ထိုင်းအောက်လွှတ်တော်
| ထိုင်းအောက်လွှတ်တော် สภาผู้แทนราษฎร Sapha Phuthaen Ratsadon | |
|---|---|
| ၂၆ ကြိမ်မြောက် အောက်လွှတ်တော်အစည်းအဝေး | |
ထိုင်းလွှတ်တော်အမှတ်တံဆိပ် | |
| အမျိုးအစား | |
| အမျိုးအစား | ထိုင်းနိုင်ငံ၏ လွှတ်တော် ၏ |
| ခေါင်းဆောင်များ | |
လွှတ်တော်ဥက္ကဋ္ဌ | Wan Muhamad Noor Matha၊ Prachachat Party 5 July 2023 ကတည်းက |
လွှတ်တော် ဒုဥက္ကဋ္ဌ (၁) | |
လွှတ်တော် ဒုဥက္ကဋ္ဌ (၂) | Paradorn Prissanananthakul၊ Bhumjaithai Party 13 September 2024 ကတည်းက |
အစိုးရပိုင်း ညှိနှိုင်းရေးမှူး | Wisut Chaiyarun၊ ဖွေထိုင်းပါတီ 22 February 2024 ကတည်းက |
အတိုက်အခံခေါင်းဆောင် | Natthaphong Ruengpanyawut၊ ပြည်သူ့ပါတီ 25 September 2024 ကတည်းက |
အတိုက်အခံပိုင်း ညှိနှိုင်းရေးမှူး | Pakornwut Udompipatskul၊ People’s 26 December 2023 ကတည်းက |
| ဖွဲ့စည်းပုံ | |
| အမတ်ဦးရေ | ၅၀၀ |
နိုင်ငံရေး အုပ်စုများ | ညွှန့်ပေါင်းအစိုးရပါတီများ (323)
|
သက်တမ်း | Four years |
| ရွေးကောက်ပွဲများ | |
| တိုက်ရိုက်ရွေးကောက်မှု (400 နေရာ) အချိုးကျပါတီစာရင်းမှ ရွေးကောက်မှု (100 နေရာ) | |
နောက်ဆုံး ရွေးကောက်ပွဲ | 14 May 2023 |
လာမည့် ရွေးကောက်ပွဲ | 28 June 2027 မတိုင်မီ |
| အစည်းအဝေးနေရာ | |
| ဘုရားသူရိယခန်းမ လွှတ်တော်အဆောက်အအုံ ဒူဆစ်မြို့နယ် ဘန်ကောက်၊ ထိုင်းနိုင်ငံ | |
| ဝက်ဘ်ဆိုဒ် | |
| www.parliament.go.th | |
ထိုင်းအောက်လွှတ်တော် (ထိုင်း: สภาผู้แทนราษฎร, ဆဖာဖူးထန်ရတ်ဆာဒွန်) သည် ထိုင်းနိုင်ငံ၏ ဥပဒေပြုရေးရာ အောက်လွှတ်တော်ဖြစ်ပြီး ထိုင်းအစိုးရ၏ ဥပဒေပြုရေးအဖွဲ့အစည်းဖြစ်သည်။ လက်ရှိတွင် အဖွဲ့ဝင် စုစုပေါင်း ၅၀၀ ဦး ဖြင့် ဖွဲ့စည်းထားသည်။ ၎င်းတို့အနက် ၄၀၀ ဦး ကို မဲဆန္ဒနယ်များအလိုက် တိုက်ရိုက်ရွေးကောက်တင်မြှောက်ပြီး၊ ကျန် ၁၀၀ ဦး ကို နိုင်ငံတစ်ဝန်း မဲဆန္ဒနယ်အဖြစ် သတ်မှတ်ထားသော နိုင်ငံရေးပါတီ၏ ပါတီစာရင်းစနစ်ဖြင့် ရွေးချယ်သည်။ အောက်လွှတ်တော်၏ သက်တမ်းသည် ရွေးကောက်ပွဲကျင်းပသည့်နေ့မှစ၍ လေးနှစ် ဖြစ်သည်။
အောက်လွှတ်တော်အမတ်များသည် ထိုင်းပြည်သူလူထု၏ ကိုယ်စားလှယ်များဖြစ်ပြီး ဥပဒေပြုရေးနှင့် နိုင်ငံတော်အုပ်ချုပ်ရေးကို ထိန်းချုပ်ကြီးကြပ်ရန် တိုက်ရိုက်တာဝန်ရှိသည်။ ၎င်းတို့၏ တာဝန်များတွင် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်သင့်သူများကို သဘောတူညီပေးခြင်း၊ မေးခွန်းထုတ်ခြင်း (interpellation) နှင့် ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးတစ်ဦးအား အယုံအကြည်မရှိအဆို (no-confidence motion) တင်သွင်းရန် အထွေထွေဆွေးနွေးပွဲဖွင့်လှစ်ရန် အဆိုပြုခြင်းတို့ ပါဝင်သည်။
၂၀၁၄ ခုနှစ် ထိုင်းအာဏာသိမ်းမှုကြောင့် အောက်လွှတ်တော်ကို ယာယီဖျက်သိမ်းခဲ့သည်။ ထိုအစား အမျိုးသားငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးကောင်စီ (National Council for Peace and Order) မှ ရွေးချယ်ထားသော အဖွဲ့ဝင် ၂၅၀ ဦး ပါဝင်သည့် လွှတ်တော်တစ်ရပ် (unicameral) ဖြစ်သော အမျိုးသားဥပဒေပြုလွှတ်တော် (National Legislative Assembly) ဖြင့် အစားထိုးခဲ့သည်။ ၂၀၁၇ ခုနှစ် ဧပြီလတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ကို အတည်ပြုပြဋ္ဌာန်းပြီးနောက်မှသာ အောက်လွှတ်တော်ကို ပြန်လည်ဖွဲ့စည်းနိုင်ခဲ့သည်။ [၁]
လွှတ်တော်၏ အမည်နာမ
[ပြင်ဆင်ရန်]စဖာဖူးထန်ရတ်ဆာဒွန် (สภาผู้แทนราษฎร, ပါဠိသက်: သဘာ.ဖူးထန်. ရဋ္ဌ) ဟူသော လွှတ်တော်၏ ထိုင်းအမည်သည် မြန်မာဘာသာဖြင့် တိုက်ရိုက်ပြန်ဆိုပါက "ပြည်သူ့ကိုယ်စားလှယ်များ၏ လွှတ်တော်" သို့မဟုတ် "ကိုယ်စားလှယ်များ၏ လွှတ်တော်" ဟု အဓိပ္ပာယ်ရသည်။ ၎င်းသည် ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသော ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်ကြောင်းကို ဖော်ညွှန်းသည်။
ဥပဒေပြုခြင်း
[ပြင်ဆင်ရန်]ထိုင်းနိုင်ငံတွင် ဥပဒေပြုခြင်းလုပ်ငန်းစဉ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်ပြီး၊ အဓိကအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်သက်ဆိုင်သော ဥပဒေကြမ်းများ (Constitutional Organic Acts) နှင့် သာမန်ဥပဒေကြမ်းများ (Acts) ဟူ၍ နှစ်မျိုးရှိသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်သက်ဆိုင်သော ဥပဒေကြမ်းများ
[ပြင်ဆင်ရန်]ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်သက်ဆိုင်သော ဥပဒေကြမ်း များကို အောက်ပါပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများကသာ တင်သွင်းနိုင်သည်။ (၂၀၁၇ ခုနှစ် ထိုင်းဘုရင့်နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၃၁ အရ)
- အစိုးရအဖွဲ့ (ကက်ဘိနတ်)၊ တရားရုံးချုပ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး သို့မဟုတ် သက်ဆိုင်ရာ လွတ်လပ်သော အဖွဲ့အစည်းများ၏ အကြံပြုချက်အရ။
- အောက်လွှတ်တော်အမတ်များ၏ ဆယ်ပုံတစ်ပုံအောက် မနည်းသော အရေအတွက်။
ဥပဒေကြမ်းများအား စဉ်းစားသုံးသပ်ခြင်း
[ပြင်ဆင်ရန်]၂၀၁၇ ခုနှစ် ထိုင်းဘုရင့်နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၃၂ အရ လွှတ်တော် သို့ တင်သွင်းရမည်ဖြစ်ပြီး၊ လွှတ်တော်နှစ်ရပ်ပေါင်းပြီး အစည်းအဝေးကျင်းပ၍ ရက်ပေါင်း ၁၈၀ အတွင်း ဥပဒေကြမ်းကို စဉ်းစားသုံးသပ်ပြီးစီးအောင် လုပ်ဆောင်ရမည်။ တတိယအဆင့် မဲခွဲဆုံးဖြတ်ရာတွင် လွှတ်တော်အဖွဲ့ဝင် စုစုပေါင်း၏ ထက်ဝက်ကျော် ထောက်ခံမဲ ရရှိရမည်။ သတ်မှတ်ထားသည့် အချိန်အတွင်း လွှတ်တော်က စဉ်းစားသုံးသပ်ခြင်း မပြီးပြတ်ပါက၊ ပုဒ်မ ၁၃၁ အရ တင်သွင်းထားသည့် မူကြမ်းကို လွှတ်တော်က သဘောတူညီသည်ဟု မှတ်ယူရမည်။
လွှတ်တော်က ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်သက်ဆိုင်သော ဥပဒေကြမ်းကို သဘောတူပြီး ၁၅ ရက်အတွင်း အဆိုပါဥပဒေကြမ်းကို တရားရုံးချုပ်၊ ဖွဲ့စည်းပုံအခြေခံဥဒေခုံရုံး သို့မဟုတ် သက်ဆိုင်ရာ လွတ်လပ်သောအဖွဲ့အစည်းများသို့ သဘောထားမှတ်ချက်ပေးရန် ပေးပို့ရမည်။ အကယ်၍ အဆိုပါအဖွဲ့အစည်းများက ရက်ပေါင်း ၁၀ ရက်အတွင်း ကန့်ကွက်ရန်မရှိပါက လွှတ်တော်သည် ဆက်လက်ဆောင်ရွက်နိုင်သည်။
တရားရုံးချုပ်၊ ဖွဲ့စည်းပုံအခြေခံဥဒေခုံရုံး သို့မဟုတ် သက်ဆိုင်ရာ လွတ်လပ်သောအဖွဲ့အစည်းများက လွှတ်တော်က သဘောတူထားသည့် ဥပဒေကြမ်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်သော သို့မဟုတ် တာဝန်များကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ မှန်ကန်စွာ မဆောင်ရွက်နိုင်စေသော အချက်တစ်စုံတစ်ရာ ပါဝင်နေသည်ဟု ယူဆပါက ၎င်းတို့၏ သဘောထားမှတ်ချက်ကို လွှတ်တော်သို့ တင်ပြရမည်။ လွှတ်တော်သည် အဆိုပါသဘောထားမှတ်ချက်ကို လက်ခံရရှိပြီး ရက်ပေါင်း ၃၀ အတွင်း အစည်းအဝေးကျင်းပကာ စဉ်းစားသုံးသပ်ရမည်။ ဤကိစ္စတွင် လွှတ်တော်သည် တရားရုံးချုပ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး သို့မဟုတ် လွတ်လပ်သောအဖွဲ့အစည်းများ၏ အကြံပြုချက်များအတိုင်း လိုအပ်သလို ပြင်ဆင်ခွင့်ရှိပြီး၊ ပြီးစီးပါက ဆက်လက်ဆောင်ရွက်နိုင်သည်။
သာမန်ဥပဒေကြမ်းများ
[ပြင်ဆင်ရန်]သာမန်ဥပဒေကြမ်း များကို အောက်လွှတ်တော် သို့သာ ဦးစွာ တင်သွင်းရမည်။
၂၀၁၇ ခုနှစ် ထိုင်းဘုရင့်နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၃၃ အရ တင်သွင်းနိုင်သူများမှာ-
- အစိုးရအဖွဲ့ (ကက်ဘိနတ်)
- အောက်လွှတ်တော်အမတ် အနည်းဆုံး ၂၀ ဦး
- မဲပေးခွင့်ရှိသူ အနည်းဆုံး ၁၀,၀၀၀ ဦး၏ လက်မှတ်ထိုး တင်သွင်းသော ဥပဒေကြမ်းများ။ ၎င်းတို့သည် ထိုင်းပြည်သူလူထု၏ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များ ဆိုင်ရာ အခန်း ၃ သို့မဟုတ် နိုင်ငံတော်၏ တာဝန်များ ဆိုင်ရာ အခန်း ၄ ပါ ဥပဒေများနှင့် သက်ဆိုင်ရမည်။ ဥပဒေတင်သွင်းခြင်းဆိုင်ရာ ဥပဒေများနှင့်အညီ ဖြစ်ရမည်။
- ဝန်ကြီးအဖွဲ့မှမဟုတ်ဘဲ အခြားသူများက တင်သွင်းသည့် ဥပဒေကြမ်းသည် ငွေကြေးနှင့်သက်ဆိုင်သော ဥပဒေကြမ်း ဖြစ်ပါက ဝန်ကြီးချုပ်၏ ထောက်ခံချက်ရရှိမှသာ တင်သွင်းခွင့်ရှိသည်။
သာမန်ဥပဒေကြမ်းများအား စဉ်းစားသုံးသပ်ခြင်း
[ပြင်ဆင်ရန်]၂၀၁၇ ခုနှစ် ထိုင်းဘုရင့်နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၃၄ အရ အောက်လွှတ်တော်က ဥပဒေကြမ်းတစ်ခုကို စဉ်းစားသုံးသပ်ပြီး သဘောတူညီပြီးပါက၊ အဆိုပါဥပဒေကြမ်းကို အထက်လွှတ်တော် (Senate) သို့ တင်သွင်းရမည်။ အထက်လွှတ်တော်သည် တင်သွင်းလာသော ဥပဒေကြမ်းကို ရက်ပေါင်း ၆၀ အတွင်း စဉ်းစားသုံးသပ်ပြီးစီးအောင် လုပ်ဆောင်ရမည်။ သို့သော် အကယ်၍ ၎င်းသည် ငွေကြေးနှင့်သက်ဆိုင်သော ဥပဒေကြမ်းဖြစ်ပါက ရက်ပေါင်း ၃၀ အတွင်း ပြီးစီးရမည်။ အထက်လွှတ်တော်က အထူးအခြေအနေအရ ရက်ပေါင်း ၃၀ ထက် မပိုသော အချိန်ကို ထပ်မံတိုးမြှင့်ရန် မဲခွဲဆုံးဖြတ်ပါက ကွဲပြားနိုင်သည်။ အဆိုပါ သတ်မှတ်ရက်များသည် လွှတ်တော်အစည်းအဝေး ကာလအတွင်းမှ ရက်များကို ဆိုလိုပြီး၊ ဥပဒေကြမ်း အထက်လွှတ်တော်သို့ ရောက်ရှိသည့်နေ့မှစ၍ ရေတွက်ရမည်။
ဖတ်ပါ
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ "Explainer: New rules for the House of Representatives"၊ Bangkok Post၊ 2019-01-06။