မာတိကာသို့ ခုန်သွားရန်

ထယ်ဂျို (ဂျိုဆောန်)

ဝီကီပီးဒီးယား မှ
(ထဲဂျုံး မှ ပြန်ညွှန်းထားသည်)
ဂျိုဆောန် ထယ်ဂျို
조선 태조
朝鮮太祖
ထယ်ဂျိုဘုရင် ပုံတူ
ဂျိုဆောန် ဘုရင်
နန်းသက်၁၃၉၂ ~ ၁၃၉၈
နန်းသိမ်းခြင်းဂယ်ဆောင်း၊ ဆူချံနန်းတော်
ရှေ့မင်းဆက်မင်းဆက် တည်ထောင်
နောက်မင်းဆက်ဂျောင်းဂျွံ
မွေးဖွား၄ နိုဝင်ဘာ ၁၃၃၅
ယွမ်တိုင်းပြည်၊ စံဆောင်ခရိုင်
ကွယ်လွန်၂၇ ဇွန် ၁၄၀၈ (အသက် ၇၂)
ဂျိုဆောန်၊ ဟန်ဆောင်း၊ ချံဒေါ့က်နန်းတော်
ထာဝရ အိပ်စက်ရာ နေရာ တောင်ကိုရီးယား၊ ဂယောင်းဂီတိုင်း၊ ဂူရီ၊ ဒွံဂုရုံ
အမည် အပြည့်အစုံ
ရီဆောင်းဂယ် (이성계; 李成桂) → လီဒန် (이단; 李旦)
Temple name
ထယ်ဂျို(태조; 太祖)
မျိုးနွယ်ဂျောန်ဂျူ ရီနွယ်
မင်းဆက်ရီရာဇဝံသ
ခမည်းတော်လီချာချုန်
မယ်တော်အွီဟဲ မိဖုရားခေါင်ကြီး
ကိုးကွယ်မှုကိုရီးယား ဗုဒ္ဓဘာသာ
လက်မှတ်

ထယ်ဂျို (ကိုရီးယား: 태조 太祖; ၁၃၃၅ နိုဝင်ဘာ ၄ – ၁၄၀၈ ဇွန် ၂၇) သည် ကိုရီးယား ဂျိုဆောန်မင်းဆက်ကို တည်ထောင်သူ[၁]နှင့် ဂျိုဆောန်ပြည်၏ ပထမဆုံး ဘုရင်ဖြစ်သည်။ ဂျိုဆောန်ပြည်ကို ၁၃၉၂ ခုနှစ်မှ ၁၃၉၈ ခုနှစ်အထိ အုပ်ချုပ်ခဲ့သည်။[၂] နန်းစံအမည်မှာ ရီဆောင်းဂယ် ဖြစ်သည်။

ဘဝအစနှင့် စစ်မှုထမ်းခြင်း

[ပြင်ဆင်ရန်]

ဖခင် လီချာချုန်သည် တရုတ်ပြည် ယွမ်တိုင်းပြည် လက်အောက်တွင် အမှုထမ်းသူဖြစ်ပြီး မိခင်မှာ တရုတ်လူမျိုး ဖြစ်သည်။[၃][၄][၅] ရီဆောင်းဂယ်သည် ဂိုလျောတပ်သို့ ဝင်ရောက်အမှုထမ်းရာတွင် စစ်ရေးစွမ်းရည် ထက်မြက်မှုကြောင့် ရာထူးအဆင့်ဆင့်တိုးတက်လာပြီး ဗိုလ်ချုပ်အဆင့်ထိ ဖြစ်လာခဲ့သည်။

ဂျိုဆောန်မင်းဆက် တည်ထောင်ခြင်းနှင့် နန်းစွန့်ခြင်း

[ပြင်ဆင်ရန်]

၁၃၉၂ ခုနှစ်တွင် ဂိုလျောမင်းဆက်ကို ပုန်ကန်ဖြုတ်ချကာ ဂျိုဆောန်မင်းဆက်ကို တည်ထောင်ခဲ့သည်။ သို့သော် ၁၃၉၈ ခုနှစ်တွင် သားတော်များအကြား နန်းလုသည့်အရေး (ပထမဆုံး မင်းသားများ၏ အရေး) ဖြစ်ပွားခဲ့ပြီးနောက် ပလ္လင်မှ ဆင်းပေးခဲ့ရသည်။ ထယ်ဂျိုဘုရင်သည် ၁၄၀၈ ခုနှစ်တွင် နတ်ရွာစံလွန်တော်မူခဲ့သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. ↑ "<Wコラム>朝鮮王朝おもしろ人物列伝~朝鮮王朝を建国した初代王・太祖"၊ 2016-06-07။ 2020-11-28 တွင် ပြန်စစ်ပြီး။
  2. ↑ 李成桂 日本国語大辞典
  3. ↑ 태조실록 5권, 태조 3년 4월 28일 정유 3번째기사
  4. ↑ "의혜왕후 懿惠王后 - Doosan Encyclopedia". Doosan Encyclopedia. Archived from the original on November 4, 2020.
  5. ↑ "13 March 2021 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .". Archived from the original on June 3, 2018.