မာတိကာသို့ ခုန်သွားရန်

ရှင်အရိန္ဒမ

ဝီကီပီးဒီးယား မှ
(ဒုတိယ မြောက်မြို့ဆရာတော် မှ ပြန်ညွှန်းထားသည်)

ရှင်အရိန္ဒမ (၁၁၄၂ - ၁၂၁+) သည် "မြောက်မြို့ဆရာတော်" ဟု ထင်ရှားခဲ့သည့် ဆရာတော်တစ်ပါး ဖြစ်သည်။[]

ဆရာတော်ကို သက္ကရာဇ် ၁၁၄၂ ခုနှစ်တွင် ပဉ္စာလ ၅ မြို့တွင် ပါဝင်သည့် ရွာသာမြို့၌ ဖွားမြင်ခဲ့သည်။ မိဘနှစ်ပါးမှာ မောင်မြတ်နှင့် ရှင်ညိုတို့ ဖြစ်သည်။ ဆရာတော်၏ ငယ်မည်မှာ မောင်ရွှေမင်း ဖြစ်သည်။

ရဟန်းပြုသည့်အခါ "ရှင်အရိန္ဒမ" ဘွဲ့ကို ခံယူခဲ့သည်။ ဆရာတော်သည် သာယာဝတီမင်းလက်ထက် ရွှေတိုက်ဝန်ဖြစ်သည့် မောင်ပါ ဆောက်လုပ်လှူဒါန်းခဲ့သည့် အမရပူရမြို့တော် အရှေ့မြောက်ထောင့်ရှိ အောင်မြေဘုံကျော်ကျောင်းတိုက်အရှေ့ရှိ ကျောင်းတွင် သီတင်းသုံးခဲ့သည်။

ဆရာတော်သည် အရိန္ဒမဂဏာဘိသီရိဓဇမဟာဓမ္မရာဇဂုရုတံဆိပ်တော် ရခဲ့သည်။[]

ပျံလွန်တော်မူခြင်း

[ပြင်ဆင်ရန်]

ဆရာတော်သည် ၁၂၁၄ ခုနှစ်တွင် ပျံလွန်တော်မူခဲ့သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 3 လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၇၂။