ထိုင်းအစိုးရအဖွဲ့
| ထိုင်းနိုင်ငံ၏အစိုးရအဖွဲ့အစည်း | |
|---|---|
| คณะรัฐมนตรีแห่งราชอาณาจักรไทย | |
အစိုးရအဖွဲ့၏ အမှတ်တံဆိပ် | |
| အစိုးရ အကျဉ်းချုပ် | |
| ဖွဲ့စည်းခြင်း | ၂၈ ဇွန် ၁၉၃၂ |
| အဖွဲ့အစည်းအမျိုးအစား | အများဆန္ဒဖြင့် အုပ်ချုပ်ရေးတာဝန် ထမ်းဆောင်သည့် ကောင်စီ |
| ဆောင်ပုဒ် | สุจริต เสียสละ สามัคคี (သုစရိတ၊ ပေးဆပ်ခြင်း၊ သာမဂ္ဂီ) |
| ဌာနအကြီးအမှူးများ | အာနုထင်း ချာန်ဝီရာကွန်း၊ ဝန်ကြီးချုပ် |
ထိုင်းနိုင်ငံ၏ အစိုးရအဖွဲ့ (คณะรัฐมนตรี, ပါဠိမူရင်း - ဂဏ.ရဋ္ဌ.မန္တီ, Khana Rattha Montri) သည် ထိုင်းဘုရင့်နိုင်ငံတော်တွင် နိုင်ငံတော်၏ အုပ်ချုပ်ရေးကဏ္ဍကို ဆောင်ရွက်သည့် ပုဂ္ဂိုလ်များအဖွဲ့ဖြစ်သည်။ အစိုးရအဖွဲ့သည် ထိုင်းအစိုးရ၏ ဌာနဆိုင်ရာများကို ဦးဆောင်မောင်းနှင်သည့် အဓိကပုဂ္ဂိုလ်အုပ်စုဖြစ်သည်။ အစိုးရအဖွဲ့ဝင်များကို ဝန်ကြီးချုပ် က အမည်စာရင်းတင်သွင်းပြီး ထိုင်းဘုရင်မင်းမြတ် က တရားဝင် ခန့်အပ်သည်။ ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့၏ အကြီးအကဲဖြစ်ပြီး၊ အစိုးရအဖွဲ့တွင် ဒုတိယဝန်ကြီးချုပ်များနှင့် အမျိုးမျိုးသော ဝန်ကြီးဌာနများ၏ ဝန်ကြီးများ ပါဝင်သည်။
ထိုင်းနိုင်ငံ၏ အစိုးရအဖွဲ့သည် ၁၉၃၂ ခုနှစ်တွင် အုပ်ချုပ်ရေးစနစ် ဒီမိုကရေစီသို့ ပြောင်းလဲပြီးနောက်၊ ၁၉၃၂ ခုနှစ် စယာမ်နိုင်ငံ အုပ်ချုပ်ရေး ယာယီဖွဲ့စည်းပုံအခြေခံဥပဒေအရ ပထမဆုံးအကြိမ် ပေါ်ပေါက်လာခဲ့သည်။ ထိုအချိန်က ၎င်းကို ပြည်သူ့ကော်မတီ (คณะกรรมการราษฎร) ဟု ခေါ်ဆိုခဲ့သည်။ ၁၉၃၂ ခုနှစ် ထိုင်းဘုရင့်နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြဋ္ဌာန်းပြီးနောက်မှသာ အစိုးရအဖွဲ့ (คณะรัฐมนตรี) ဟု အမည်ပြောင်းလဲခဲ့ပြီး ယနေ့အထိ ထိုအမည်ကို အသုံးပြုလျက်ရှိသည်။
ဝန်ကြီးအရေအတွက်သည် ထိုစဉ်က ပြဋ္ဌာန်းထားသော ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖြစ်သည်။ လက်ရှိအသုံးပြုနေသော ၂၀၁၇ ခုနှစ် ထိုင်းဘုရင့်နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ အရ အစိုးရအဖွဲ့တွင် ဝန်ကြီး (၃၅) ဦးထက် မပိုစေရဟု သတ်မှတ်ထားသည်။ ဝန်ကြီးချုပ် (၁) ဦးပါ ထည့်တွက်လျှင် စုစုပေါင်း (၃၆) ဦး ရှိသည်။
လက်ရှိ ထိုင်းအစိုးရအဖွဲ့
[ပြင်ဆင်ရန်]ဒုတိယသက်တမ်းအတွက် ပြန်လည်ရွေးချယ်တင်မြှောက်ခံရပြီးနောက် အနုတင် ချာန်ဗီရာကူးလ် (Anutin Charnvirakul) က ရွေးချယ်ဖွဲ့စည်းခဲ့သော ဒုတိယဝန်ကြီးချုပ် ၇ ဦး အပါအဝင် အဖွဲ့ဝင် ၃၅ ဦးပါ အစိုးရအဖွဲ့ (ကက်ဘိနက်) ကို ထိုင်းဘုရင်မင်းမြတ် မဟာဝိဇာရာလင်္ကရဏက ၂၀၂၆ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ခန့်အပ်ခဲ့သည်။[၁]
| ဝန်ကြီးများ | ဝန်ကြီးဌာနများ | တာဝန်စတင်ခြင်း | နိုင်ငံရေးပါတီ | ||
|---|---|---|---|---|---|
| အနုထင် ချန်ဝီရာကွန် | ဝန်ကြီးချုပ် ပြည်ထဲရေးဝန်ကြီး |
၇ စက်တင်ဘာ ၂၀၂၅ | ဘူမ်ကျိုင်းထိုင်းပါတီ | ||
| Phipat Ratchakitprakarn | ဒုတိယဝန်ကြီးချုပ် ပို့ဆောင်ရေးဝန်ကြီး |
၃၀ မတ် ၂၀၂၆ | ဘူမ်ကျိုင်းထိုင်းပါတီ | ||
| Songsak Thongsri | ဒုတိယဝန်ကြီးချုပ် | ဘူမ်ကျိုင်းထိုင်းပါတီ | |||
| Ekniti Nitithanprapas | ဒုတိယဝန်ကြီးချုပ် ဘဏ္ဏာရေးဝန်ကြီး |
ဘူမ်ကျိုင်းထိုင်းပါတီ | |||
| Sihasak Phuangketkeow | ဒုတိယဝန်ကြီးချုပ်
နိုင်ငံခြားရေးဝန်ကြီး |
ဘူမ်ကျိုင်းထိုင်းပါတီ | |||
| Suphajee Suthumpun | ဒုတိယဝန်ကြီးချုပ်
စီးပွားကူးသန်ဝန်ကြီး |
ဘူမ်ကျိုင်းထိုင်းပါတီ | |||
| Pakorn Nilprapunt | ဒုတိယဝန်ကြီးချုပ် | တစ်သီးပုဂ္ဂလ | |||
| Yodchanan Wongsawat | ဒုတိယဝန်ကြီးချုပ်
အဆင့်မြင့်ပညာရေး၊ သိပ္ပံ၊ သုသေတနနှင့် တီထွင်မှုဝန်ကြီး |
ဖွေထိုင်းပါတီ | |||
| Supamas Isarabhakdi | ဝန်ကြီးရုံး၏ ဝန်ကြီးများ | ဘူမ်ကျိုင်းထိုင်းပါတီ | |||
| Napinthorn Srisanpang | ဘူမ်ကျိုင်းထိုင်းပါတီ | ||||
| Paradorn Prissananantakul | ဘူမ်ကျိုင်းထိုင်းပါတီ | ||||
| Suksomruay Wantaneeakul | ဘူမ်ကျိုင်းထိုင်းပါတီ | ||||
| Lieutenant General Adul Boonthumjaroen | ကာကွယ်ရေးဝန်ကြီး | တစ်သီးပုဂ္ဂလ | |||
| Surasak Phancharoenworakul | ခရီးသွားလာရေးနှင့် အားကစားဝန်ကြီး | ဘူမ်ကျိုင်းထိုင်းပါတီ | |||
| Nikorn Soemklang | လူမှုဖွံ့ဖြိုးရေးနှင့် လူမှုဖှုလုံရေးဝန်ကြီး | ဖွေထိုင်းပါတီ | |||
| Suriya Jungrungreangkit | စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီး | ဖွေထိုင်းပါတီ | |||
| Watcharaphol Khawkhum |
စိုက်ပျိုးရေးနှင့် သမဝါယမ ဒုဝန်ကြီးများ |
ဖွေထိုင်းပါတီ | |||
| Piyarat Tiyapairat | ဖွေထိုင်းပါတီ | ||||
| Siripong Angkasakulkiat | ပို့ဆောင်ရေးဒုဝန်ကြီးများ | ဘူမ်ကျိုင်းထိုင်းပါတီ | |||
| Phattharaphong Phattharaprasit | ဘူမ်ကျိုင်းထိုင်းပါတီ | ||||
| Sanphet Boonyamanee | ဘူမ်ကျိုင်းထိုင်းပါတီ | ||||
| Chaichanok Chidchob | ဒီဂျီတယ်စီးပွားရေးနှင့် လူမှုရေးဝန်ကြီး | ဘူမ်ကျိုင်းထိုင်းပါတီ | |||
| Boonthida Somchai | ဒီဂျီတယ်စီးပွားရေးနှင့် လူမှုရေးဒုဝန်ကြီး | ဘူမ်ကျိုင်းထိုင်းပါတီ | |||
| Suchart Chomklin | သယံဇာတနှင့် ပတ်ဝန်းကျင်ဝန်ကြီး | ဘူမ်ကျိုင်းထိုင်းပါတီ | |||
| Akanat Promphan | စွမ်းအင်ဝန်ကြီး | ဘူမ်ကျိုင်းထိုင်းပါတီ | |||
| Polpheer Suwannachee | ပြည်ထဲရေးဒုဝန်ကြီးများ | ဘူမ်ကျိုင်းထိုင်းပါတီ | |||
| Jeseth Thaiseth | ဘူမ်ကျိုင်းထိုင်းပါတီ | ||||
| Vorasit Liangprasitl | ဘူမ်ကျိုင်းထိုင်းပါတီ | ||||
| Pol. Lt. Gen. Rutthaphon Naowarat | တရားရေးဝန်ကြီး | ဘူမ်ကျိုင်းထိုင်းပါတီ | |||
| Julapun Amornvivat | အလုပ်သမားဝန်ကြီး | ဖွေထိုင်းပါတီ | |||
| Sabida Thaiseth | ယဉ်ကျေးမှုဝန်ကြီး | ဘူမ်ကျိုင်းထိုင်းပါတီ | |||
| Prasert Jantararuangtong | ပညာရေးဝန်ကြီး | ဖွေထိုင်းပါတီ | |||
| Akkharanan Kannakittinan | ပညာရေးဒုဝန်ကြီး | ဖွေထိုင်းပါတီ | |||
| Pattana Promphat | ကျန်းမာရေးဝန်ကြီး | ဘူမ်ကျိုင်းထိုင်းပါတီ | |||
| Varawut Silpa-archa | စက်မှုဝန်ကြီး | ဘူမ်ကျိုင်းထိုင်းပါတီ | |||
ကိုးကား
[ပြင်ဆင်ရန်]- ↑ "Thai Royal Gazette confirms new cabinet under PM Anutin ahead of swearing-in" (in en)၊ Pattaya Mail၊ 1 April 2026။