ဒန်ဂိုနက်ဘ် ပင်လယ်အော်
ပုံပန်းသွင်ပြင်
| ဆန်ဂါနက်ဘ် ပင်လယ်ပြင် အမျိုးသားဥယျာဉ် နှင့် ဒန်ဂိုနက်ဘ် ပင်လယ်အော်၊ မူကဝါကျွန်း ပင်လယ်ပြင် အမျိုးသားဥယျာဉ်* | |
|---|---|
| UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ | |
| တည်ရှိသည့် နိုင်ငံ | |
| အမျိုးအစား | သဘာဝ |
| ရွေးချယ်သည့်စံနှုန်း | vii, ix, x |
| ကိုးကား | ၂၆၂ |
| ဒေသ** | အာဖရိက |
| သတ်မှတ်ခြင်း မှတ်တမ်း | |
| စတင်သတ်မှတ်ခြင်း | ၂၀၁၆ (၄၀ကြိမ်) |
| * ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည် ** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ | |
ဒန်ဂိုနက်ဘ် ပင်လယ်အော် သို့မဟုတ် ဒေါင်ဂိုနက်ဘ် ပင်လယ်အော်သည် ပင်လယ်နီ၏ ဆူဒမ်ကမ်းရိုးတန်းတွင် တည်ရှိသည်။
ပထဝီဝင်
[ပြင်ဆင်ရန်]ဒန်ဂိုနက်ဘ် ပင်လယ်အော်သည် တောင်ဘက်သို့ မျက်နှာမူထားပြီး ဆူဒန်ဆိပ်ကမ်း၏ မြောက်ဘက် ၁၃၀ ကီလိုမီတာ အကွာတွင် တည်ရှိသည်။ ၎င်း၏ အလယ်ပိုင်းတွင် သန္တာကျောက်တန်းများဖြင့် ဝန်းရံထားသော ရာဝါယာလဂွန်း ရှိသည်။ မူကဝါကျွန်း နှင့် ဆန်ဂါနက်ဘ် (သီးသန့် သန္တာကျွန်း) တို့နှင့် အတူ ထိုဒေသအား ၂၀၁၆ ခုနှစ်တွင် ဆန်ဂါနက်ဘ် ပင်လယ်ပြင် အမျိုးသားဥယျာဉ် နှင့် ဒန်ဂိုနက်ဘ် ပင်လယ်အော်၊ မူကဝါကျွန်း ပင်လယ်ပြင် အမျိုးသားဥယျာဉ် ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် ယူနက်စကိုမှ ကြေညာခဲ့သည်။ [၁] ၂၀၀၉ ခုနှစ်မှစ၍ ထိန်းသိမ်းထားသော ရမ်ဆာဒေသ အဖြစ်လည်း သတ်မှတ်ထားခဲ့သည်။