ရှင်ဝိမလဗုဒ္ဓိ

ဝီကီပီးဒီးယား မှ
(ထီးလင်းဆရာတော် မှ ပြန်ညွှန်းထားသည်)
Jump to navigation Jump to search

ရှင်ဝိမလဗုဒ္ဓိ (၁၁၅၁ - ၁၂၁+) သည် “ထီးလင်းဆရာတော်” ဟု ထင်ရှားခဲ့သည့် ဆရာတော် ဖြစ်သည်။ [၁]

ဘဝ[ပြင်ဆင်ရန်]

ဆရာတော်ကို ၁၁၅၂ ခုနှစ်၊ တပို့တွဲလတွင် အနောက်ဖက်တိုက် ပျဉ်းမရွာ၌ ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မောင်မြတ်ရွဲ ဖြစ်သည်။

သာမဏေပြုသည့်အခါ “ရှင်ဝိမလ” ဟူသည့် ဘွဲ့ကို ခံယူခဲ့သည်။ အရွယ်ရောက်၍ ရဟန်းပြုသည့်အခါတွင် “ရှင်ဝိမလဗုဒ္ဓိ”ဘွဲ့ကို ခံယူခဲ့သည်။ အင်းဝမြို့တော် လောကသယမ္ဘူဘုရားရှေ့ကျောင်းတိုက်တွင် သဲအင်းဆရာတော်ထံ၌ ပညာသင်ကြားခဲ့သည်။ အမရပူရမြို့သို့ ရောက်သည့်အခါ မြို့တော်အရှေ့မြောက်ထောင့် အောင်မြေဘုံကျော်ကျောင်းတိုက်တွင် သီတင်းသုံးခဲ့သည်။

ဆရာတော်သည် “ဝိမလာဘိဝံသ [မှတ်စု ၁] မဟာဓမ္မရာဇာဓိရာဇဂုရု” တံဆိပ်တော်ကို ရခဲ့သည်။ [၁]

ပျံလွန်တော်မူခြင်း[ပြင်ဆင်ရန်]

ဆရာတော်သည် ၁၂၁၃ ခုနှစ်နောက်ပိုင်းတွင်မှ ပျံလွန်တော်မူခဲ့သည်။ [၁]

မှတ်စု[ပြင်ဆင်ရန်]

  1. မင်းလှသီရိသီဟသူ၏ မှတ်တမ်းတွင် “ဝိရိယာဘိဝံသ” ဟု ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ လှသမိန် (၁၉၆၁ ခုနှစ်). ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်. ၃၅၇၊ ဗိုလ်အောင်ကျော်လမ်း၊ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်, ၈၂။