ရှင်သုဒဿန
ရှင်သုဒဿန (၁၁၇၇ - ၁၂၅၀) သည် မင်းတုန်းမင်းကြီးလက်ထက်အခါက ထင်ရှားခဲ့သည့် ကျမ်းပြုဆရာတော် ဖြစ်သည်။[၁]
ဘဝ
[ပြင်ဆင်ရန်]ဆရာတော်ကို ၁၁၇၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက်နေ့တွင် မြင်းခြံခရိုင်၊ နွားပြင်းရွာ၌[မှတ်စု ၁] ဖွားမြင်ခဲ့သည်။ မိဘနှစ်ပါးမှာ ပုခန်းကြီးမြို့ ဇာတိ ဖြစ်သည်။
ဆရာတော်သည် သဲအင်းဆရာတော်ထံ၌ ရဟန်းပြု၍ စာပေများ သင်ကြားခဲ့သည်။ မင်းတုန်းမင်းကြီး၏ မိဖုရား ငယ်စဉ်က ကိုးကွယ်ခြင်း ခံခဲ့ရသည်။ မင်းတုန်းမင်းကြီးသည် အင်းဝမြို့တော်ဟောင်းကို ပြောင်းရွှေ့ဆောက်လုပ်သည့် စံကျောင်းကို လှူဒါန်းခဲ့သည်။
ဆရာတော်သည် သာယာဝတီမင်းလက်ထက်တွင် “သုဒဿနဝရဓမ္မသာမိ မဟာဓမ္မရာဇာဓိရာဇဂုရု” တံဆိပ်တော်ကို ရခဲ့သည်။ မင်းတုန်းမင်းလက်ထက်တွင် “သုဒဿနဓဇအတုလာဓိပတိသီရိပဝရ မဟာဓမ္မရာဇာဓိရာဇဂုရု” တံဆိပ်တော်ကို ရခဲ့သည်။[၁]
ပျံလွန်တော်မူခြင်း
[ပြင်ဆင်ရန်]ဆရာတော်သည် ၁၂၅၀ ပြည့်နှစ်၊ တော်သလင်းလဆန်း ၈ ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည်။[၁]
ပြုစုခဲ့သည့် ကျမ်းများ
[ပြင်ဆင်ရန်]ဆရာတော်သည် အောက်ပါကျမ်းများကို ပြုစုတော်မူခဲ့သည်။
၁။ စူဠဝါပါဠိတော်နိသျ၊
၂။ ဓမ္မသင်္ဂဏီပါဠိတော်နိသျ၊
၃။ ဝိနိစ္ဆယကျမ်း (ပေ ၂၃ အင်္ဂါရှိ၏)။[၁]
မှတ်စု
[ပြင်ဆင်ရန်]- ↑ ရွှေရေးဆာင်ထေရုပတ္တိကထာ၌ ကူးခန်းကြီးမြို့ (ပခန်းကြီးမြို့) အနောက်လက် မြို့လှချောင်းကြီးရွာ၌ ဖွားမြင်သည်ဟု ဆိုသည်။ ဒုတိယစံကျောင်းဆရာတော်၏ တပည့်များမှာ တိုက်တော်ဆရာတော် ရှင်လက္ခဏ၊ လယ်တီဆရာတော် ရှင်ဉာဏ၊ တောင်ခွင်ဆရာတော် ရှင်ဝိသုဒ္ဓါစာရ၊ မင်းကျောင်းဆရာတော် ရှင်ဝိစာရ၊ ငွေတောင်ဆရာတော် ရှင်ကဝိန္ဒ၊ စလင်းဆရာတော်၊ အလ္လကပ္ပဆရာတော်၊ ရွှေရေးဆောင်ဆရာတော်၊ မိုင်းခိုင်းဆရာတော် ရှင်ပဏ္ဍိတ၊ မကုဋာရာမတိုက်ဆရာတော် ရှင်ခေမိန္ဒတို့ ဖြစ်သည်။