ဒိုရာအီမွန်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ဒိုရာအီမွန် (အင်္ဂလိပ်: Doraemon; ဂျပန်: ドラえもん) သည် ဂျပန်ကာတွန်းဇာတ်လမ်းတွဲတစ်ခု ဖြစ်ပြီး ဖူဂျီကိုဖူဂျီအို အဖွဲ့မှ ရေးဆွဲဖန်တီးထားခြင်းဖြစ်သည်။ ဇာတ်လမ်းမှာ ဒိုရာအီမွန် အမည်ရှိ စက်ရုပ် ကြောင်တစ်ကောင် ဖြစ်ပြီး "နိုဘီတာ" အမည်ရှိသော လူငယ်လေးကို ကူညီပေးရန်အတွက် ၂၂ ရာစုမှနေ၍ အချိန်ခရီးသွားခြင်းဖြင့် နောက်ပြန်ရောက်ရှိလာခြင်း ဖြစ်သည်။

ဇာတ်လမ်းအကျဉ်း[ပြင်ဆင်ရန်]

နိုဘီတာသည် သူ့စွမ်းရည်ဖြင့် မည်သည့်ကိစ္စ၊ မည်သည့်အလုပ်ကို ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိပေ။ ထို့ကြောင့် ဒိုရာမွန်သည် နိုဘီတာကို ကူညီရခြင်းဖြစ်သည်။ ၎င်းသည် လျှို့ဝှက်ကိရိယာအချို့ကို ၎င်း၏ ဝမ်းဗိုက်အိတ်တွင်းမှ နုတ်ကာ နိုဘီတာကို ကူညီခဲ့သည်။ ဒိုရေမွန်၏ ကူညီမှုသည် အစစအရာရာ အကုန်အဆင်ပြေစေခဲ့သည်။ နွေရာသီကျောင်းမပိတ်မီ ပေးလိုက်သောအိမ်စာများကို ရေးသားကျက်မှတ် တွက်ချက်ရန်မလိုပဲ အပန်းဖြေ၊ ဆော့ကစား၊ အလည်သွားကြိုက်ရာကို မိမိနှစ်သက်သလို ရွေးချယ်ပြုလုပ်နိုင်ပေသည်။ ဒိုရာအီမွန် ကာတွန်းဇာတ်လမ်းကို ၁၉၇၉ ခုနှစ်တွင် စတင်ထုတ်လွင့်ခဲ့သည်။