ထိုင်းနိုင်ငံတွင်အသုံးပြုသော အချိန်များ

ဝီကီပီးဒီးယား မှ

ထိုင်းနိုင်ငံ သည် UTC+7 ကို အသုံးပြုကာ ထိုအချိန်သည် ဂရင်းနစ်စံတော်ချိန် နှင့် Coordinated Universal Time တို့၏ ရှေ့သို့ ၇ နာရီ စော၍နေသည်။ ဘန်ကောက်မြို့ ၏ ဒေသစံတော်ချိန်မှာ မူလအစတွင် GMT+06:42:04 ဖြစ်သည်။[၁] ၁၉၂၀ ခုနှစ်အထိ ထိုင်းနိုင်ငံ သည် ထိုဒေသစံတော်ချိန်အား အသုံးပြုခဲ့ကြပြီး ထိုနောက်ပိုင်းမှသာ အင်ဒိုချိုင်းနား စံတော်ချိန်( GMT+07:00) ကို ပြောင်းလဲအသုံးပြုခဲ့သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

  • ၁ ဇန်နဝါရီ ၁၉၀၁ ခုနှစ် ရှေ့ပိုင်းတွင် ဆိုင်းယမ်းတွင် နက္ခတာရာကြည့်မျှော်စင်ရှိပြီး နက္ခတာရာကြည့်စခန်း၏ ပထဝီဝင်သွင်ပြင်တည်နေရာကို အခြေခံ၍ ဒေသစံတော်ချိန်ကို အတည်ပြုထုတ်ပြန်ပေးခဲ့သည်။ ချင်းမိုင်နယ်နှင့် အခြား နယ်နှစ်ခုတို့တွင် နက္ခတာရာကြည့်စခန်းအသီးသီး တည်ရှိကြပြီး သက်ဆိုင်ရာနယ်အသီးသီးအတွက် ကိုယ်ပိုင် ဒေသစံတော်ချိန်များရှိရာ နေရာဒေသ ၃ ခုအကြားတွင် ဒေသစံတော်ချိန်သည် မိနစ်အနည်းငယ် ကွဲလွဲ၍ နေသည်။
  • ၁ ဧပြီ ၁၉၂၀ ခုနှစ်တွင် ၁၀၅ ခုမြောက် လောင်ဂျီကျူမျဉ်းမှ ပျမ်းမျှစံတော်ချိန်ကို ဆိုင်းယမ်းအတွက် စံတော်ချိန်အသစ်အဖြစ် ပြဋ္ဌာန်းခဲ့သည်။ ၁၀၅ ခုမြောက် လောင်ဂျီကျူမျဉ်း၏ ပျမ်းမျှအချိန်သည် ဂရင်းနစ်စံတော်ချိန်ထက် UTC+07:00  နာရီ ရှေ့သို့ဦးဆောင်နေသည်။
အသုံးပြုသော ကာလများ

Time offset from GMT အချိန်ဇုန်အမည် (တရားဝင်မဟုတ်)
၁ ဇန်နဝါရီ ၁၈၈၀ - ၃၁ မတ် ၁၉၂၀
UTC+06:42:04 ဘန်ကောက်ဒေသစံတော်ချိန်
၁ ဧပြီ ၁၉၂၀ – ယခုအချိန်ထိ UTC+07:00 အင်ဒိုချိုင်းနား စံတော်ချိန် (Indochina Time) (ICT)

ထိုင်းနိုင်ငံ၏ အချိန်စံသတ်မှတ်ချက်[ပြင်ဆင်ရန်]

ထိုင်းနိုင်ငံတွင် ၃၁ မတ်လ ၁၉၂၀ ခုနှစ်တွင် ပြည်သူများအား  အရှေ့တောင်အာရှတွင် အသုံးပြုသော အချိန် (UTC+06:42:04 hrs and UTC+07:00:00 ahead of ဂရင်းနစ်စံတော်ချိန်) နှင့်ကိုက်ညီစေရန် မိမိတို့၏ နာရီများကို ရှေ့သို့ ၁၇ မိနစ်၊ ၅၆ စက္ကန့် ရွေ့ရန် ကြေညာခဲ့သည်။ ထိုသို့ အချိန်အား ရွေ့ပြောင်းခဲ့ရာ ၁ ဧပြီ ၁၉၂၀ မနက် ၀၆:၀၀ (ယခင်စံတော်ချိန်) မှ  ၀၆:၁၇:၅၆ (စံတော်ချိန်သစ်) သို့ ပြောင်းလဲခဲ့သည်။

နာရီမှူး[ပြင်ဆင်ရန်]

 ၁၉၉၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ထိုင်းကက်ဘိနက်သည် ထိုင်းနိုင်ငံ တော်ဝင်ရေတပ်မတော်အား ထိုင်းနိုင်ငံ၏ တရားဝင်နာရီမှူးအဖြစ် ခန့်အပ်ခဲ့သည်။ ထိုင်းစံတော်ချိန်သည် ထိုင်းနိုင်ငံ တော်ဝင်ရေတပ်မတော်မှ ထိန်းသိမ်းဆောင်ရွက်သော အက်တော်မစ်နာရီ ၅ လုံးမှ ရရှိလားခြင်းဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]