ဒိုမီနို သက်ရောက်မှု

ဝီကီပီးဒီးယား မှ
(အပေါ်) ဒိုမီနိုများ ရပ်လျက်ရှိ (အောက်) ဒိုမီနိုများ ရွေ့လျား/လှုပ်ရှားနေပုံ
ဒိုမီနိုပြကွက်တစ်ခု

ဒိုမီနို သက်ရောက်မှု (သို့) ဆက်တိုက်ဆင့်ကဲဖြစ်ပွားခြင်း (အင်္ဂလိပ်: domino effect) ကို ချိတ်ဆက်တုံ့ပြန်ခြင်း (chain reaction) ဟုလည်း ခေါ်ဆိုကာ အနက်အဓိပ္ပာယ်မှာ ဖြစ်ပျက်မှုတစ်ခုက ဆင်တူသော ဖြစ်ပျက်မှုအတွဲလိုက် (အစဉ်အတန်း) ကိုဖြစ်ပျက်စေလိုက်သောအခါ တစ်စတစ်စတိုးပွားလာသော သက်ရောက်မှု၊ အကျိုးတရားကို ဆိုလိုသည်။[၁] ဤဝေါဟာရကို လှုပ်ရှားမှုဆိုင်ရာ အကျိုးသက်ရောက်မှုအဖြစ် လူသိအများဆုံးဖြစ်ကာ ဒိုမီနိုအချပ်များ (ဒိုးဇက်ချပ်) အတွဲလိုက် လဲကျခြင်းကို တူညီသည့်သဘောဖြင့်ညနှိုင်းယှဉ်စဉ်းစားထားသည့် ဝေါဟာရအသုံးလည်းဖြစ်သည်။ စံအားဖြင့် ချိတ်ဆက်ဆက်သွယ်နေသော အတွဲလိုက်အဖြစ်အပျက်များကို ရည်ညွှန်းသည်ဖြစ်ပြီး ထိုအဖြစ်အပျက်များ ဆက်တိုက်ဖြစ်ပွားနေမှုကြားက အချိန်ကာလသည် တစ်နည်းအားဖြင့် တိုတောင်းသည်ဟု ဆိုရမည်ဖြစ်သည်။ ဤဝေါဟာရကိုပင် တိုက်မိ/ဆောင့်မိခြင်း (တကယ့်)ဖြစ်ပျက်မှုအစဉ်အတန်းဟု တိုက်ရိုက်သုံးစွဲနိုင်ပြီး တင်စားမှုအဖြစ် ကမ္ဘာလုံးဆိုင်ရာ ငွေကြေး၊ နိုင်ငံရေးရာများ၏ ချိတ်ဆက်ဖြစ်ပျက်မှုဟူ၍လည်း သုံးစွဲနိုင်ပေသည်။ တိုက်ရိုက်ဖြစ်စေ တင်စားသည်ဖြစ်စေ ကိစ္စနှစ်ခုစလုံး၌ "အဖြစ်အပျက်တစ်ခု ဖြစ်မည်မှာ မရှောင်လွဲနိုင်ဖြစ်သည် (သို့) ဖြစ်တန်ခြေအလွန်မြင့်မားသည် (စတင်ဖြစ်ခဲ့ပြီ ဖြစ်သောကြောင့်) ဟု သွယ်ဝိုက်ညွှန်းဆိုနိုင်ကာ ဆန့်ကျင်ဘက်အားဖြင့် "အဖြစ်အပျက်တစ်ခု ဖြစ်နိုင်မှုလုံးဝမရှိ (သို့) မဖြစ်မည့်အလားအလာ အလွန်မြင့်မားသည်။ (ဒိုမီနိုအချပ်မှာ ထောင်လျက်ရှိနေဆဲ)

အကျိုးသက်ရောက်မှုကို သရုပ်ဖော်ခြင်း[ပြင်ဆင်ရန်]

ဒိုမီနို ခေါ် ဒိုးဇက်ချပ်များကို ဒေါင်လိုက်ထောင်၍ အကွာအဝေးအနည်းငယ်ဖြင့် အတန်းလိုက်ထောင်ထားနိုင်သည်။ ပထမအချပ်ကို တွန်းလိုက်၍ လဲကျလျှင် နောက်တစ်ချပ်ကို တိုက်မိပြီး ထိုသို့ ဆက်တိုက်ဆက်တိုက် အချပ်များ လဲကျသွားမည်။ ထို့ကြောင့် ဒိုမီနိုချပ်တစ်ခု၏ လဲကျခြင်းသည် ၎င်းရှေ့တွင်ရှိသော အချပ်က ဖြစ်စေလိုက်သည့်သဘောဖြစ်၏ ။ အစဉ်အတိုင်း အတွဲလိုက်လဲကျမှုဖြစ်စဉ်ဖြစ်ပွားတော့သည်။ ဤသက်ရောက်မှုအကျိုးသည် (အရာဝတ္ထု၊ ကိစ္စ၊ ဖြစ်ရပ်)အစဉ်အတန်း၏ ရှည်လျားခြင်း၊ မရှည်လျားခြင်းနှင့် သက်ဆိုင်မှုမရှိပါ။ မူလတွင် အလွန်တည်ငြိမ်သောအနေအထား (meta-stable) ၌ ထိုအချပ်များရှိနေ၍ ဤချိတ်ဆက်တုံ့ပြန်မှုတွင် ဒိုမီနိုချပ်များ၌ အတည်စွမ်းအင် တည်ရှိနေသည်။ ဆိုလိုသည်မှာ ပထမအချပ်ကို တွန်းလှဲလိုက်ပါက ထိုလဲကျမှုက ဖြစ်စေ/ကူးပြောင်းလိုက်သော စွမ်းအင်သည် နောက်ကပ်လျက်ရှိသော ဒိုမီနိုချပ်ကို လဲကျစေရန်လိုအပ်သော စွမ်းအင်ထက်ပို၍ ကြီးမားသည်။ ဤသို့ပင် ဆက်ကာဆက်ကာ ဖြစ်ပျက်၏ ။

ဤဒိုမီနိုသက်ရောက်မှုကို ရူးဘ်ဂိုးလ်ဘာ့ဂ်စက်၌ အသုံးချထားလေသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. domino effect။ Farlex, Inc.။ 29 September 2014 တွင် ပြန်စစ်ပြီး။