ထွက်နေအလံ

ဝီကီပီးဒီးယား မှ
ဂျပန်အင်ပါယာ ရေတပ်၏ ထွက်နေအလံ

ထွက်နေအလံ(ဂျပန်: 旭日旗, きょくじつき; ကီယိုကုဂျီကျုကီ)(အင်္ဂလိပ်: Rising Sun Flag)သည် အနီရောင်စက်ဝိုင်း ပတ်လည်၌ ထွက်အလင်း(旭光)ကို ရေးဆွဲထားသည့် အလံဖြစ်သည်။ ထွက်နေအလံသည် အာစကာခေတ်(၅၃၈ခုနှစ်-၇၁၀ခုနှစ်)မှ စ၍ အသုံးပြုခဲ့သော်လည်း ဧဒိုခေတ်(၁၆၀၃ခုနှစ်-၁၈၆၈ခုနှစ်)မှ စကာ ကမ္ဘာတစ်ဝန်းမှ ဒါအီမျို၌ အသုံးပြုခဲ့သည်။ မေဂျီပြန်လည်ထူထောင်ရေး(明治維新) ပြီးနောက် ဂျပန်အင်ပါယာ(日本帝國)မှ အသုံးပြုခဲ့သော ဂျပန်၏ အလံဖြစ်ကာ ယခုတွင် မိမိကိုယ်ကို ကာကွယ်ရေး တပ်ဖွဲ့(自衛隊)က အသုံးပြုနေသော အလံဖြစ်သည်။