ထုံးကြီးရွာ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ထုံးကြီးရွာ
ထုံးကြီးရွာ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ထုံးကြီးရွာ
ထုံးကြီးရွာ
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 17°06′45″N 96°26′52″E / 17.1124305725098°N 96.4478378295898°E / 17.1124305725098; 96.4478378295898ကိုဩဒိနိတ်: 17°06′45″N 96°26′52″E / 17.1124305725098°N 96.4478378295898°E / 17.1124305725098; 96.4478378295898
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး
ခရိုင်ပဲခူးခရိုင်
မြို့နယ်ပဲခူးမြို့နယ်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ထုံးကြီးရွာ သည် ပဲခူးတိုင်းဒေသကြီးပဲခူးမြို့နယ် ရှိ ရွာတစ်ရွာ ဖြစ်သည်။

ပညာရေး[ပြင်ဆင်ရန်]

အခြေခံပညာ သင်ကြားရန် အထက်တန်းကျောင်းတစ်ကျောင်း နှင့် ကရင်စုပိုင်းတွင်လည်း မူလတန်းကျောင်း ရှိသည်။ အ.ထ.က - ထုံးကြီး တွင် ထုံးကြီးရွာမှ ကလေးငယ်များအပြင် အခြားအနီးအနားရှိ အထက်တန်းပညာရေးကျောင်းမရှိသည့် ရွာများမှ ကျောင်းသားများလည်း လာရောက်ပညာသင်ကြားကြသည်။

ဘာသာရေး[ပြင်ဆင်ရန်]

ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ် နှင့် နတ်ကိုးကွယ်သူများ ရှိ၏။ လူမျိုးမှာလည်း ကရင်၊ ဗမာ၊ ကရင်ဗမာ၊ ကုလား အစရှိသဖြင့် လူမျိုးစုံနေထိုင်ကြသည်။

ဘာသာရေး အဆောက်အဦးအနေဖြင့် အောင်ဘုံသီဟရွှေပြည်အေးစေတီတော်ကြီး တည်ရှိသည်။ ထို့ပြင် အစ္စလာမ်ဘာသာဝင်တို့၏ ဂျာမေဗလီတစ်ခုလည်း တည်ရှိသည်။

စီးပွားရေး[ပြင်ဆင်ရန်]

များသောအားဖြင့် လယ်ယာလုပ်ငန်း နှင့် ခြံထွက်သီးနှံ လုပ်ငန်းများဖြင့် အသက်မွေးကြသည်။ သီးနှံခြံများမှ ပိန္နဲသီး၊ နာနတ်သီး၊ မရမ်းသီး၊ သရက်သီး စသည်တို့ ထွက်သည်။ ထို့ပြင် အမိုးအကာအဖြစ် အသုံးပြုရသည့် တောင်ထန်း၊ စလူ၊ ဓနုံး၊ ကြိမ်မှန်စသည်တို့လည်း ထွက်ရှိသည်။ ထုံးကြီးရွာ၏ အနောက်ဘက်တွင် ကြီးမားကျယ်ပြန့်သည့် လယ်ကွင်းပြင်တည်ရှိပြီး မိုးအခါတွင် စပါး၊ နွေရာသီတွင် နွေစပါး၊ ဆောင်းရာသီတွင် ပဲအမျိုးမျိုးကို စိုက်ပျိုးကြသည်။ ထို့ပြင် သစ်သီးခြံများအတွင်း ကွမ်း၊ ကြက်ဟင်းခါး စသည့် ရာသီပေါ်သီးနှံပင်များကို စိုက်ပျိုးကြသည်။

လမ်းပန်းဆက်သွယ်ရေး[ပြင်ဆင်ရန်]

ထုံးကြီးရွာသို့ ကားလမ်း၊ ရထားလမ်း နှစ်သွယ်ဖြင့် သွားလာနိုင်သည်။ အင်းတကော်မြို့မှတစ်ဆင့် အင်းတကော်-ထုံးကြီး-ကဝ ကားလမ်းအတိုင်း လာရောက်လည်ပတ်နိုင်သည်။ ကဝဘက်အခြမ်းမှ လာရောက်မည်ဆိုပါက အုန်းနှဲ-ကဝ-အင်းတကော် ကားလမ်းဖြင့် လာရောက်နိုင်သည်။ ဟိုးယခင်က ကဝဘက်မှ ထုံးကြီးသို့ သွားရောက်မည်ဆိုပါက ပဲခူးမြစ်ကို သမ္ဗာန်ဖြင့် ဖြတ်ကူးကာ သွားရ၏။ ယခုအချိန်တွင်မူ ပဲခူးမြစ်ကူးတံတား (ကဝ) ကို တည်ဆောက်ပြီးစီးခဲ့ပြီး ဖြစ်၍ လမ်းပန်းသာလျက် ရှိသည်။

မီးရထားဖြင့် လာရောက်မည်ဆိုပါက ထုံးကြီးဘူတာ တွင် ဆိုက်ရောက်သည့် ရထားဖြင့် လာရောက်လည်ပတ်နိုင်သည်။

ကိုးကား[ပြင်ဆင်ရန်]