ဒစ်ဖရန်ရှယ်ဂျီဩမေတြီ

ဒစ်ဖရန်ရှယ်ဂျီဩမေတြီ (differential geometry) ဘာသာရပ်သည် Riemannian manifolds ခေါ် ရီးမန်မျက်နှာပြင်ရပ်ဝန်းများကို လေ့လာသည့် သင်္ချာဘာသာရပ်ခွဲဟု အကြမ်းအားဖြင့် ဆိုနိုင်သည်။ ဒစ်ဖရန်ရှယ်ဂျီဩမေတြီ ဘာသာရပ်တွင် အဆိုပါ ရီးမန်မျက်နှာပြင်ရပ်ဝန်းများ၏ (အကွာအဝေး) အတိုင်းအတာ မက်ထရစ် (metric) များနှင့် ပတ်သက်သည့် ကိစ္စရပ်များကို လေ့လာ၍ ဒစ်ဖရန်ရှယ်တိုပေါ်လော်ဂျီ (differential topology) ဘာသာရပ်တွင် ၎င်းမျက်နှာပြင်ရပ်ဝန်းများ၏ အတိုင်းအတာ မက်ထရစ်များနှင့် မပတ်သက်သည့် (ဥပမာ၊ ၎င်းမျက်နှာပြင်ရပ်ဝန်းများ၏ ခြုံငုံတည်ဆောက်ပုံ စသည့်) ကိစ္စရပ်များကို လေ့လာသည်။[၁] ဒစ်ဖရန်ရှယ်ဂျီဩမေတြီ ဘာသာရပ်တွင် ဂျီဩမေတြီဆိုင်ရာ အရာဝတ္ထုများ၊ အဓိကအားဖြင့် မျဉ်းကွေးများ၊ မျက်နှာပြင်များကို တစ်ခုလုံးလွှမ်းခြုံလေ့လာခြင်း မဟုတ်ဘဲ ၎င်းအရာဝတ္ထုများ၏ အသေးစိတ် အစိတ်အပိုင်း တစ်ခုချင်းစီကို ခွဲခြမ်းစိတ်ဖြာသင်္ချာသုံး၍ လေ့လာခြင်းဖြစ်သည်။[၂]
အညွှန်း
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- Pogorelov၊ A. V. (2012)၊ "Differential geometry"၊ in The European Mathematical Society (ed.)၊ Encyclopedia of Mathematics၊ Springer၊ 7 March 2021 တွင် မူရင်း အား မော်ကွန်းတင်ပြီး၊ March 20, 2017 တွင် ပြန်စစ်ပြီး
- Weisstein၊ Eric W.၊ "Differential Geometry"၊ MathWorld--A Wolfram Web Resource၊ Wolfram Research, Inc.၊ March 20, 2017 တွင် ပြန်စစ်ပြီး
| ဤ သင်္ချာနှင့် သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |