မာတိကာသို့ ခုန်သွားရန်

သိန်းဌေး (ဒုတိယဗိုလ်ချုပ်ကြီး)

ဝီကီပီးဒီးယား မှ
(ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး မှ ပြန်ညွှန်းထားသည်)
သိန်းဌေး
နယ်စပ်ရေးရာ ဝန်ကြီး
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၁ – ၁၃ ဖေဖော်ဝါရီ ၂၀၁၃
ဆက်ခံသူသက်နိုင်ဝင်း
မြန်မာ့စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာနဝန်ကြီး
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၁ – ၅ စက်တင်ဘာ ၂၀၁၂[]
ယခင်လူရာထူး စတင်
ဆက်ခံသူရာထူး ဖျက်သိမ်း
ဒုတိယ ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှု အရာရှိချုပ်
တာဝန်သက်တမ်း
? – ?
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1955-09-07) ၇ စက်တင်ဘာ၊ ၁၉၅၅ (အသက် ၆၉)
တောင်ကြီးမြို့ရှမ်းပြည်နယ်မြန်မာနိုင်ငံ
လူမျိုးမြန်မာ
နိုင်ငံရေးပါတီပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ကြင်ဖော်(များ)ဒေါ်မြင့်မြင့်ခိုင်
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြန်မာနိုင်ငံ
တပ်/တပ်ဖွဲ့ခွဲတပ်မတော်
ရာထူးဒုတိယ ဗိုလ်ချုပ်ကြီး

ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးသည် တပ်မတော် ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှု အရာရှိချုပ်ဖြစ်ပြီး ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းဆင်းတစ်ဦးဖြစ်သည်။ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း အမှတ်(၅၈) ဗိုလ်လောင်းသင်တန်းမှ အရာရှိဖြစ်လာသူ ဖြစ်သည်။ ဒုတိယကာကွယ်ရေးပစ္စည်းထုတ်လုပ်မှု အရာရှိချုပ်အဖြစ် ထမ်းဆောင်ခဲ့ပြီး ဦးသိန်းစိန်အစိုးရလက်ထက်တွင် မြန်မာ့စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန တို့တွင် ပြည်ထောင်စု ဝန်ကြီးအဖြစ် ထမ်းဆောင်ခဲ့သည်။ ယခုအခါ တပ်မတော် ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုအရာရှိချုပ် အဖြစ်ထမ်းဆောင်လျက်ရှိသည်။

ငယ်ဘဝနှင့်ပညာရေး

[ပြင်ဆင်ရန်]

၁၉၅၅ ခု၊ စက်တင်ဘာလ ၇ ရက်တွင် တောင်ကြီးမြို့၌ မွေးသည်။

ရန်ကုန်စက်မှုတက္ကသိုလ်မှ စက်မှုအင်ဂျင်နီယာဘာသာဖြင့် ဘွဲ့ရသည့်နောက် ဗိုလ်သင်တန်းကျောင်း အပတ်စဉ် (၅၈) သို့ တက်ရောက်သည်။[]

စစ်မှုထမ်းဘဝ

[ပြင်ဆင်ရန်]

၁၉၉၈ ခု၊ ဦးစီးအရာရှိ (ပ) ဒုတိယဗိုလ်မှူးကြီးဖြစ်သည်အထိ ရုံးလုပ်ငန်းနှင့် နည်းပညာကိုသာ အားပြုလေ့လာသည်။

၂၀၀၁-၂ ကာလ ထိုင်းနိုင်ငံနှင့် နယ်စပ်ပြဿနာဖြစ်နေချိန်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အဝေးပစ်လက်နက်များအကြောင်း တင်ပြခဲ့ရာ အထူးသဘောကျသဖြင့် ဗိုလ်မှူးချုပ်အဆင့်သို့ တိုးမြှင့်ခံရသည်။

၂၀၀၆ ခုတွင် ဗိုလ်ချုပ်အဆင့်နှင့် ဒုတိယတပ်မတော်ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုအရာရှိချုပ် (ဒုထုတ်ချုပ်) ဖြစ်လာသည်။

၂၀၀၈ ခုတွင် ဒုတိယဗိုလ်ချုပ်ကြီးရာထူးနှင့် ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့်အတူ မြောက်ကိုရီးယားသို့သွားကာ စစ်လက်နက်ထုတ်လုပ်ရေးအတွက် ဆွေးနွေးခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲတွင် တပ်မတော်ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုအရာရှိချုပ် (ထုတ်ချုပ်) ဗိုလ်ချုပ်ကြီး ကျော်စွာခိုင်က စက်မှု(၁)ဝန်ကြီးအဖြစ် အရွေးခံသည်နောက် ဒုတိယဗိုလ်ချုပ်ကြီးရာထူးနှင့် ထုတ်ချုပ် ဖြစ်လာသည်။

၂၀၁၁ ခုတွင် သမ္မတ ဦးသိန်းစိန်က နယ်စပ်ရေးရာဝန်ကြီးအဖြစ် ခန့်ထားသည်။ သို့သော် လုပ်လက်စ စစ်လက်နက်ပစ္စည်းစက်ရုံသစ်များအား စီမံရန်လိုအပ်သေးသောကြောင့် ၂၀၁၃ ခုတွင် မူလတာဝန်ကို ပြန်ထမ်းသည်။

မိသားစုဘဝ

[ပြင်ဆင်ရန်]

ဒေါ်မြင့်မြင့်ခိုင်နှင့် လက်ထပ်သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. ဝန်ကြီးဌာနဖျက်သိမ်းခြင်း (in Burmese)။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး (5 September 2012)။ 10 November 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 July 2015 တွင် ပြန်စစ်ပြီး။
  2. စက်မှု ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဘာတွေ လုပ်မှာလဲ