်းဆုံး ဇာတ်ဆောင်ဆု (ပုဂံမြို့သူ ဇာတ်လမ်းတွဲ)

ဒေါင်း (၁၉၉၀ မတ်လ ၃၀ ) သည် မြန်မာနိုင်ငံသား ရုပ်ရှင်သရုပ်ဆောင် တစ်ဦးဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် ရုံတင်ပြသခဲ့သည့် လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားဖြင့် မြန်မာပရိသတ်အကြား ကျော်ကြားလာခဲ့သည်။[]

ငယ်ဘဝနှင့် ပညာရေး

[ပြင်ဆင်ရန်]

ဒေါင်းကို ၁၉၉၀ ပြည့်နှစ်၊ မတ်လ ၃၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးသာယာဝတီခရိုင်မင်းလှမြို့နယ်၌ မွေးဖွားခဲ့သည်။ မွေးချင်း ၅ ယောက်အနက် စတုတ္ထမြောက်သားဖြစ်သည်။ ဒုတိယတန်းတွင် မန္တလေးမြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။[]

ငယ်စဉ်ကတည်းက အနုပညာစိတ်ဝင်စားမှုရှိခဲ့ပြီး ပဉ္စမတန်းကျောင်းသားဘဝကပင် ဂစ်တာဖြင့် မြန်မာသီချင်းများကိုကိုယ်တိုင်လေ့လာတီးခတ်ခဲ့သည်။ နောက်ပိုင်းတွင် တူရိယာမျိုးစုံကိုပါ တီးခတ်တတ်လာခဲ့သည်။[] ဆယ်တန်းရောက်သော် ရန်ကုန်မြို့သို့ ပြောင်းရွှေ့လာကာ အဆိုတော်တစ်ဦးအဖြစ် ဂီတလောကတွင် အသက်မွေးဝမ်းကျောင်းပြုရန် ရည်ရွယ်ခဲ့သည်။[]

အနုပညာလောကသို့ ဝင်ရောက်ခြင်း

[ပြင်ဆင်ရန်]



နိုင်ငံရေး လှုပ်ရှားမှုများ

[ပြင်ဆင်ရန်]

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လှုပ်ရှားမှုများတွင် ဆန္ဒပြပွဲများ နှင့် လူမှုကွန်ရက်မှတစ်ဆင့်ပြုလုပ်ခဲ့သည်။၂၀၂၁ ခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြောဆိုသူများအားနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဝရမ်းထုတ်ခဲ့သည်။ အခြားသော အနုပညာရှင်များနှင့်အတူ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH) ကို ထောက်ခံခြင်း၊ CDMသပိတ်တွင် ပါဝင်ရန် တိုက်တွန်းခြင်း၊ နိုင်ငံတော်၏ အုပ်ချုပ်မှုကို ထိခိုက်စေခြင်းနှင့် ပြည်သူများအား နှိုးဆော်ကာ နိုင်ငံတော်၏ ငြိမ်းချမ်းတည်ငြိမ်မှုကို ဖျက်ဆီးခြင်းဟူသော စွဲချက်များဖြင့် အမှုဖွင့်ခံခဲ့ရသည်။[][][]

ရုပ်ရှင်ဇာတ်ကား

[ပြင်ဆင်ရန်]

ဗီဒီယိုဇာတ်ကား

[ပြင်ဆင်ရန်]
  • ဒုတိယနှလုံးသား (၂၀၁၆)
  • အဖေ့ကျောင်း (၂၀၁၆)
  • ထီးကလေးပုံပြင် (၂၀၁၇)

ရုပ်သံဇာတ်လမ်းတွဲ

[ပြင်ဆင်ရန်]

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  1. "၂၀၁၉ ခုနှစ်မှာ လင်းလတ်တောက်ပလာမည့် အနုပညာကြယ်တစ်ပွင့် (သို့မဟုတ်)သရုပ်ဆောင် "ဒေါင်း ""၊ ဇီးကွက်
  2. "စိန်ခေါ်မှုတွေကြားက ထိုးထွက်ခဲ့တဲ့ ဒေါင်း" (in my)၊ Kamayut Media၊ 20 December 2018။
  3. Zay Thu။ "ဒေါင်းရဲ့ သရုပ်ဆောင်ဘဝအစ"၊ 7 Day Daily၊ 2017-09-04။[လင့်ခ်သေ]
  4. 1 2 Foot၊ Sam (2020-02-09)။ Daung: A cinematic artist (in en-US)။ 22 July 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-05-29 တွင် ပြန်စစ်ပြီး။
  5. "Warrants issued for artists, entertainers that called for CDM participation"၊ Eleven၊ 3 April 2021။
  6. "စစ်ကောင်စီကိုဆန့်ကျင်တဲ့ အနုပညာရှင်တွေကို ဆက်တိုက်အမှုဖွင့်နေ" (in my)၊ Radio Free Asia၊ 3 April 2021။
  7. "CDM လှုပ်ရှားသူ အနုပညာရှင်တွေကို အာဏာပိုင်တွေ အရေးယူဖို့ကြေညာ" (in my)၊ VOA၊ 4 August 2021။
  8. ဘန်ကောက်တူမန္တလေး ဒါရိုက်တာ ရိုက်ကူးမဲ့ဇာတ်ကားအတွက် သရုပ်ဆောင်သစ်ခေါ်ယူမယ် (in en)။ 6 September 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2019-03-12 တွင် ပြန်စစ်ပြီး။
  9. အနုပညာကို အကောင်းဆုံးဖြစ်အောင် ချပြဖို့အတွက်ဆိုရင် အချိန်ကတော့ နည်းနည်းတော့ ကြာမှာပါဆိုတဲ့ သရုပ်ဆောင် ဒေါင်း (in my)။ 2019-03-29 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2019-03-12 တွင် ပြန်စစ်ပြီး။
  10. ""ကျနော် Gay တယောက် မဟုတ်ဘူး"လို့ ပြောလိုက်တဲ့ သရုပ်ဆောင် ဒေါင်း"၊ The Irrawaddy၊ 16 August 2018။
  11. ဇွဲဉာဏ်။ "ဇာတ်လမ်းတွဲအတွက် ပြင်ဆင်ချင်လို့ ဇာတ်ကားကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တဲ့ ဒေါင်း"၊ 7 Day Daily၊ November 3, 2017။
  12. ဒေါင်းနှင့် ပိုင်ဖြိုးသု ပါဝင်သည့် အချစ်ဖြင့်လွမ်းစေ ရုပ်ရှင်ဇာတ်ဝင်တေး(ရုပ်သံ) 26 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2019-03-12 တွင် ပြန်စစ်ပြီး။