ထွန်းတင့်

ဝီကီပီးဒီးယား မှ
(ထွန်းတင့်၊ ဒေါက်တာ မှ ပြန်ညွှန်းထားသည်)
ထွန်းတင်၊ သူရ နှင့် မရောထွေးပါနှင့်။
ဒေါက်တာထွန်းတင်
မွေးဖွား (၁၉၃၅-0၃-၁၆) မတ် ၁၆၊ ၁၉၃၅ (အသက် ၈၉)
ဂန့်ဂေါမြို့
ပညာရေးဝိဇ္ဇာဘွဲ့ (ဂုဏ်ထူး)၊ မဟာဝိဇ္ဇာဘွဲ့
မိခင်ကျောင်းရန်ကုန်တက္ကသိုလ်
မန္တလေးတက္ကသိုလ်
အလုပ်အကိုင်မြန်မာစာအဖွဲ့ဝင်
မိဘ(များ)ဦးသာကြွယ်၊ ဒေါ်ရွှေမ

ဒေါက်တာထွန်းတင့် (၁၆ မတ် ၁၉၃၅ မွေးဖွား) သည် မြန်မာစာအဖွဲ့ဝင် တစ်ဦး ဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

ဆရာကြီးကို ၁၉၃၅-ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် ဂန့်ဂေါမြို့၌ အဖ ကျောင်းဆရာ ဦးသာကြွယ်၊ အမိ ဒေါ်ရွှေမတို့က မွေးဖွားခဲ့သည်။ ၁၉၅၃-ခုနှစ် တက္ကသိုလ်ဝင်တန်းအထိ ဂန့်ဂေါအထက်တန်းကျောင်းတွင် ပညာဆည်းပူးခဲ့သည်။ ၁၉၅၈-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်က ဝိဇ္ဇာ(ဂုဏ်ထူး) ဘွဲ့ကို ရရှိခဲ့သည်။ ၁၉၇၁-ခုနှစ်တွင် မန္တလေးတက္ကသိုလ်က မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။ ၂၀၁၂-ခုနှစ်တွင် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ Doctor of Letters ( ) ကို ချီးမြှင့်ခြင်းခံရသည်။

အလုပ်တာဝန်များ[ပြင်ဆင်ရန်]

၁၉၅၈-ခုနှစ်မှ ၁၉၇၄-ခုနှစ်အထိ ပုသိမ်ကောလိပ်၊ မကွေးကောလိပ်၊ မန္တလေးတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်တို့တွင် လက်ထောက်ကထိက၊ ၁၉၇၄-ခုနှစ်မှ ၁၉၇၇-ခုနှစ်အထိ တရုတ်နိုင်ငံ၊ ပီကင်းတက္ကသိုလ်တွင် မြန်မာစာဆရာ၊ ၁၉၇၇-ခုနှစ်မှ ၁၉၈၀-ခုနှစ်အထိ ရန်ကုန်တက္ကသိုလ်၊ မော်လမြိုင်တက္ကသိုလ်တို့တွင် ကထိက၊ ၁၉၈၁-ခုနှစ်မှ ၁၉၉၅-ခုနှစ်အထိ မြန်မာစာအဖွဲ့ဦးစီးဌာန တွင် စာတည်း၊ စာတည်းမှူး၊ စာတည်းမှူးချုပ်၊ ညွှန်ကြားရေးမှူးတာဝန်များကို ထမ်းဆောင် ခဲ့သည်။ ၁၉၉၅-ခုနှစ်တွင် သက်ပြည့်အငြိမ်းစားယူသည်။ ၁၉၉၆-ခုနှစ်တွင် မြန်မာစာအဖွဲ့ အဖွဲ့ဝင်အဖြစ် ခန့်အပ်ခြင်းခံရသည်။

၁၉၈၁-ခုနှစ်မှစ၍ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း၊ မြန်မာသဒ္ဒါ၊ မြန်မာစာမြန်မာစကား၊ မြန်မာအဘိဓာန်၊ မြန်မာစကားပုံ၊ မြန်မာဆိုရိုးစကား၊ အလိမ္မာပုံဝတ္တုများ၊ မြန်မာ-အင်္ဂလိပ် အဘိဓာန်၊ ခရီးဆောင်မြန်မာအဘိဓာန်၊ အင်္ဂလိပ်-မြန်မာအဘိဓာန်၊ စာကိုးအဘိဓာန်စာအုပ်များ ပြုစုရာတွင်လည်းကောင်း၊ ထုတ်ဝေရာတွင်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ပါရဂူကျမ်းများကြီးကြပ်သူအဖြစ်လည်းကောင်း၊ အဆင့်မြင့်ပညာ မြန်မာစာသင်ရိုးညွှန်းတမ်း ကော်မတီဝင်၊ အခြေခံပညာ မြန်မာစာ သင်ရိုးညွှန်းတမ်းကော်မတီဝင်အဖြစ် ဆောင်ရွက်လျက် ရှိသည်။ ကွန်ပျူတာသုံးမြန်မာယူနီကုတ်အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]