တင်ဝင်း

ဝီကီပီးဒီးယား မှ
(ဒေါက်တာတင်ဝင်း မှ ပြန်ညွှန်းထားသည်)
ဒေါက်တာတင်ဝင်း
မွေးဖွား(၁၉၆၁-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၈"။-၁၆)ဩဂုတ် ၁၆၊ ၁၉၆၁
မြစ်ကြီးနား၊ ကချင်ပြည်နယ်
ကွယ်လွန်မေ ၃၁၊ ၂၀၂၃(၂၀၂၃-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၅"။-၃၁) (အသက် ၆၁)
ရန်ကုန်မြို့
နိုင်ငံလူမျိုးဗမာ-ကချင်-ရှမ်း
ကျော်ကြားမှုအရင်းခံပထမပုဂ္ဂလိကဘဏ်လီမိတက် ဥက္ကဋ္ဌ (ဖေဖော်ဝါရီ၂၀၂၂-ဒီဇင်ဘာ၂၀၂၂)

ဒေါက်တာတင်ဝင်း (၁၉၆၁-၂၀၂၃) သည် မြန်မာနိုင်ငံတွင် အစောဆုံးတည်ထောင်ခဲ့သော ပုဂ္ဂလိကဘဏ်များထဲတစ်ခုအပါအဝင်ဖြစ်သည့် ပထမပုဂ္ဂလိကဘဏ်လီမိတက် ၏ ဥက္ကဋ္ဌ[၁] ( ဖေဖော်ဝါရီ၂၀၂၂-ဒီဇင်ဘာ ၂၀၂၂) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်အဖြစ်မှ အငြိမ်းစားယူပြီး[၂] ပုဂ္ဂလိကဘဏ်တစ်ခု၏ ဥက္ကဋ္ဌဖြစ်လာသူလည်းဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

ဒေါက်တာတင်ဝင်းကို ဖခင် ဦးမောင်သီ၊မိခင် ဒေါ်တင်ရွှေတို့က ၁၉၆၁ ခုနှစ် ဩဂုတ် ၁၆ရက်တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် မွေးဖွားခဲ့ပြီး ဗမာ-ကချင်-ရှမ်း ဗုဒ္ဓဘာသာဝင်ဖြစ်သည်။ မွေးချင်း ၅ယောက်တွင် စတုတ္ထမြောက်သားဖြစ်သည်။၁၉၈၀ခုနှစ်တွင် ဟိုပင်(အ-ထ-က)မှ ဆယ်တန်းအောင်မြင်ခဲ့ပြီး မြစ်ကြီးနားဒေသကောလိပ်သို့တက်ရောက်ခဲ့သည်။ရန်ကုန်စီးပွားရေးတက္ကသိုလ် မှ ၁၉၈၄ခုနှစ်တွင် ဝါဏိဇ္ဇဗေဒဘွဲ့ B.Com ကိုလည်းကောင်း၊၁၉၈၅ခုနှစ်တွင် ဝါဏိဇ္ဇဗေဒ(ဂုဏ်ထူးဘွဲ့) B.Com (Hons)ကိုလည်းကောင်း၊၁၉၉၂ခုနှစ်တွင် မဟာဝါဏိဇ္ဇဗေဒဘွဲ့ M.Com ကိုလည်းကောင်း ရရှိခဲ့သည်။ယင်းနောက် Keio University Japan မှနေ၍ စီမံခန့်ခွဲမှုပညာပါရဂူဘွဲ့ ရရှိခဲ့သည်။

တာဝန်ထမ်းဆောင်မှုများ[ပြင်ဆင်ရန်]

ရန်ကုန်စီးပွားရေးတက္ကသိုလ်မိထ္ထီလာစီးပွားရေးတက္ကသိုလ်မုံရွာစီးပွားရေးတက္ကသိုလ်တို့တွင် တာဝန်အဆင့်ဆင့်ထမ်းဆောင်ပြီးနောက် ဒေါက်တာတင်ဝင်းသည် ၂၀၁၄ မှ ၂၀၁၈ ခုနှစ်အထိ မိတ္ထီလာစီးပွားရေးတက္ကသိုလ်တွင် ပါမောက္ခချုပ်၊ ၂၀၁၈ မှ ၂၀၂၁ ခုနှစ်အထိ ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် တာဝန်ထမ်းဆောင်ခဲ့သည်။

ပထမပုဂ္ဂလိကဘဏ်ဥက္ကဋ္ဌဖြစ်လာခြင်း[ပြင်ဆင်ရန်]

၎င်းသည် ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်အဖြစ်မှ အငြိမ်းစားယူပြီးနောက် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလထဲ ကျင်းပသည့် ပထမပုဂ္ဂလိကဘဏ်လီမိတက်၏ (၁၀) ကြိမ်မြောက် အထူးအစည်းအဝေးနှင့် အကြိမ် (၃၀) မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးတဆင့်ယင်းဘဏ်၏ ဒုတိယမြောက် ဥက္ကဋ္ဌအဖြစ်ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည်။၂၀၂၂ ဒီဇင်ဘာ ၁၈ရက် တွင် ပြုလုပ်သည့် (၁၁)ကြိမ်မြောက် အထူးအစည်းအဝေးနှင့်(၃၁)ကြိမ်မြောက် နှစ်ပါတ်လည် အထွေထွေအစည်းအဝေး တွင် ဘဏ်ဥက္ကဋ္ဌ အဖြစ်မှ နှုတ်ထွက်ခဲ့သည်။

ပုဂ္ဂိုလ်ရေးဘဝ[ပြင်ဆင်ရန်]

၎င်းသည် အိမ်ထောင်သည်တစ်ဦးဖြစ်ကာ သားတစ်ဦး ထွန်းကားခဲ့သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

ဒေါက်တာတင်ဝင်း သည် ၂၀၂၃ မေလ၃၁ရက် မနက် ၄နာရီ ၁၉မိနစ်တွင် ၉၆ပါး ဝေဒနာဖြင့် ကွယ်လွန်ခဲ့သည်။ [၃]


ကိုးကား[ပြင်ဆင်ရန်]

  1. https://www.firstprivatebank.com.mm/about.html/pages.php?pagename=ပထမ ပုဂ္ဂလိကဘဏ်
  2. YANGON UNIVERSITY OF ECONOMICS IN BRIEF
  3. စီးပွားရေးပညာရှင်ဒေါက်တာတင်ဝင်း ကွယ်လွန်New Day Myanmar (၃၁ မေ ၂၀၂၃)။ 31 May 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃၁ မေ ၂၀၂၃ တွင် ပြန်စစ်ပြီး။