ထမံသီဆည်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ထမံသီဆည်[ပြင်ဆင်ရန်]

မြန်မာစစ်အစိုးရက အိန္ဒိယနိုင်ငံ အမျိုးသား ရေအားလျှပ်စစ်ထုတ်လုပ်ရေး ကော်ပိုရေးရှင်း [India’s National Hydroelectric Power Corporation (NHPC)] နှင့် ၂၀ဝ၄ ခုနှစ်တွင် စစ်ကိုင်းတိုင်း အနောက်ဖက်ပိုင်းရှိ ချင်းတွင်းမြစ်ပေါ် တွင် ထမံသီဆည်တည်ဆောက်ရေးအတွက် နားလည်မှု စာချွန်လွှာတရပ်ကို သဘောတူညီလက်မှတ်ရေးထိုးခဲ့ပါသည်။ ၂၀ဝ၈ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ထမံသီဆည်နှင့် ပတ်သက်၍ (NHPC) က မြန်မာနိုင်ငံ ရေအားလျှပ်စစ် လုပ်ငန်းဌာနနှင့် သဘောတူညီချက်အသစ်တရပ်ကို ထပ်မံလက်မှတ်ရေးထိုးခဲ့ကြပါသည်။ မြန်မာနိုင်ငံရှိ ရေအားလျှပ်စစ် လုပ်ငန်းများ အကောင်အထည်ဖော်ရေးဌာန (DHPI) က (NHPC) နှင့် ဖက်စပ်ရင်းနှီးမြှုပ်နှံ၍ ထမံသီဆည်နှင့် ရွှေဆေး ဆေးဆည်များကို တည်ဆောက်ကြမည် ဖြစ်သည်။

ဆည်နှင့် ပတ်သက်သည့် အချက်အလက်များ[ပြင်ဆင်ရန်]

  • အမြင့်။ ၈၀ မီတာ
  • တပ်ဆင်ထားသည့် စွမ်းအား။ ၁,၂၀ဝ မဂ္ဂါဝပ် (MW)
  • နှစ်စဉ်ထုတ်လုပ်မှု။ ၆,၆၈၅ ကီလိုဝပ် နာရီသန်းပေါင်း (Gwh)

ပါဝင်ပတ်သက်နေသည့် ကုမ္ပဏီများ[ပြင်ဆင်ရန်]

အိန္ဒိယနိုင်ငံ[ပြင်ဆင်ရန်]

အမျိုးသား ရေအားလျှပ်စစ်ထုတ်လုပ်ရေး ကော်ပိုရေးရှင်း (National Hydroelectric Power Corporation)

ဆွစ်နိုင်ငံ[ပြင်ဆင်ရန်]

ကိုလင်ကို စွမ်းအင် အင်ဂျင်နီယာရင်း လီမိတက် (Colenco Power Engineering Ltd.)

ဘဏ္ဍာငွေကြေး[ပြင်ဆင်ရန်]

ထမံသီဆည်တည်ဆောက်ရန်အတွက် ခန့်မှန်း ကုန်ကျမှုစရိတ်မှာ အမေရိကန်ဒေါ်လာ သန်း ၃,ဝ၀ဝ ဖြစ်ပါသည်။

လျှပ်စစ်များက မည်သည့်နေရာသို့ ပေးပို့မည်နည်း။[ပြင်ဆင်ရန်]

ထုတ်လုပ်သည့် လျှပ်စစ်စွမ်းအား ၈၀% ကို အိန္ဒိယနိုင်ငံသို့ ပို့လွှတ်မည်ဖြစ်ပြီး၊ မြန်မာနိုင်ငံတွင် အသုံးပြုမည့်လျှပ်စစ် ဓာတ်အားကို မုံရွာသတ္တုတွင်းသို့ ပို့လွှတ်အသုံးချမည်ဟု သတင်းများအရ သိရှိရသည်။

စီမံချက် လက်ရှိအခြေအနေ - (၂၀ဝ၈ ခုနှစ် နိုဝင်ဘာလ နောက်ဆုံးအခြေအနေ)[ပြင်ဆင်ရန်]

ဆည်တည်ဆောက်မှုကို ၂၀ဝ၇ ခုနှစ်တွင် စတင်ခဲ့ပါသည်။ စီမံကိန်း အသေးစိတ်ကို အစီရင်ခံစာ (Master plan) ကို အိန္ဒိယနိုင်ငံ (NHPC) က ပြင်ဆင်နေပါသည်။

ဆိုးကျိုးသက်ရောက်နိုင်မှုများ[ပြင်ဆင်ရန်]

ထမံသီဆည် တည်ဆောက်မှုကြောင့် စစ်ကိုင်းတိုင်းအတွင်းရှိ လူပေါင်း ၃၀,ဝ၀ဝ ခန့် အိုးအိမ်ရွှေ့ပြောင်းကြရမည်ဟု ခန့်မှန်းထားပါသည်။ ၎င်းတို့အထဲတွင် ကူကီးလူမျိုးများ၏ ကျေးရွာ ၃၅ ခု ပါဝင်ပြီး မြေဆီဩဇာ ကြွယ်ဝသည့် မြေဧက ၁၇,ဝ၀ဝ လည်း ရေလွှမ်းမိုးနစ်မြုပ်သွားမည် ဖြစ်ပါသည်။ ၂၀ဝ၇ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် လယ်ဗုံဂျမ်း (Leivomjang) နှင့် တာဇောင်း (Tazong) ကျေးရွာများမှ အိမ်ထောင်စု ၃၈၀ ကို အဓမ္မပြောင်းရွှေ့နေရာချထားခဲ့ပါသည်။ ဤကျေးရွာများမှာ စစ်ကိုင်းတိုင်း၊ ထမံသီနှင့် ဟုမ္မလင်းဒေသအကြားမှ ဖြစ်ပါသည်။ ၎င်းကျေးရွာသားများကို "ရွှေပြည်အေး" ဟု အမည်ပေး ထားသည့် စုစည်းကျေးရွာသစ်သို့ ပြောင်းရွှေ့စေခဲ့ပါသည်။ (ဗိုလ်ချုပ်သန်းရွှေနှင့် ဗိုလ်ချုပ်မောင်အေးတို့၏ အမည်များကို အစွဲပြုခေါ်ဝေါ်ထားသည်ဟု ယူဆရပါသည်။) ပြောင်းရွှေ့ရသည့်နေရာသစ်တွင် စိုက်ပျိုးရန်မြေဩဇာကောင်းသည့် မြေများ မရှိသောကြောင့် ရွာသားအများက ထွက်ပြေးရန် ကြိုးစားကြပါသည်။ ဆောက်လုပ်ရေးစတင်ချိန်မှစ၍ မြန်မာစစ်တပ်များ၏ လူ့အခွင့်အရေးချိုးဖောက်မှုများလည်း ထမံသီဆည်အနီးဒေသများတွင် တိုးတက်များပြားလာပါသည်။

ထမံသီ ဘေးမဲ့တောဧရိယာ၏ ၆% ကျော်သည်လည်း ဆည်ကြောင့် ရေလွှမ်းမိုးနစ်မြုပ်သွားမည် ဖြစ်ပါသည်။ ဤနေရာများ တွင် ယခုအခါ တကမ္ဘာလုံး၌ ရှားပါးနေပြီဖြစ်သည့် နို့တိုက်သတ္တဝါများ ဖြစ်သော Panthera tigris ကျားများ၊ Elephus maximus ဆင်များ၊ မြန်မာနိုင်ငံတွင် အတွေ့ရများသည့် အခွံမာ Kachuga travittata လိပ်များ ပါဝင်ပါသည်။ အခြားနေရာ များတွင် မည်သည့်နေရာ၌ တွေ့ရှိနိုင်မည်ကို မသိကြရသော်လည်း ဤနေရာများမှ အပြီးတိုင် ပျောက်ကွယ်ဆုံးရှုံးကြရ တော့မည် ဖြစ်ပါသည်။

မြန်မာစစ်အစိုးရက သဘာဝပတ်ဝန်းကျင် ပျက်စီးမှု အကဲဖြတ်စစ်ဆေးရေး ကော်မရှင်တခုကို ဖွဲ့စည်းတာဝန်ပေးခဲ့ပါသည်။ သို့သော်လည်း အကဲဖြတ်ချက် အစီရင်ခံစာမှာ ပြီးစီးခြင်း မရှိသေးသလို သူတို့အတွက် လုံလောက်အောင်လည်း အချိန် မပေးပါ။ သို့သော်လည်း ထိုသူများက မှတ်တမ်းပြုစုခဲ့ကြရာတွင် ငှက်မျိုး ၃၃၂ မျိုး၊ နို့တိုက်သတ္တဝါ ၅၉ မျိုးနှင့် အင်းဆက် ပိုးမွှား ၃၃၃ မျိုး၊ တွားသွားသတ္တဝါ ၅၇ မျိုး၊ ငါး ၆၇ မျိုး၊ အပင် ၅၂၆ မျိုး ရှိနေသည်ဟု မှတ်တမ်းတင်ခဲ့ပါသည်။ ၎င်းတို့ အနက် အချို့မှာ ရှားပါးသည့်သစ်ပင်ပန်းမာလ် မျိုးများ ဖြစ်ကြပါသည်။ ဆည်တည်ဆောက်ပြီးပါက မြန်မာနိုင်ငံမှ အခွံမာ လိပ်များမှာ ကမ္ဘာတခုလုံး၌ မျိုးတုန်းပျောက်ကွယ်သွားဖွယ် ရှိပါသည်။ အကဲဖြတ်လေ့လာခဲ့သည့် အဖွဲ့က အရေးကြီးဇီဝ သတ္တမျိုးများကို နစ်နာမှုသက်သာစေရန် နည်းလမ်းများ အကြံပြုခဲ့ပါသည်။

ဆည်တည်ဆောက်မှု စတင်ချိန်မှစ၍ အဓမ္မရွှေ့ပြောင်းရန် စေခိုင်းမှုများနှင့် မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှု များ ထမံသီဒေသတွင် ပို၍ တိုးများလာပါသည်။ အစီရင်ခံစာများအရ ခန့်မှန်း အိမ်ခြေ ၃၈၀ ခန့်ရှိ လိုင်ဗုံဂျမ်း (Leivomjang) နှင့် တာဇောင်း (Tazong) ကျေးရွာများကို အတင်းအကျပ်နှင်ထုတ်ခဲ့ကြပါသည်။ ဤကျေးရွာများသည် ထမံသီနှင့် စစ်ကိုင်းတိုင်း ဟုမ္မလင်းဒေသကြားတွင် တည်ရှိနေကြပါသည်။ ရွာသားများကို ချင်းတွင်းမြစ် အရှေ့ဖက်ကမ်းရှိ စုစည်းကျေးရွာများသို့ ပြောင်းရွှေ့ရန် ညွှန်ကြားခဲ့သော်လည်း လူအများအပြားက မပြောင်းရွှေ့ကြဘဲ ငြင်းဆန်နေကြ ကြောင်း သိရှိရပါသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. http://www.burmariversnetwork.org/burmese/2008-09-23-12-55-12/2008-09-24-16-59-00.html