ထွန်းလင်း

ဝီကီပီးဒီးယား မှ
ဦးထွန်းလင်း
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃ ဖေဖော်ဝါရီ ၂၀၁၆
မဲဆန္ဒနယ်တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် ၃
အနိုင်ရမဲ အရေအတွက်၃၄,၂၆၆ မဲ[၁]
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1948-08-06) ၆ ဩဂုတ်၊ ၁၉၄၈ (အသက် ၇၅)
မင်းဒပ်ရွာ၊ သရက်ချောင်းမြို့နယ်တနင်္သာရီတိုင်း
လူမျိုးမြန်မာ
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ကြင်ဖော်(များ)ဒေါ်ကျင်စန်း
မိဘဦးစံဝင်း
ဒေါ်လှခင်
မိခင်ကျောင်းရန်ကုန်တက္ကသိုလ် B.Sc(Mats), M.Sc(Q), B.Ed
အလုပ်အကိုင်နိုင်ငံရေးသမား

ဦးထွန်းလင်း (၆ ဩဂုတ် ၁၉၄၈ မွေးဖွား) သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမားတစ်ဦး ဖြစ်သည်။ သူသည် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၃ ကိုယ်စားပြု၍ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။ သူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ဖြစ်သည်။[၂] [၃]

အစောပိုင်းဘဝ[ပြင်ဆင်ရန်]

ဦးထွန်းလင်းကို ၁၉၄၈ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့တွင် မြန်မာနိုင်ငံတနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ မင်းဒပ်ရွာတွင် မွေးဖွားခဲ့သည်။ သူသည် B.Sc (Mats), M.Sc (Q), B.Ed. ဘွဲ့များရရှိခဲ့သည်။ [၂]

နိုင်ငံရေး[ပြင်ဆင်ရန်]

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဦးထွန်းလင်းသည် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နေရာအတွက် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၃ မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မဲအရေအတွက် ၃၄,၂၆၆ ဖြင့် အနိုင်ရ ရွေးကောက်ခံခဲ့ရသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]