ဒေါက်တာညိုညို(ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်)

ဝီကီပီးဒီးယား မှ

ဒေါက်တာညိုညိုအား ၁၉၅၂-ခု၊ ဇူလိုင်လတွင် အဘ ဦးဘကြွယ်၊ အမိ ဒေါ်အေးငြိမ်းတို့မှ မန္တလေးမြို့တွင် မွေးဖွားခဲ့သည်။ စိုက်ပျိုးရေးသိပ္ပံဘွဲ့ (B.Ag) ကို ၁၉၇၅-ခုနှစ် တွင် စိုက်ပျိုးရေးတက္ကသိုလ် (မန္တလေးမြို့)မှ၎င်း၊ စိုက်ပျိုးရေးမဟာသိပ္ပံဘွဲ့ (M.Agr.Sc)နှင့် စိုက်ပျိုးရေးပါရဂူဘွဲ့(Ph.D-Crop Science) တို့ကို ၁၉၉၅-ခုနှစ်နှင့် ၂၀၀၇-ခုနှစ်တို့တွင်၎င်း ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ အသီးသီးရရှိခဲ့သည်။

၂၀၀၇-ခုနှစ်မှ စတင်၍ ယခုအချိန်ထိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ ဥယျာဉ်ခြံသီးနှံပညာဌာနတွင် ပါမောက္ခ၊ ဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး ဘွဲ့ကြိုနှင့် ဘွဲ့လွန်ကျောင်းသား၊ ကျောင်းသူများကို ပြုစုပျိုးထောင်ပေးခဲ့သည်။

နိုင်ငံတော်မှ ပေးအပ်သည့် နိုင်ငံတော်အေးချမ်းသာယာရေး တံဆိပ်(၁၉၈၉)၊ ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေ စိုးမိုးရေးတံဆိပ်(၁၉၉၅)၊ ပြည်သူ့ဝန်ထမ်းဆုတံဆိပ်(၁၉၉၅)များ၊ ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်(၂၀၀၃)နှင့် လယ်ယာစီးပွားထူးချွန် တတိယအဆင့် (၂၀၀၈) ဆုများကို ရရှိခဲ့သည်။

၂၀၁၂-ခုနှစ်တွင် အငြိမ်းစားယူခဲ့ပြီး ယခုအခါ နေပြည်တော် ပြည်ထောင်စုနယ်မြေပုဗ္ဗသီရိမြို့နယ်မင်္ဂလာဒီပရပ်ကွက် တွင် နေထိုင်လျက် ရှိသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ဒေါက်တာညိုညို(ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်)ရေး၊ အောင်မြင်သော နှင်းဆီစိုက်ပျိုးရေး စာအုပ်မှ၊ ၂၀၁၆၊ ဒီဇင်ဘာ (တတိယအကြိမ်)