ဒိုင်းဟိုးအွန်းဂျိ
ပုံပန်းသွင်ပြင်

ဒိုင်းဟိုးအွန်းဂျိ (大報恩寺) သည် ဂျပန်နိုင်ငံ၊ ကျိုတိုမြို့၊ ခမိဂယောရပ်ကွက်တွင်ရှိသည့် ဗုဒ္ဓဘာသာကျောင်းတော်ဖြစ်သည်။ ကျောင်းတော်သည် "ရှင်းဂွန်းရှူးဟ ဗုဒ္ဓဘာသာ" နှင့် ဆက်နွယ်သည်။ ဤကျောင်းတော်၏ ပင်မကျောင်းဆောင် (本堂, hondō) သို့မဟုတ် ဆန်းဘွန်းရှခဒိုး (千本釈迦堂) သည် ဂျပန်နိုင်ငံ၏ အမျိုးသားအမွေအနှစ်စာရင်းဝင်သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ဒိုင်းဟိုးအွန်းဂျိကို ဂုဟိုးရှောနင်း (求法上人) က ကမာကူရခေတ်ကာလအစောပိုင်း ၁၂၂၁ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ဂုဟိုးရှောနင်းကို ဂိခူး (義空) ဟုလည်း သိကြသည်။ ပင်မကျောင်းဆောင်ကို ၁၂၂၇ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး အိုးနင်းစစ်ပွဲဘေးဒဏ်မှ လွတ်မြောက်ခဲ့သည်။ ဤကျောင်းတော်ရှိ ဟွန်းဒိုး (ပင်မကျောင်းဆောင်) သည် ကျိုတိုမြို့ရှိ ကျန်ရှိသေးသည့် သက်တမ်းအရင့်ဆုံး သစ်သားအဆောက်အဦလည်း ဖြစ်သည်။
ပြင်ပလင့်များ
[ပြင်ဆင်ရန်]- Official website 17 March 2026 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .