မာတိကာသို့ ခုန်သွားရန်

ထိုင်းနိုင်ငံ၏ အုပ်ချုပ်ရေး နယ်မြေဒေသများ

ဝီကီပီးဒီးယား မှ
ထိုင်းနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေများ
ခရိုင်အဆင့်
ဒေသန္တရအဆင့်
ပထမအဆင့်

ဒုတိယအဆင့်



  • ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့
    (Ongkan borihan suan tambon)

ဘန်ကောက်မြို့တော်အုပ်ချုပ်မှု
မြို့နယ်မြူနီစီပယ်

ရပ်ကွက်များ

မှတ်ချက်: † အထူးအုပ်ချုပ်ရေးဧရိယာ

ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှတိုက်ရှိ တစ်ပြည်ထောင်နိုင်ငံ (unitary state) ဖြစ်သည်။ အုပ်ချုပ်ရေးနယ်မြေများကို ဗဟိုပူးတွဲမှီခိုမှုအောက်တွင် ပိုင်းခြားထားပြီး ဗဟိုအစိုးရက ခရိုင်များအတွက် အရာအားလုံးကို ဆုံးဖြတ်ပေးသည်။

တိုင်းပြည်ကို အုပ်ချုပ်မှုနယ်မြေအဆင့် ၃ ဆင့်ဖြင့် ပိုင်းခြားထားသော်လည်း တရားဝင်မဟုတ်သော ဒေသအလိုက်ပိုင်းခြား ဖော်ပြမှု (ဥပမာ - parimonthon, phak ) လည်း ရှိပါသည်။ အထူးအုပ်ချုပ်ခွင့်ရဧရိယာကိုလည်း သတ်မှတ်ထားသည်။

အစိုးရအုပ်ချုပ်မှုကို ပုံမှန်အုပ်ချုပ်မှုနှင့် မြူနီစီပယ်အုပ်ချုပ်မှု နှစ်မျိုးဖြင့် ခွဲခြားထားသည်။ ပုံမှန်အုပ်ချုပ်မှုသည် ဗဟိုအစိုးရက တိုက်ရိုက်အုပ်ချုပ်ပြီး မြူနီစီပယ်အုပ်ချုပ်မှုကို လွတ်လပ်စွာ စီမံခွင့်ကို ပေးအပ်သည်။​ သို့သော်လည်း ထိုင်းဗဟိုအစိုးရ အုပ်ချုပ်ပုံက ချုပ်ကိုင်းထားစေဖြစ်ပါသည်။ ဒီစနစ်သည် အနောက်တိုင်းနှင့် ထိတွေ့မှု များပြားလားပြီးနောက်ပိုင်း၍ ရာမ ၅ ဘုရင် အုပ်စိုးစဉ်ကာလအတွင်းက ဤအုပ်ချုပ်ရေးစနစ်ကို စတင်လာသည်။

အစိုးရအုပ်ချုပ်ရေးဌာန စီမံခန့်ခွဲမှုဆိုင်ရာဝန်ဆောင်မှုများကို နိုင်ငံတော်အစိုးရအဖွဲ့အက်ဥပဒေ ၁၉၉၁တွင် ပြဋ္ဌာန်းထားသည်။(พระราชบัญญัติระเบียบบริหารราชการแผ่นดิน พ.ศ. 2534) ဤအက်ဥပဒေအရဝန်ဆောင်မှုများကို ဗဟို၊ ခရိုင်နှင့် ဒေသန္တရအဆင့်သုံးခု ခွဲထားသည်။[]

ဗဟိုအစိုးရ

[ပြင်ဆင်ရန်]

ထိုင်းနိုင်ငံ၏ ဗဟိုအစိုးရ (ราชการส่วนกลาง, rātchā kānsūan klāng, ရာချာ.ကန်ဆွန်.ကလန်) တွင် ဝန်ကြီးဌာနများ (กระทรวง, krà-sūang, ကရာဆွန်)၊ ဗျူရိုများ (ทบวง, thá-būang, ထဘောင်) နှင့် ဌာနများ (กรม, krom, ကရောမ်) တို့ ပါဝင်သည်။

ယခင်က ဗျူရိုများရှိခဲ့သော်လည်း လက်ရှိတွင် ဗျူရိုများ မရှိတော့ပါ။ ဝန်ကြီးဌာနတစ်ခုစီကို ဝန်ကြီး (รัฐมนตรี, rát-thá-mon-trī, ရဋ္ဌ.မန္တီ) တစ်ဦးက ဦးဆောင်ပြီး၊ ၎င်းဝန်ကြီးများသည် ဝန်ကြီးများကောင်စီ (คณะรัฐมนตรี, khá-ná rát-thá-mon-trī, ဂဏ.ရဋ္ဌ.မန္တီ) ၏ အဖွဲ့ဝင်များ ဖြစ်ကြသည်။

ဗျူရို (ทบวง, thá-būang) တစ်ခုသည် လွတ်လပ်သော အေဂျင်စီတစ်ခုဖြစ်ပြီး ဝန်ကြီးဌာနနှင့် တူညီသော အဆင့်ရှိနိုင်သည်။ လက်ရှိတွင် ဌာန (Department) များသည် ဝန်ကြီးဌာနများအောက်တွင် တည်ရှိသည်။ ဝန်ကြီးဌာနများနှင့် ဌာနများကို ဌာနများ (กรม, krom) အဖြစ် ထပ်မံခွဲခြားထားသည်။ ဌာနတစ်ခုစီကို ညွှန်ကြားရေးမှူးချုပ် (Director-General) က ဦးဆောင်ပြီး၊ ၎င်း၏ ရာထူးသည် ဝန်ကြီးအဆင့်အတန်းနှင့် တူညီသည်။

လွတ်လပ်သော ဗဟိုအစိုးရအေဂျင်စီများ

[ပြင်ဆင်ရန်]

ဝန်ကြီးဌာန၊ ဗျူရို သို့မဟုတ် ဌာနတစ်ခုခုအောက်တွင် မရှိဘဲ ထိုင်းဝန်ကြီးချုပ်၏ တိုက်ရိုက်လက်အောက်ခံ ဖြစ်သော လွတ်လပ်သော ဗဟိုအစိုးရအေဂျင်စီများလည်း ရှိသည်။ ၎င်းတို့၏ အဖွဲ့အစည်းများမှာ အောက်ပါအတိုင်း ဖြစ်သည်-

  • တော်ဝင်အိမ်တော်ဗျူရို (สำนักพระราชวัง, Samnak Phra Ratcha Wang, ဆမ်နက်.ဘုရား.ရာဇဝင်း, Bureau of Royal Household)
  • တော်ဝင်ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းဘုတ်အဖွဲ့ရုံး (สำนักงานคณะกรรมการพิเศษเพื่อประสานงานโครงการอันเนื่องมาจากพระราชดำริ, Samnak Ngan Khana Kammakan Phiset Phuea Prasan Ngan Khrongkan An Dueang Ma Chak Phra Ratcha Damri - RDPB)
  • အမျိုးသားရဲအေဂျင်စီ (สำนักงานตำรวจแห่งชาติ, Samnak Ngan Tamruat Haeng Chat - National Police Agency aka Royal Thai Police)
  • ဗုဒ္ဓဘာသာအမျိုးသားရုံး (สำนักงานพระพุทธศาสนาแห่งชาติ, Samnak Ngan Phra Phuttha Satsana Haeng Chat - ONaB)
  • ထိုင်းနိုင်ငံတော်ဝင်အင်စတီကျု (ราชบัณฑิตยสถาน, Ratcha Bandittaya Sathan - RIT)
  • တောင်ပိုင်းနယ်စပ်ဒေသအုပ်ချုပ်ရေးစင်တာ (ศูนย์อำนวยการบริหารจังหวัดชายแดนภาคใต้, Sun Am Nuai Kan Borihan Changwat Chai Daen Phak Tai - SBPAC)

ခရိုင်အစိုးရ

[ပြင်ဆင်ရန်]

ကျန်ဝတ် ခေါ် ခရိုင်များ (Changwat)

[ပြင်ဆင်ရန်]

ကျန်ဝတ် (ထိုင်း: จังหวัด; အင်္ဂလိပ်: Changwat) ဟုခေါ်သော ခရိုင်များ သည် ထိုင်းနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေတွင် ပထမအဆင့်နှင့် အမြင့်ဆုံးအဆင့် ဖြစ်သည်။ ထိုင်းနိုင်ငံကို ခရိုင်ပေါင်း ၇၆ ခုဖြင့် ဖွဲ့စည်းထားသည်။ ရံဖန်ရံခါတွင် ယခင်က ခရိုင်တစ်ခု ဖြစ်ဖူးသော ဘန်ကောက်မြို့ကို ထည့်သွင်းရေတွက်ကာ ခရိုင်ပေါင်း ၇၇ ခု ရှိသည်ဟုလည်း ပြောဆိုလေ့ရှိသည်။ ကျန်ဝတ်/ခရိုင်အဆင့်သည် တိုင်းပြည်၏ အမြင့်ဆုံး အုပ်ချုပ်ရေးဆိုင်ရာ အဆင့်ဖြစ်သည်။ ခရိုင်တစ်ခုစီကို အုပ်ချုပ်ရေးမှူး က အုပ်ချုပ်ပြီး၊ ခရိုင်အုပ်ချုပ်ရေးသည် ခရိုင်အဆင့် မူဝါဒနှင့် ဥပဒေများ လိုက်နာမှုရှိစေရန် တာဝန်ရှိသည်။

အုပ်ချုပ်မှု

[ပြင်ဆင်ရန်]

ခရိုင်များကို ဗဟိုအစိုးရမှ ခန့်အပ်သော ခရိုင်အကြီးအကဲ (အုပ်ချုပ်ရေးမှူး) များက အုပ်ချုပ်သည်။ အထူးသဖြင့် ပြည်ထဲရေးဝန်ကြီးဌာနသည် ၎င်းတို့အား တာဝန်ပေးအပ်သည်။ ဘန်ကောက်အုပ်ချုပ်ရေးအဖွဲ့ (Bangkok Metropolitan Administration) သည်လည်း ဤစနစ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ခရိုင်အမည်ပေးသည့်စနစ်တွင် ယေဘုယျအားဖြင့် ခရိုင်မြို့တော်၏ အမည်ကို အသုံးပြုလေ့ရှိသည်။ ထို့ကြောင့် ထိုမြို့များကို ခရိုင်နာမည်နှင့် တူညီသောမြို့များ (namesake cities) ဟု ခေါ်ကြသည်။

သမိုင်းတစ်လျှောက် တွေ့ရသော ထူးခြားသည့် ခြွင်းချက်တစ်ခုမှာ ပြင်သစ်-ဆယမ်အရေးအခင်းပြီးနောက်ပိုင်း ကာလအတွင်း ဖြစ်သည်။ ထိုအချိန်က မဲခေါင်မြစ်ကို နယ်စပ်အဖြစ်သတ်မှတ်ထားသော တင်းကြပ်မှုလျော့သောဇုန် (DMZ) တစ်ခုရှိခဲ့သည်။ ထိုကာလအတွင်းတွင် နုံးခိုင် (Nong Khai) ဟုခေါ်သော ခရိုင်တစ်ခုရှိခဲ့သော်လည်း ၎င်း၏ မြို့တော်သည် ဘန်ခဲန် (Ban Makkhaeng) တွင် တည်ရှိခဲ့သည်။

ခရိုင်တစ်ခုကို ပြည်ထဲရေးဝန်ကြီးဌာနမှ ခန့်အပ်သော ခရိုင်အုပ်ချုပ်ရေးမှူး (ထိုင်း: ผู้ว่าราชการจังหวัด; အင်္ဂလိပ်: Phuwa Ratchakan Changwat) မှ အုပ်ချုပ်သည်။ ခရိုင်များကို စတင်တည်ထောင်ချိန်က အုပ်ချုပ်မှုအခြေစိုက်ရာမြို့များ၏ အမည်ဖြင့် အမည်ပေးခဲ့သည်။ ထို့အပြင်၊ ခရိုင်အချို့တွင် အုပ်ချုပ်ရေးရုံးကို မြို့နယ်အတွင်းမှ အပြင်ဘက်သို့ ပြောင်းရွှေ့ထားခြင်းလည်း တွေ့ရသည်။

ခရိုင်အစိုးရ ဖွဲ့စည်းပုံ

[ပြင်ဆင်ရန်]

ခရိုင်အစိုးရ (ราชการส่วนภูมิภาค, ရာချာကန်.ဆွန်.ဘူမိဘက်) တွင် ကျန်ဝတ် (จังหวัด changwat) ဟုခေါ်သော ခရိုင်များ ပါဝင်သည်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ စစ်တမ်းများအရ ထိုင်းနိုင်ငံတွင် ခရိုင် ၇၆ ခုရှိသည်။ တစ်ခုချင်းစီကို ခရိုင်အုပ်ချုပ်ရေးမှူး (ผู้ว่าราชการจังหวัด, phu wa ratchakan changwat) က ဦးဆောင်သည်။ ခရိုင်များကို အမ်ဖေါ(อำเภอ, amphoe) ဟုခေါ်သော မြို့နယ်များအဖြစ် ထပ်မံခွဲခြားထားသည်။ ၂၀၁၀ ခုနှစ်အထိ တစ်နိုင်ငံလုံးတွင် မြို့နယ် ၈၇၈ ခုရှိခဲ့သည်။

ခရိုင်တစ်ခုချင်းစီတွင် မြို့တော်မြို့နယ် (อำเภอเมือง, amphoe mueang, အမ်ဖေါမောင်း/မိုင်း [မှတ်စု ၁]) တစ်ခုရှိသည်။ ဥပမာအားဖြင့် ချင်းမိုင်ခရိုင်၏ မြို့တော်မြို့နယ်သည် ချင်းမိုင်မြို့နယ် (อำเภอเมืองเชียงใหม่, Amphoe Mueang Chiang Mai, အမ်ဖေါမောင်းချင်းမိုင်) ဖြစ်သည်။ ခြွင်းချက်တစ်ခုမှာ နခွန်စီအယုဒ္ဓယခရိုင် (Nakhon Si Ayutthaya) ဖြစ်ပြီး၊ ၎င်း၏ ခရိုင်အမည်နှင့် မြို့တော်မြို့နယ်အမည် နှစ်ခုစလုံးသည် အတူတူဖြစ်သည်။

မြို့နယ်တစ်ခုချင်းစီကို မြို့နယ်အကြီးအကဲ (นายอำเภอ, nai amphoe, နိုင်ဖမ်ဖေါ [မှတ်စု ၂]) တစ်ဦးစီက ဦးဆောင်သည်။ ၂၀၀၇ ခုနှစ်မတိုင်မီအထိ အချို့သောခရိုင်များတွင် အသေးစားမြို့နယ်များ (กิ่งอำเภอ king amphoe) ပါဝင်နိုင်ခဲ့သည်။ အသေးစားမြို့နယ်များကို ဒေသခံများ နည်းပါးသည့် သို့မဟုတ် မြို့နယ်အပြည့်အစုံ ဖွဲ့စည်းရန် အာမခံချက်မပေးနိုင်သော ကြီးမားသည့် ဧရိယာများတွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ အသေးစားမြို့နယ်တစ်ခုစီကို ปลัดอำเภอ palat amphoe (အုပ်ချုပ်ရေးမှူးလက်ထောက်) က ဦးဆောင်သည်။

ခရိုင်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အကြီးအကဲများနှင့် မြို့နယ်စာရေးများကို ဗဟိုအစိုးရမှ ခန့်အပ်သည်။

ဒေသန္တရအစိုးရ

[ပြင်ဆင်ရန်]

ထိုင်းနိုင်ငံတွင် ဒေသန္တရအုပ်ချုပ်ရေးပုံစံ (၂) မျိုး အဓိကအားဖြင့် ရှိပါတယ်။

၁။ ဒေသန္တရအုပ်ချုပ်ရေး ပုံစံအမျိုးမျိုး

[ပြင်ဆင်ရန်]

ဒီပုံစံကတော့ တစ်နိုင်ငံလုံးရဲ့ ခရိုင်နယ်အားလုံးမှာ ရှိတဲ့ ဒေသန္တရအုပ်ချုပ်ရေးပုံစံ ဖြစ်ပါတယ်။ ဒီအထဲမှာ အောက်ပါအဖွဲ့အစည်းတွေ ပါဝင်ပါတယ်-

  1. ထေဆာဘန် (เทศบาล) လို့ခေါ်တဲ့ ဗဟိုအစိုးရ စီမံခန့်ခွဲသည့် မြူနီစီပယ်အဖွဲ့များ
  2. အော်ဘော်ကျော် (อบจ.) လို့ အတိုကောက်ခေါ်တဲ့ ပြည်သူ ရွေးကောက်တင်မြှာက်တဲ့ ခရိုင်အုပ်ချုပ်ရေးအဖွဲ့ (องค์การบริหารส่วนจังหวัด, Ongkan Borihan Suan Changwat)
  3. အော်ဘော်သော် (อบต.) လို့ အတိုကောက်ခေါ်တဲ့ ပြည်သူ ရွေးကောက်တင်မြှောက်တဲ့ မြို့နယ်ခွဲ/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့ (องค์การบริหารส่วนตำบล, Ongkan Borihan Suan Tambon, အင်္ဂါကာရ.ပရိဟာရ.ဆွန်.တမ်ဘွန်)

၂။ ဒေသန္တရအုပ်ချုပ်ရေး အထူးပုံစံ

[ပြင်ဆင်ရန်]

ဒီပုံစံကတော့ အထွေထွေပုံစံနှင့် မတူဘဲ သီးခြားစီမံခန့်ခွဲသည့် စနစ်ပါ။ ဒီအထဲမှာ ဘန်ကောက်မြို့ (กรุงเทพมหานคร) နဲ့ ပတ္တရားမြို့ (เมืองพัทยา, မောင်းပတ္တရား) တို့ ပါဝင်ပါတယ်။

ကွာခြားချက်

[ပြင်ဆင်ရန်]

ခရိုင်အစိုးရ (Ratchakarn Suan Phumi Phak)

[ပြင်ဆင်ရန်]

ရာချာကန်.ဆွန်.ဖူမိဖာ့ခ် (ราชการส่วนภูมิภาค) သည် ဗဟိုအစိုးရ၏ ကိုယ်စားလှယ်အဖြစ် ခရိုင်အဆင့်တွင် တာဝန်ထမ်းဆောင်သည့် ဗဟိုအာဏာလျော့သော (decentralized) အဖွဲ့အစည်းဖြစ်သည်။ ဤအဖွဲ့အစည်း၏ အဓိကတာဝန်မှာ နိုင်ငံတော်မူဝါဒများကို ကျန်ဝတ် ခေါ် ခရိုင်အတွင်း အကောင်အထည်ဖော်ခြင်းနှင့် အုပ်ချုပ်ရေးဆိုင်ရာ တာဝန်များကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းကို ပြည်ထဲရေးဝန်ကြီးဌာနမှ တိုက်ရိုက်ထိန်းချုပ်ပြီး၊ ခရိုင်အကြီးအကဲ (ผู้ว่าราชการจังหวัด, Phuwa Ratchakan Changwat) များကိုလည်း ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ချထားသည်။ ထို့ကြောင့် ရာချ်ကာန်စွန်ဖူမိဖာ့ခ်သည် အစိုးရအဖွဲ့အောက်မှ အဆင့်ဆင့် ဖွဲ့စည်းထားသော ဗဟိုအုပ်ချုပ်ရေးယန္တရား၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

ခရိုင်အုပ်ချုပ်ရေးအဖွဲ့ (PAO)

[ပြင်ဆင်ရန်]

တစ်ဖက်တွင် ခရိုင်အုပ်ချုပ်ရေးအဖွဲ့ (PAO) သည် ဒေသခံပြည်သူများက တိုက်ရိုက်ရွေးကောက်တင်မြှောက်သည့် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ ဖြစ်သည်။ PAO ၏ အဓိကတာဝန်မှာ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ဒေသတွင်း ဖွံ့ဖြိုးရေး စသည့် ဒေသန္တရဝန်ဆောင်မှုများကို ဆောင်ရွက်ရန်ဖြစ်သည်။ ၎င်းသည် ဒေသခံပြည်သူများ၏ လိုအပ်ချက်နှင့် ဆန္ဒများကို ဖြည့်ဆည်းရန် တာဝန်ရှိပြီး၊ ဗဟိုအစိုးရ၏ တိုက်ရိုက်ထိန်းချုပ်မှုအောက်တွင် ရှိသည်မဟုတ်ဘဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အတိုင်းအတာတစ်ခုအထိ ရရှိထားသည်။

အထူးအုပ်ချုပ်ရေးဒေသ

[ပြင်ဆင်ရန်]
ဘန်ကောက်မက်ထရိုပိုလီတန်ဧရိယာပြ မြေပုံ

ဘန်ကောက်မက်ထရိုပိုလစ်တန်ဧရိယာနှင့် ပတ်ဝန်းကျင်ဒေသ (กรุงเทพมหานครและปริมณฑล, Bangkok Metropolitan Region, ကရန်ထေ့ဖ်မဟာနဂိုရ် လဲ့ ပရီမွန်ထွန်) ကို အများအားဖြင့် ဘန်ကောက်မြို့နှင့် ၎င်းနှင့်ထိစပ်နေသော ကျန်ဝတ် ၅ ခု (သို့မဟုတ် ပရီမွန်ထွန်, ပါဠိ: ပရိ.မဏ္ဍလ) ကို စုပေါင်း၍ ခေါ်ဝေါ်ကြသည်။ ဘန်ကောက်မြို့၏ မြို့ပြဧရိယာသည် ၎င်းဒေသများအထိ ကျယ်ပြန့်လာသောကြောင့် ယင်းသို့ ခေါ်ဆိုခြင်းဖြစ်သည်။


ထိုင်းနိုင်ငံ၏ တရားဝင် ဒေသခွဲခြားမှု

[ပြင်ဆင်ရန်]

ထိုင်းနိုင်ငံ၏ ဒေသများကို ကွဲပြားစွာ သတ်မှတ်ကြသည်။ တော်ဝင်အင်စတီကျု (ราชบัณฑิตยสถาน) နှင့် အမျိုးသားသုတေသနကောင်စီမှ ခန့်အပ်ထားသော အမျိုးသားပထဝီဝင်ကော်မတီ (คณะกรรมการภูมิศาสตร์แห่งชาติ) တို့၏ တရားဝင်ခွဲခြားမှုအရ ထိုင်းနိုင်ငံ၏ ဒေသများကို ဒေသကြီး ၆ ခု (ထိုင်းအခေါ် - ဖာဂ်, ပါဠိ - ဘာဂ မှ ဆင်းသက်) အဖြစ် ပိုင်းခြားထားသည်။ ၎င်းတို့မှာ-

  • မြောက်ပိုင်းဒေသ (ภาคเหนือ)
  • အရှေ့မြောက်ပိုင်းဒေသ (ภาคตะวันออกเฉียงเหนือ)
  • အနောက်ပိုင်းဒေသ (ภาคตะวันตก)
  • အလယ်ပိုင်းဒေသ (ภาคกลาง)
  • အရှေ့ပိုင်းဒေသ (ภาคตะวันออก)
  • တောင်ပိုင်းဒေသ (ภาคใต้) တို့ ဖြစ်သည်။


မှတ်စု

[ပြင်ဆင်ရန်]
  1. ရှမ်းပြည်နယ်ရှိ မြို့နာမည်များတွင် အသုံးပြုသော "မိုင်း" သည် ထိုင်းစကားလုံး "မောင်း" နှင့်အတူတူပင် ဖြစ်သည်။
  2. "နိုင်" ဟူသည် မွန်လူမျိုး အမျိုးသားများအတွက် အသုံးပြုသော ဂုဏ်ပြုနာမအခေါ်အဝေါ်စကားလုံးနှင့် အတူတူပင်ဖြစ်သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. အမျိုးသားအစိုးရအဖွဲ့အစည်းအက်ဥပဒေ၁၉၉၁အပိုင်း ၃

ကြည့်ရှုရန်

[ပြင်ဆင်ရန်]

ပြင်ပလင့်များ

[ပြင်ဆင်ရန်]