ဒန် ဒန်ကန်

ဝီကီပီးဒီးယား မှ
ဒန် ဒန်ကန်
မွေးဖွား(1933-01-02)ဇန်နဝါရီ ၂၊ ၁၉၃၃
Shelby County, တက္ကဆက်ပြည်နယ်
ကွယ်လွန်မတ် ၂၈၊ ၂၀၁၀(2010-03-28) (အသက် ၇၇)
River Oaks, Houston
ကျော်ကြားမှုအရင်းခံco-founder, chairman and majority shareholder of Enterprise Products
အိမ်ထောင်ဖက်(များ)Jan Ellis
သားသမီးRanda Duncan Williams
Milane Duncan Frantz
Dannine Duncan Avara
Scott Duncan
ရရှိသည့်ဆုများPetrochemical Heritage Award

ဒန်အယ်လ် ဒန်ကန် (၁၉၃၃ ဇန်နဝါရီ ၂ - ၂၀၁၀ မတ်လ ၂၈) သည် အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် စင်တာတွင်မွေးဖွားသော အမေရိကန်လူမျိုးဖြစ်သည်။[၁][၂] စီးပွားရေးလုပ်ငန်းစုကြီးများ၏ တွဲဖက်တည်ထောင်သူ၊ ဥက္ကဋ္ဌတစ်ဦးဖြစ်ပြီး အဓိက ရှယ်ယာရှင်လည်းဖြစ်သည်။

လူမှုရေးလုပ်ငန်းများ[ပြင်ဆင်ရန်]

ဒန်ကန် သည် တက္ကဆက်ကလေးဆေးရုံနှင့် ဟော်စတွန် ပြတိုက်ရှိ Natural Science သို့ ၇၅ မီလျံဒေါ်လာလှူဒါန်းခဲ့ဖူးပြီး Baylor ဆေးကောလိပ်သို့လည်း ၁၃၅ မီလျံဒေါ်လာ လှူဒါန်းခဲ့သည်။[၃]

သူသည် မူလက ဟော်စတွန်မြို့လည်ခေါင်ရှိ ရုံးအဆောက်အဦရှိရာ Louisiana လမ်းရှေ့တွင်ထားရှိသော Jean Dubuffet ၏ "Monument au Fantome" အမည်ရ ပန်းပုကိုလည်း လှူဒါန်းခဲ့သူဖြစ်သည်။ ယခုအခါ ထိုပန်းပုရုပ်ကို Geroge R.Brown Conventin စင်တာအနီးရှိ Discovery Green Park တွင် ပြောင်းရွှေ့ထားရှိသည်။

အမဲလိုက်ခြင်း[ပြင်ဆင်ရန်]

ဒန်ကန် သည် တက္ကဆက်တွင် Double D Ranch အဆင့် ဧက ၅၀၀၀ (၂၀ ကီလိုမီတာ၂) အကျယ်ရှိ အမဲလိုက်ခြံကြီးတစ်ခုကို ပိုင်ဆိုင်သည်။[၄] ဒန်ကန် သည် သူ၏ အမဲလိုက်စွမ်းရည်အတွက် ဆုတံဆိပ်အများအပြား ချီးမြှင့်ခံထားရသော အပြည်ပြည်ဆိုင်ရာ Safari ကလပ်အဖွဲ့ဝင်တစ်ယောက်ဖြစ်သည်။ ၂၀၀၆ ခုနှစ်တွင် သူသည် အမဲလိုက်ကွင်းကြီး ၆ ခုကို လိုက်ဖူးထားသည့် အမဲလိုက်သမားဖြစ်ပြီး SCI ၏ "Grand Slam"ဆု ၁၃ ဆု၊ "Inner Circle" ၂၂ ဆု၊ Pinnacle ဆုတံဆိပ်အဆင့် ၄ နှင့် သရဖူဆုတံဆိပ်တို့ကို ရဖူးထားသူကိုမှ ချီးမြှင့်သည့် SCI ၏ ကမ္ဘာ့အမဲလိုက်မှုထိန်းသိမ်းခြင်းဆုတံဆိပ်ကို ရရှိခဲ့သည်။ ဒန်ကန် သည် SCI ၏ အောင်ပွဲမှတ်တမ်းတွင် ခြင်္သေ့၊ ဆင်၊ ကျားသစ်၊ အာဖရိက တောလိုက်ကျားသစ်၊ ကြံ့၊ ပိုလာဝက်ဝံများနှင့် အခြားတိရစ္ဆာန်များကို အမဲလိုက်နိုင်ခြင်းအတွက် အပါအဝင် မှတ်တမ်း ၄၀၇ ခုရှိခဲ့သည်။[၅]

ရုရှားပြည်အမဲလိုက်ခရီး[ပြင်ဆင်ရန်]

၂၀၀၇ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့တွင် သူသည် ဟော်စတွန် ၏ ဗဟိုတရားရုံးသို့် သူ့ဆန္ဒအလျောက် ရောက်ရှိလာခဲ့သည်။ ၂၀၀၂ ခုနှစ် ရုရှားတွင် ရုရှားဥပဒေကြောင်းအရ အကျုံးမဝင်သော သမင်များနှင့် သိုးရိုင်းများကို ဟယ်လီကော်ပတာပေါ်မှ ပစ်ခတ်အမဲလိုက်ခဲ့သည့်အကြောင်းနှင့် ပတ်သက်သော မေးခွန်းများကို ဖြေကြားခဲ့သည်။

သူပြုလုပ်ခဲ့သည်များအတွက် ဝန်ခံခဲ့သော်လည်း ထိုအပြုအမူများမှာ တရားမဝင်သည်ကို မသိရှိခဲ့ပါဟု သူက ဆိုသည်။ ဗဟိုတရားရုံးက သူနှင့် ထိုခရီးတွင်ပါဝင်ခဲ့သော အခြားအမဲလိုက်သမားများကိုပါ ပြစ်ဒဏ်ပေးခြင်းမပြုခဲ့ဟု ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် သူ၏ ရှေ့နေက ထုတ်ဖော်ပြောဆိုခဲ့သည်။[၆]

ကြွယ်ဝချမ်းသာမှုများ[ပြင်ဆင်ရန်]

၂၀၀၇ ခုနှစ်၏ Forbes Magazine အရ သူသည် ပျမ်းမျှအသားတင်ငွေကြေး ၈.၂ ဘီလျံဒေါ်လာဖြင့် ဟော်စတွန် မြို့၏အချမ်းသာဆုံးဖြစ်ပြီး တက္ကဆက်တစ်နယ်လုံးတွင် တတိယအချမ်းသာဆုံးဖြစ်သည်။ (၂၀၀၈ ခုနှစ် အောက်တိုဘာ ၂၇ ရက်ထုတ် စာမျက်နှာ ၄၆ အရ သူ၏ ငွေကြေးကြွယ်ဝမှုသည် ဩဂုတ်လ ၂၉ တွင် ရ.၆ ဘီလျံအထိနှင့် အောက်တိုဘာ ၁ ရက်နေ့တွင် ၆.၃ အထိ ကျဆင်းသည်)။[၇] သူသေဆုံးချိန်တွင် သူသည် ၉ ဘီလျံဒေါ်လာကြွယ်ဝသူဖြစ်သည်။

သေဆုံးခြင်း[ပြင်ဆင်ရန်]

အသက် ၇၇ အရွယ်တွင် ဒန်ဒန်ကန် သည် ဟော်စတွန် ရှိ သူ၏ River Oaks နေအိမ်တွင် ဦးနှောက်သွေးယိုစီးမှုရောဂါဖြင့် ၂၀၁၀ မတ်လ ၂၈ ရက်နေ့၌ သေဆုံးခဲ့သည်။[၈] သူသည် သူ့ဇနီး ဂျန် နှင့်အတူ သား စကော့တ်၊ သမီး ၃ ယောက်ဖြစ်သော ရန်ဒါ ဒန်ကန် ဝီလျံ၊ ဒန်နီ ဒန်ကန် ဧဗရာ နှင့် မီလိန် ဒန်ကန် ဖရန့်ဇ် တို့ကို ချန်ရစ်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Houston energy tycoon Dan Duncan dead at 77
  2. From Roughneck Origins To Texas Oil Billionaire
  3. Downtown art landmark donated to new city park
  4. The Houston Chronicle, "Houston tycoon finds himself in the cross hairs," July 19, 2007.
  5. Safari Club International, Record Book, www.safariclub.org
  6. The Houston Chronicle, "Houston tycoon finds himself in the cross hairs," July 19, 2007 and The Houston Chronicle, "Tycoon's hunting guide indicted over alleged importing violations," September 12, 2007.
  7. The World's Billionaires – Forbes.com
  8. Billionaire Dan Duncan dies unexpectedly at his home