ဒုတိယမြောက် ဗေဟမ်
ဖရက်ဒရစ်ချ် ဗေဟမ် ဗက်တာ အဲလ်ဘတ် သည် ဂျာမန်အင်ပါယာနှင့် ပရပ်ရှားခေတ်၏ နောက်ဆုံးသော ဧကရာဇ်ဖြစ်သလို ဂျာမန်ကို နှစ် ၃၀၀ ကျော် အုပ်စိုးခဲ့သော ဟိုဟန်ဇိုလာန်းမင်းဆက်၏ နောက်ဆုံးနန်းဆက်လည်း ဖြစ်သည်။ ဗေဟမ်ကို အင်္ဂလိပ် အသံဖလှယ်ရာတွင် ဝီလီယျံ ဟု ဖလှယ်နိုင်သဖြင့် ဝီလီယံ ၂ ၊ ဒုတိယမြောက် ဝီလီယျံ ဟုလည်း ခေါ်ဆိုနိုင်သည်။ ၁၈၈၈ ခုနှစ်မှစတင်ကာ ဆန္ဒပြမှုများကြောင့် သူနန်းမစွန့်မှီ ၁၉၁၈ ခုနှစ်အထိ ဂျာမန်အင်ပါယာ၏ ဧကရာဇ်အဖြစ် နှစ် (၃၀) ကြာ အုပ်ချုပ်ခဲ့သည်။ ဗြိတိန်ဧကရီ ဝိတိုရိယ ဘုရင်မကြီး၏ မြေးတော် တော်စပ်သည်။
| ဒုတိယမြောက် ဗေဟမ် ဒုတိယမြောက် ဝီလီယျံ (အင်္ဂလိပ်) | |||||
|---|---|---|---|---|---|
၁၉၀၂ ခုနှစ်အတွင်းက ဒုတိယမြောက် ဗေဟမ် | |||||
| ဂျာမန်ဧကရာဇ် နှင့် ပရပ်ရှားပြည့်ရှင် | |||||
| နန်းသက် | ဇွန် ၁၅ ၁၈၈၈ – နိုဝင်ဘာ ၉ ၁၉၁၈ | ||||
| ရှေ့မင်းဆက် | တတိယမြောက် ဖရက်ဒရစ်ချ် | ||||
| နောက်မင်းဆက် | နန်းစွန့်
| ||||
| မွေးဖွား | ပရပ်ရှားမင်းသား ဖရက်ဒရစ်ချ် ဗေဟမ် ၂၇ ဇန်နဝါရီ၊ ၁၈၅၉ အိမ်ရှေ့စံနန်းတော် ၊ ဘာလင်မြို့ ၊ ပရပ်ရှား | ||||
| ကွယ်လွန် | ၄ ဇွန်၊ ၁၉၄၁ (အသက် ၈၂) ဒေါင်းမြို့ ၊ နယ်သာလန် | ||||
| ထာဝရ အိပ်စက်ရာ နေရာ | ဇွန်လ ၉ ရက် ၁၉၄၁ ဒေါင်းမြို့ | ||||
| |||||
| စံအိမ် | ဟိုဟန်ဇိုလာန်း | ||||
| ခမည်းတော် | ဂျာမန်ဧကရာဇ် တတိယမြောက် ဖရက်ဒရစ်ချ် | ||||
| မယ်တော် | တော်ဝင်မင်းသမီး ဗစ်တိုးရီးယား | ||||
| ကိုးကွယ်မှု | လူသာယမ် ခရစ်ယာန်(ပရပ်ရှား အသင်းတော်) | ||||
| လက်မှတ် | |||||
ငယ်ဘဝ
[ပြင်ဆင်ရန်]ဗေဟမ်ကို ဇန်နဝါရီ ၂၇ ရက်နေ့ ၁၈၅၉ ခုနှစ်တွင်မွေးဖွားခဲ့ပြီး မင်းသားကြီး ဖရက်ဒရစ်ချ် ဝီလီယံ နှင့် တော်ဝင်မင်းသမီး ဗစ်တိုးရီးယားတို့၏ သားတော်ဖြစ်သည်။ တော်ဝင်မင်းသမီး ဗစ်တိုးရီးယားသည် ဗြိတိန်ဘုရင်မကြီး ဝိတိုရိယ ခေါ် ဗစ်တိုးရီးယား ၏ သမီးအကြီးဆုံးဖြစ်သည်။ ဗေဟမ်သည် မွေးဖွားချိန်မှစတင်ကာ ဘယ်လက် မသန်ပဲ မွေးဖွားခဲ့သလို ထို ဘယ်လက်မသန်ခြင်းကပင် သူ၏ ဘဝနှင့် စိတ်နေစိတ်ထားကို လွှမ်းမိုးမှု ရှိခဲ့သည်။ ၁၈၈၈ ခုနှစ်တွင် ဖခမည်းတော်ဖြစ်သူ ဖရက်ဒရစ်ချ် ဝီလီယံ သည် ဂျာမန်ဧကရာဇ်ဖြစ်လာပြီး တတိယမြောက် ဖရက်ဒရစ်ချ် အမည်ကို ခံယူ နန်းသိမ်းသည်။ သို့သော် နန်းတက်ပြီး ၉၉ ရက်အကြာတွင် နတ်ရွာစံသွားသည်။ ထို့ကြောင့် ဗေဟမ်သည် ၂၉ နှစ်အရွယ်တွင် ဂျာမန်ဧကရာဇ်ဖြစ်လာသည်။
အကဲဆတ်သော မူဝါဒများချမှတ်ခြင်းနှင့် အင်အားတိုးချဲ့မှုများ
[ပြင်ဆင်ရန်]ကသောင်းကနင်း မူဝါဒများ
[ပြင်ဆင်ရန်]ဗေဟမ် နန်းတက်သည့်ကာလသည် ဂျာမန်အင်ပါယာ၏ မူဝါဒများကို သိသိသာသာ ပြောင်းလဲပစ်ခဲ့သည်။ ၁၈၉၀ ခုနှစ်တွင် ဂျာမနီကို စုစည်းခဲ့သော သက်တော်ရှည်အဓိပတိဖြစ်သည့် အော်တိုဗွန်ဘစ်မက် ကို အလုပ်ဖြုတ်လိုက်သည်။ ထို အလုပ်ဖြုတ်မှုသည် ဂျာမနီပြည်တွင်းတွင် ဟိုးလေးတကျော် ဖြစ်သွားခဲ့သည်။ ဗေဟမ်သည် နိုင်ငံ၏ အမျိုးသားမူဝါဒများချမှတ်ရာတွင် တိုက်ရိုက်ပါဝင်ချုပ်ကိုင်တော့သည်။ ပြည်ပဆက်ဆံရေးတွင် နိုင်ငံများကြား ကသောင်းကနင်းဖြစ်စေမည့် မူဝါဒသစ်များကို ချမှတ်သည်။
တပ်အင်အားတိုးချဲ့ခြင်း
[ပြင်ဆင်ရန်]တပ်အင်အားရှိမှ နိုင်ငံအင်အားရှိမည်ဟု ယုံကြည်သူဖြစ်သည့် အလျောက် လက်နက်ကိုင်တပ်များကိုအင်အားတိုးချဲ့သည်။ အထူးသဖြင့် ရေတပ်ကို ပိုမိုတိုးချဲ့ အင်အားတိုးခဲ့သည်။ ထိုသို့ ရေတပ်အင်အားတိုးချဲ့မှုသည် ထိုအချိန်က ပင်လယ်ပြင်ကို ချုပ်ကိုင်ထားသည့် ဗြိတိသျှတို့ကို စိန်ခေါ်သလိုဖြစ်နေသည်။ ထို့ကြောင့် ဥရောပ အင်အားကြီး အင်ပါယာများကြားတွင် တင်းမာမှုများ မြင့်တက်ခဲ့သည်။
ထို့ပြင် အင်ပါယာနယ်မြေချဲ့ထွင်မှုများ၏ တစိတ်တပိုင်းအဖြစ် အာဖရိက၊ အာရှ နှင့် ပစိဖိတ်ရပ်ဝန်းရှိ နယ်မြေများကို သိမ်းယူ ကိုလိုနီပြုခြင်းများပြုလုပ်ခဲ့သည်။
ထီးတည်းကြီး ဂျာမနီ
[ပြင်ဆင်ရန်]ဗေဟမ်သည် နိုင်ငံတကာခုံမြင့်ပေါ်တွင် အရေးပါအရာရောက်သော ထုတ်ပြန်ချက်များကို ထုတ်ပြန်ရာတွင် သူ၏ ဝန်ကြီးများနှင့် တိုင်ပင်ခြင်းမရှိသလို စိတ်ထဲရှိသည့်အတိုင်း ထုတ်ပြန်တတ်သည်။ ထိုသို့ထုတ်ပြန်တတ်ခြင်းကြောင့်လည်း အခြားနိုင်ငံများနှင့် မကြာမကြာဆိုသလို ထိပ်တိုက်တွေ့ခြင်းများ ဖြစ်ရသည်။ ထို့ကြောင့် အခြားနိုင်ငံများက ဂျာမနီအင်ပါယာရန်မှ ကာကွယ်ရန် မဟာမိတ်များဖွဲ့ကြသည်။ ဂျာမနီသည် အထီးကျန်သီးသန့် နိုင်ငံတော် ဖြစ်ခဲ့ရသည်။ ၁၉၁၄ ခုနှစ် ပထမကမ္ဘာစစ်ဖြစ်ရန် စိုင်းပြင်နေချိန်တွင် ဗေဟမ်၏ ဩစတြီးယား-ဟန်ဂေရီ အင်ပါယာအပေါ် ထောက်ခံမှုက ပထမကမ္ဘာစစ် အမှန်တကယ်ဖြစ်ပွားသည်ထိ သက်ရောက်ခဲ့သည်။
ပထမကမ္ဘာစစ်
[ပြင်ဆင်ရန်]ပထမကမ္ဘာစစ်အတွင်းတွင် ဗေဟမ်သည် ဂျာမန်အင်ပါယာ၏ ဥသျှောင်အဖြစ်ဖြင့် အင်ပါယာကို ဦးဆောင်ခဲ့သည်။ သို့သော် သူ၏ နိုင်ငံရေးလွှမ်းမိုးမှုသည် တပ်ခေါင်းဆောင်များဖြစ်သည့် ပေါဗွန်ဟိုက်ဒင်ဘက်၊ အီရစ် လူဒန်ဒေါ့ဖ် တို့နှင့်ယှဉ်လျှင် မဆိုသလောက်သာဖြစ်သည်။ ထို့ကြောင့် ဗိုလ်ချုပ်ကြီးများကသာ တပ်ရေးတပ်ရာ ဆုံးဖြတ်ချက်များ၊ မူဝါဒများချမှတ်ရာတွင် ရှေ့တန်းရောက်ခဲ့သည်။
နိုဝင်ဘာတော်လှန်ရေးနှင့် နန်းစွန့်ရခြင်း
[ပြင်ဆင်ရန်]ပထမကမ္ဘာစစ်တွင် ဂျာမန်အင်ပါယာ စစ်ရှုံးပြီးနောက် ပြည်တွင်းမငြိမ်သက်မှုများ နေရာအနှံ့အပြားပေါ်ပေါက်လာကာ အလုပ်သမားများနှင့် စစ်သားများ ပါဝင်သည့် နိုဝင်ဘာတော်လှန်ရေးကြီး ဖြစ်ပွားခဲ့သည်။ နိုဝင်ဘာ ၉ ရက်နေ့ ၁၉၁၈ ခုနှစ်တွင် ဂျာမနီအဓိပတိ မက်စ် ဗွန် ဗေဒန် က တော်လှန်ရေးပြေငြိမ်းစေရေးနှင့် ရှေ့လျှောက် ပေါ်ပေါက်လာနိုင်သည့် အဓိကရုဏ်းများကို ကာကွယ်နိုင်ရန် အလို့ငှာ ဂျာမန်ဧကရာဇ် ဗေဟမ် နန်းစွန့်ကြောင်း ကြေညာခဲ့ရသည်။ ဗေဟမ်သည်လည်း နယ်သာလန်နိုင်ငံသို့ ထွက်ပြေးခဲ့ရပြီး နိုဝင်ဘာ ၂၈ ရက်တွင်မှ တရားဝင်နန်းစွန့်ကြောင်း လက်မှန်ထိုးထုတ်ပြန်ကြေညာခဲ့ရသည်။ ထိုအချက်ကြောင့် ဂျာမန်အင်ပါယာခေတ်သည် အဆုံးသတ်သွားပြီး ဝိုင်မာ သမ္မတ နိုင်ငံတော် ခေတ်သို့ ရောက်ရှိလာခဲ့သည်။
ဘဝဇာတ်သိမ်း
[ပြင်ဆင်ရန်]ဗေဟမ်သည် သူ၏ ကျန်ရှိနေသည့် သက်တမ်းတစ်လျှောက်ကို နယ်သာလန်နိုင်ငံ ဒေါင်းမြို့တွင် ကုန်ဆုံးခဲ့ရပြီး ဇွန်လ ၄ ရက် ၁၉၄၁ ခုနှစ်၊ အသက် ၈၂ နှစ်အရွယ်တွင် နတ်ရွာစံကွယ်လွန်ခဲ့သည်။ သူ့ကို လူအများအပြားက ၂၀ ရာစုနှစ်အတွင်း မတည်မငြိမ်ဖြစ်စေမည့် မူဝါဒများကို အဓိကချမှတ်ခဲ့သူများထဲမှ တစ်ဦးအဖြစ် အမြင်ရှိကြသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ "Wilhelm II"။ Encyclopedia Britannica။ 16 August 2025 တွင် ပြန်စစ်ပြီး။
- ↑ Wilhelm II, German Emperor။ 16 August 2025 တွင် ပြန်စစ်ပြီး။
- ↑ Abdication of Wilhelm II။ 16 August 2025 တွင် ပြန်စစ်ပြီး။
- ↑ Germany's Last Kaiser: Wilhelm II။ 16 August 2025 တွင် ပြန်စစ်ပြီး။
- ↑ Harman၊ Chris (2010)။ The German Empire: Politics and History။ Oxford University Press။ ISBN 978-0199211601
|isbn=တန်ဖိုး checksum စစ်ဆေးရန် (အကူအညီ)။ - ↑ O D I N - Historical Contents။ 15 August 2025 တွင် ပြန်စစ်ပြီး။ “Udin is a hobbyist about historical contents and average level of translation English to Burmese.”