ထိပ်ပြောင်ခြင်း

ဝီကီပီးဒီးယား မှ
ထိပ်ပြောင်နေသော အမျိုးသားတစ်ဦး

ထိပ်ပြောင်ခြင်းကို အမျိုးသားများတွင် အများဆုံး တွေ့ရလေ့ရှိပြီး ထိပ်ပြောင်ရခြင်း အကြောင်းအရင်းများစွာရှိသည်။ ထိပ်ပြောင်ခြင်းဆိုသည် ဆံပင်လုံးဝ မပေါက်ခြင်း မဟုတ်ပါ။ ဆံပင်ကျွတ်ခြင်း၊ တချို့ဆံပင်တွေ မပေါက်တော့ခြင်း အဓိကက ထွက်လာသည့် ဆံပင်များက အရမ်းကို ပါးလွန်းနေခြင်း မျိုးလည်းရှိသည်။ ဦးခေါင်းပေါ်တွင် အထူးသဖြင့် ငယ်ထိပ်၌ ဆံပင်များကျရာမှ လုံးဝမပေါက်တော့ဘဲ ရှင်းပြောင်နေခြင်း ဖြစ်သည်။ ဝမ်းတွင်းပါမဟုတ်ဘဲ အရွယ်ရောက်ပြီး သက်ကြီးပိုင်း၌ ဖြစ်လေ့ရှိသည်။ မိန်းမများတွင် အတွေ့ရနည်းပါးသည်။ မျိုးရိုးလိုက်သည်ဟု ယူဆကြသည်။ မွန်ဂိုမျိုးနွယ်နှင့် နီဂရိုးကပ္ပလီမျိုးနွယ်တို့၌ တွေ့ရခဲ၍ ကော့ကေးရှင်းမျိုးနွယ်တို့၌ တွေ့ရတတ်သဖြင့် မျိုးနွယ်ခွဲခြားရာ၌ အထောက်အထား ပြုတတ်ကြသည်။[၁]

ထိပ်ပြောင်ရခြင်း အကြောင်းရင်းများ[ပြင်ဆင်ရန်]

မျိုးရိုးလိုက်ခြင်း[ပြင်ဆင်ရန်]

ထိပ်ပြောင်ရခြင်းသည် မျိုးရိုးလိုက်ကာ ပြောင်တတ်လေသည်။ မျိုးရိုးရှိက ထိပ်ပြောင်နိုင်ချေ များသည်။

ဟော်မုန်း[ပြင်ဆင်ရန်]

ထိပ်ပြောင်ရခြင်း၏ အဓိကတရားခံသည် ကျားဟော်မုန်းပင် ဖြစ်ပေသည်။ အမျိုးသားများတွင် သန်သန်မာမာ ကျားကျားလျားလျားကြီးတွေဖြစ်ဖို့အတွက် ကျားဟော်မုန်းဓာတ်များ လိုအပ်ပေသည်။ သို့သော် Testosterone ဟုခေါ်သော ကျားဟော်မုန်းက Dihydrotestosterone (DHT) အဖြစ်ပြောင်းသွားသည်။ ဆံပင်များထွက်လာသည့် မွှေးညှင်းအိတ်များပေါ်မှာ DTH ၏ သက်ရောက်မှုကြောင့် မွှေးညှင်းအိတ်များ ကျုံ့သွားပေသည်။ ထို့ကြောင့် ထွက်လာသော ဆံပင်များက မသန်တော့ပေ။ ထို့နောက် တဖြည်းဖြည်းပါးလာကာ နောက်ဆုံး ပြောင်သွားသည်။

အသက်အရွယ်[ပြင်ဆင်ရန်]

ထိပ်ပြောင်ရခြင်းသည် အသက်အရွယ်နှင့်လည်း ဆိုင်သည်။

ထိပ်ပြောင်တဲ့ ပုံသဏ္ဌာန်အမျိုးမျိုး[ပြင်ဆင်ရန်]

ထိပ်ပြောင်တဲ့ ပုံသဏ္ဌာန်အမျိုးမျိုး

ကုသမှု[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. လှသမိန် (ဧပြီ ၁၉၇၈)။ "ထိပ်ပြောင်ခြင်း" (pdf)။ in စာပေစိစစ်ရေးကော်မတီ (ed.)။ ဗဟုသုတ စွယ်စုံ (ပထမအကြိမ် ed.)။ တောက်တောက်ဝင်း ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။: ဇော်မော် စာပေ။