ဒါရီယံ အမျိုးသားဥယျာဉ်
ဒါရီယံ အမျိုးသားဥယျာဉ် | |
---|---|
IUCN category II (အမျိုးသားဥယျာဉ်) | |
တည်နေရာ | ဒါရီယံပြည်နယ် ၊ ပနားမားနိုင်ငံ |
ကိုဩဒိနိတ် | 7°44′10″N 77°32′50″W / 7.73611°N 77.54722°Wကိုဩဒိနိတ်: 7°44′10″N 77°32′50″W / 7.73611°N 77.54722°W |
ဧရိယာ | ၅,၇၉၀ km2 (၂,၂၄၀ sq mi) |
ဖွဲ့စည်း | စက်တင်ဘာ ၂၇၊ ၁၉၈၀ |
အမျိုးအစား | သဘာဝ |
ရွေးချယ်သည့်စံနှုန်း | ix, x |
ရွေးချယ်ခြင်း | ၁၉၈၁ ပဉ္စမအကြိမ် |
ရည်ညွှန်းနံပါတ် | 159 |
နိုင်ငံ | ပနားမားနိုင်ငံ |
ဒေသ | လက်တင်အမေရိက နှင့် ကာရစ်ဘီယံ |
ဒါရီယံ အမျိုးသားဥယျာဉ် သည် ပနားမားနိုင်ငံတွင် တည်ရှိသော ကမ္ဘာ့အမွေအနှစ်နေရာ တစ်ခု ဖြစ်သည်။ ပနားမားစီးတီး မှ ၃၂၅ ကီလိုမီတာခန့် အကွာတွင် တည်ရှိပြီး ပနားမားနိုင်ငံရှိ အမျိုးသား ဥယျာဉ်များတွင် အကျယ်ပြန့်ဆုံး ဖြစ်ကာ အလယ်အမေရိကရှိ ကမ္ဘာ့အမွေအနှစ် နေရာများထဲမှ အရေးပါဆုံး နေရာတစ်ခု ဖြစ်သည်။
ဒါရီယံ အမျိုးသား ဥယျာဉ်သည် မြောက်အမေရိက နှင့် တောင်အမေရိက ကို ဆက်သွယ်ပေးထားသော သဘာဝ တံတားလည်း ဖြစ်သည်။ [၁]
၁၉၇၂ ခုနှစ်တွင် ဟက်တာ ၇၀၀,၀၀၀ (၇,၀၀၀ စတုရန်း ကီလိုမီတာ) သည် အော်လ်တို ဒါရီယံ ကာကွယ်တော့၏ အစိတ်အပိုင်း တစ်ခု ဖြစ်သည်။ ၁၉၈၀ ခုနှစ်သို့ ရောက်သော အခါ ထိုဧရိယာအား အမျိုးသား ဥယျာဉ် အဖြစ် ကြေညာခဲ့သည်။ ၁၉၈၃ ခုနှစ်သို့ ရောက်သော အခါ ဧရိယာ ၈၅၉,၃၃၃ ဟက်တာ (၈၅၉၃.၃၃ စတုရန်း ကီလိုမီတာ) သည် ယူနက်စကို၏ ဇီဝရပ်ဝန်း ထိန်းသိမ်းရေး ဒေသ ဖြစ်လာခဲ့သည်။ [၂] The park covers ၅,၇၉၀ km2 (၅၇၉,၀၀၀ ha).[၃]
ထိုဒေသသည် ပနားမားနိုင်ငံ၏ တောင်ဘက်စွန်း ဒါရီယံ ပြည်နယ်တွင် တည်ရှိပြီး တောင်ဘက်နယ်နိမိတ်မှာ ပနားမား-ကိုလံဘီယာ နယ်စပ်တွင် ၉၀% မျှ ဆန့်တန်းလျက် ရှိသည်။ အရှေ့မြောက်ဘက်တွင် ကာရစ်ဘီယံ ပင်လယ် ၁၆ ကီလိုမီတာခန့် ပြိုင်လျက် ရှိပြီး ပစိဖိတ် ကမ်းရိုးတန်းနှင့်လည်း ပြိုင်လျက်ရှိသော ဆာရန်းနီးယား ဒဲလ် ဒါရီရံ တောင်တန်း နှင့် ပင်လယ်ကြား တွင် တည်ရှိသည်။ ကိုလံဘီယာရှိ လော့စ် ကာတီယို အမျိုးသားဥယျာဉ် နှင့် ကပ်လျက် ရှိသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Darien National Park။ UNESCO World Heritage Centre။ 6 March 2013 တွင် ပြန်စစ်ပြီး။
- ↑ Official UNESCO website entry
- ↑ Smithsonian Institution, Centre of Plant Distribution 2012-01-26 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .