ထိုင်းနိုင်ငံ၏ လွှတ်တော်
ထိုင်းလွှတ်တော် รัฐสภา Ratthasapha | |
---|---|
၂၆ ကြိမ်မြောက် လွှတ်တော်အစည်းအဝေး | |
![]() လွှတ်တော်တံဆိပ် | |
အမျိုးအစား | |
အမျိုးအစား | |
လွှတ်တော်များ | Senate House of Representatives |
သမိုင်းကြောင်း | |
တည်ထောင်ခြင်း | 28 June 1932 |
ခေါင်းဆောင်များ | |
ဝဇိရာလင်္ကာရဏ 13 October 2016 ကတည်းက | |
Wan Muhamad Noor Matha၊ Prachachart 5 July 2023 ကတည်းက | |
Vice President of the National Assembly (President of the Senate) | Mongkol Surasajja 26 July 2024 ကတည်းက |
Natthaphong Ruengpanyawut၊ People's 25 September 2024 ကတည်းက | |
ဖွဲ့စည်းပုံ | |
အမတ်ဦးရေ |
|
![]() | |
Senate နိုင်ငံရေး အုပ်စုများ |
|
![]() | |
House of Representatives နိုင်ငံရေး အုပ်စုများ | ညွန့်ပေါင်းအစိုးရ (323)
|
ရွေးကောက်ပွဲများ | |
Senate မဲပေး စနစ် | Indirect limited voting with self-nomination |
House of Representatives မဲပေး စနစ် | Parallel voting: First-past-the-post voting (400 seats) Party-list proportional representation (100 seats) |
Senate နောက်ဆုံး ရွေးကောက်ပွဲ | 9–26 June 2024 |
House of Representatives နောက်ဆုံး ရွေးကောက်ပွဲ | 14 May 2023 |
Senate လာမည့် ရွေးကောက်ပွဲ | August–September 2029 |
House of Representatives လာမည့် ရွေးကောက်ပွဲ | By 28 June 2027 |
ဆွေးနွေးရာနေရာ | |
![]() | |
ထိုင်းလွှတ်တော်ရုံး ဒူဆစ်မြို့နယ်, ဘန်ကောက်မြို့ ထိုင်းနိုင်ငံ | |
ဝက်ဘ်ဆိုဒ် | |
parliament.go.th |
ထိုင်းနိုင်ငံ၏ အမျိုးသားလွှတ်တော် (အင်္ဂလိပ်: National Assembly of Thailand; ထိုင်း: รัฐสภาไทย, ပါဠိမူရင်း: ရဋ္ဌ.သဘာ.ထိုင်း) သည် ထိုင်းနိုင်ငံအစိုးရ၏ ဥပဒေပြုလွှတ်တော်နှစ်ရပ် ဖြစ်သည်။ ဘန်ကောက်မြို့၊ ဒူဆစ်ခရိုင်ရှိ သပ္ပါယသဘာဌာန် ခေါ် ထိုင်းလွှတ်တော်အဆောက်အအုံတွင် အစည်းအဝေး ကျင်းပသည်။
ဖွဲ့စည်းပုံနှင့် သမိုင်းကြောင်း
[ပြင်ဆင်ရန်]ထိုင်းနိုင်ငံ၏ အမျိုးသား ဥပဒေပြုလွှတ်တော်ကို ၁၉၃၂ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ ပထမဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေ ကို အတည်ပြုပြီးနောက် ဖွဲ့စည်းခဲ့သည်။ ၎င်းဖွဲ့စည်းပုံအခြေခံဥပဒေသည် ထိုင်းနိုင်ငံကို သက်ဦးဆံပိုင်ဘုရင်စနစ် (absolute monarchy) မှ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အုပ်ချုပ်သည့် စည်းမျဉ်းခံဘုရင်စနစ် (constitutional monarchy) အဖြစ် ပြောင်းလဲခဲ့သည်။
နိုင်ငံရေးအကျပ်အတည်းများနှင့် အပြောင်းအလဲများ
[ပြင်ဆင်ရန်]၂၀၁၃ ခုနှစ် နိုင်ငံရေးအကျပ်အတည်း ကာလအတွင်းတွင် ဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ် (Yingluck Shinawatra) က အောက်လွှတ်တော် (House of Representatives) ကို ဖျက်သိမ်းခဲ့ပြီး ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပရန် ခေါ်ယူခဲ့သည်။ သို့သော် ထိုရွေးကောက်ပွဲကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး (Constitutional Court) က ပယ်ဖျက်ခဲ့သည်။ ၂၀၁၄ ခုနှစ် အာဏာသိမ်းမှု (coup d'état) ဖြစ်ပွားပြီးနောက် အမျိုးသားလွှတ်တော်ကို စစ်တပ်၏ ထောက်ခံမှုဖြင့် ဖွဲ့စည်းထားသော လွှတ်တော်တစ်ရပ် (unicameral) ဖြစ်သည့် အမျိုးသားဥပဒေပြုလွှတ်တော် (National Legislative Assembly) ဖြင့် ၂၀၁၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ (2014 constitution) အရ အစားထိုးခဲ့သည်။
၂၀၁၇ ခုနှစ် ဧပြီလတွင် ၂၀၁၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ (2017 Constitution) ကို ထုတ်ပြန်ကြေညာပြီးနောက် အမျိုးသားလွှတ်တော်ကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ သို့သော် ၂၀၁၉ ခုနှစ် အထွေထွေရွေးကောက်ပွဲ (2019 general election) ပြီးနောက် အမျိုးသားလွှတ်တော် အမှန်တကယ်ဖွဲ့စည်းနိုင်သည်အထိ စစ်တပ်၏ အမျိုးသားဥပဒေပြုလွှတ်တော်ကို ယာယီဆက်လက်ထားရှိရန် ဖွဲ့စည်းပုံအခြေခံဥပဒေက ခွင့်ပြုခဲ့သည်။
ဖွဲ့စည်းမှု
[ပြင်ဆင်ရန်]လွှတ်တော်သည် အထက်လွှတ်တော် (Senate) နှင့် အောက်လွှတ်တော် (House of Representatives) တို့ဖြင့် ဖွဲ့စည်းထားသည့် လွှတ်တော်နှစ်ရပ် (bicameral legislature) ဖြစ်သည်။ ပေါင်းစည်းလိုက်သော လွှတ်တော်တွင် အဖွဲ့ဝင် ၇၀၀ ဦး ရှိသည်။ ၎င်းတို့အနက် ၅၀၀ ဦးသည် အထွေထွေရွေးကောက်ပွဲမှ တိုက်ရိုက်ရွေးချယ်ခံရသည့် အောက်လွှတ်တော်အမတ်များ ဖြစ်ကြသည်။ ကျန်ရှိသော အမတ်လောင်းများထဲမှ ဆီးနိတ်အမတ် ၂၀၀ ဦးစလုံးကို သွယ်ဝိုက်သောနည်းဖြင့် ရွေးကောက်တင်မြှောက်ခြင်းဖြစ်သည်။ [၁]
ထိုင်းနိုင်ငံတွင် ရွေးကောက်ပွဲအများစုသည် အောက်လွှတ်တော်အမတ် ၄၀၀ ဦးအတွက် ရွေးကောက်ပွဲများတွင် အသုံးပြုသည့် မဲအများဆုံးရသူ အနိုင်ယူစနစ် (first-past-the-post system) အတိုင်း ဖြစ်သည်။ ကျန်ရှိသည့် အောက်လွှတ်တော်ကိုယ်စားလှယ် ၁၀၀ ဦးကိုမူ ပါတီစာရင်း (party-list) စနစ်ဖြင့် အချိုးကျကိုယ်စားပြုမှု (proportional representation) အရ ရွေးကောက်တင်မြှောက်ထားသည်။
အမျိုးသမီးကိုယ်စားပြုမှု
[ပြင်ဆင်ရန်]ထိုင်းပါလီမန်တွင် အမျိုးသားများက ၈၀.၆ ရာခိုင်နှုန်းဖြင့် လွှမ်းမိုးထားသည်။ အမျိုးသမီးများ၏ ကိုယ်စားပြုမှုမှာ ၁၉.၄ ရာခိုင်နှုန်းသာ ရှိပြီး အာရှပျမ်းမျှအောက်တွင် ရှိနေသည်။ ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးပါလီမန်အမတ်များ၏ ပျမ်းမျှအားဖြင့် ၂၄ ရာခိုင်နှုန်းရှိရာ ထိုင်းနိုင်ငံ၏ အချိုးအစားသည် ယင်းထက် နည်းပါးနေသည်။ ကုလသမဂ္ဂအမျိုးသမီးများအဖွဲ့ (UN Women) က ကျေနပ်ဖွယ်ရာဟု သတ်မှတ်သည့် ၃၀ ရာခိုင်နှုန်းဆိုသော ပန်းတိုင်ကိုမူ လုံးဝမမီသေးပေ။ [၂] [၃]
အထက်လွှတ်တော် ခေါ် ဆီးနိတ်
[ပြင်ဆင်ရန်]ထိုင်းနိုင်ငံ၏ အထက်လွှတ်တော်ကို ထိုင်းဆီးနိတ် (Thai Senate) ဟု ခေါ်သည်။ ထိုင်းဘာသာဖြင့် "ဝုထီဆဖာ, วุฒิสภา' ဟု ခေါ်ဆိုပြီး ပါဠိမူရင်းမှာ "ဝုဒ္ဓိ.သဘာ" ဖြစ်သည်။
၎င်းသည် ဘက်မလိုက်သော (non-partisan) ဥပဒေပြုအာဏာများကို ကန့်သတ်ထားသည့် လွှတ်တော်ဖြစ်သည်။ အထက်လွှတ်တော်တွင် အဖွဲ့ဝင် ၂၀၀ ဦး ဖြင့် ဖွဲ့စည်းထားပြီး၊ ၎င်းတို့ကို ပရော်ဖက်ရှင်နယ်နှင့် လူမှုရေးအဖွဲ့အစည်း ၂၀ မှ ကိုယ်စားလှယ်လောင်းများက သွယ်ဝိုက်သောနည်းဖြင့် မဲပေးရွေးချယ်တင်မြှောက်သည်။ [၄]
အထက်လွှတ်တော်၏ သက်တမ်းသည် ငါးနှစ် ဖြစ်သည်။ ဆီးနိတ်အမတ်များကို ပါတီဝင်အဖြစ် ဆောင်ရွက်ခြင်း သို့မဟုတ် အခြားရုံး သို့မဟုတ် နိုင်ငံရေးပါတီများတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ထားသည်။
အောက်လွှတ်တော် (House of Representatives)
[ပြင်ဆင်ရန်]အောက်လွှတ်တော် (အင်္ဂလိပ်: House of Representatives; ထိုင်း: สภาผู้แทนราษฎร, ဆဖာဖူးထန်ရတ်ဆာဒွန်) သည် နိုင်ငံ၏ အဓိကဥပဒေပြုရေးအဖွဲ့အစည်းတစ်ခုဖြစ်သည်။ အောက်လွှတ်တော်တွင် အဖွဲ့ဝင် ၅၀၀ ဦး ဖြင့် ဖွဲ့စည်းထားရာ၊ ၄၀၀ ဦးကို တစ်ဦးချင်း မဲဆန္ဒနယ်မြေ (single-member constituency) စနစ်ဖြင့် တိုက်ရိုက်ရွေးကောက်တင်မြှောက်ပြီး၊ ၁၀၀ ဦးကို ပါတီစာရင်း (party-list) စနစ်ဖြင့် အချိုးကျကိုယ်စားပြုမှု (proportional representation) အရ ရွေးချယ်သည်။ ထိုင်းနိုင်ငံ၏ ရွေးကောက်ပွဲစနစ်သည် အောက်လွှတ်တော်အမတ် ၄၀၀ ဦးအတွက်မဲအများဆုံးရသူ အနိုင်ယူစနစ် (first-past-the-post system) ကို အသုံးပြုပြီး ကျန် ၁၀၀ ဦးအတွက် ပါတီစာရင်းစနစ်ကို သုံးသည်။ အောက်လွှတ်တော်ကိုယ်စားလှယ်များ၏ သက်တမ်းမှာ လေးနှစ်ဖြစ်သည်။
အောက်လွှတ်တော်သည် ထိုင်းနိုင်ငံ၏ ဥပဒေပြုရေးလုပ်ငန်းစဉ်တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ပြီး ဥပဒေကြမ်းများ (bills) ကို စတင်တင်သွင်းခြင်း၊ ဆွေးနွေးခြင်းနှင့် အတည်ပြုခြင်း၊ အစိုးရ၏ လုပ်ငန်းဆောင်တာများကို ကြီးကြပ်ကွပ်ကဲခြင်းနှင့် စစ်ဆေးခြင်း၊ ဝန်ကြီးချုပ်ကို ရွေးချယ်တင်မြှောက်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခြင်း၊ နှင့် အစိုးရအပေါ် အယုံအကြည်မရှိအဆို (no-confidence motion) တင်သွင်းခြင်းဖြင့် အစိုးရကို ဖြုတ်ချနိုင်ခြင်း စသည့် တာဝန်များကို ထမ်းဆောင်သည်။ အောက်လွှတ်တော်ကို လွှတ်တော်ဥက္ကဋ္ဌ (Speaker of the House) က ဦးဆောင်သည်။ လွှတ်တော်ဥက္ကဋ္ဌကို အောက်လွှတ်တော်အမတ်များက လျှို့ဝှက်မဲဖြင့် ရွေးချယ်ပြီး ဘုရင်က တရားဝင်အတည်ပြုခန့်အပ်သည်။ လွှတ်တော်ဥက္ကဋ္ဌသည် အမျိုးသားလွှတ်တော် (National Assembly) ၏ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ထမ်းဆောင်သည်။ ဥက္ကဋ္ဌအား ကူညီရန် ဒုတိယဥက္ကဋ္ဌ နှစ်ဦးလည်း ရှိသည်။ လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများသည် ဝန်ကြီးအဖွဲ့ (Cabinet) အဖွဲ့ဝင်များ သို့မဟုတ် မည်သည့်နိုင်ငံရေးပါတီ၏ အမှုဆောင်ကော်မတီဝင်များ မဖြစ်ရဘဲ ဘက်မလိုက်ဘဲ တာဝန်ထမ်းဆောင်ရသည်။ ၂၀၂၃ ခုနှစ် မေလတွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲပြီးနောက် မူးဖောဝပ်ပါတီ (Move Forward Party) နှင့် ဖူထိုင်းပါတီ (Pheu Thai Party) တို့သည် မဲအများစုရရှိခဲ့ပြီး အောက်လွှတ်တော်တွင် အဓိကပါတီများအဖြစ် ရပ်တည်ခဲ့သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Thailand’s Senate Elections Results: What now? | International IDEA (in en)။ 2025-01-07 တွင် ပြန်စစ်ပြီး။
- ↑ "'I'm ready,' says first transgender candidate for Thai PM"၊ Today၊ ၂၃ မေ ၂၀၂၅။ 23 May 2025 တွင် ပြန်စစ်ပြီး။ Archived from the original on 17 October 2021။
- ↑ "Thailand – Data on Women"၊ IPU Parline၊ 29 September 2023။
- ↑ 2024 Thai Senate Selection, Explained (in th) (2024-03-03)။ 2025-01-07 တွင် ပြန်စစ်ပြီး။