ထပ်တူညီခြင်း

ဝီကီပီးဒီးယား မှ
ထပ်တူညီခြင်း၏ ဥပမာတစ်ခု ဖြစ်သည်။ ဘယ်ဖက်ရှိ တြိဂံနှစ်ခုသည် ထပ်တူညီသည်။ တတိယတစ်ခုသည် ထိုနှစ်ခုနှင့် သဏ္ဌာန်တူသည်။ နောက်ဆုံးတြိဂံသည် အခြားသောတြိဂံများနှင့် ထပ်တူညီမှုလည်းမရှိ၊ သဏ္ဌာန်တူမှုလည်း မရှိပေ။

ဂျီဩမေတြီ တွင် ပုံနှစ်ခု သို့မဟုတ် အရာဝတ္ထုနှစ်ခုသည် တူညီသော ပုံသဏ္ဌာန်နှင့် အရွယ်အစားရှိပါက ထပ်တူကျသည်။ အရာဝတ္ထုတစ်ခုကို ရွေ့လျားခြင်း၊ လှည့်ခြင်း၊ ရောင်ပြန်ဟပ်ခြင်း စသည်တို့ကို လုပ်ဆောင်သည့်အခါတွင် အခြားအရာဝတ္ထုကဲ့သို့ ပုံစံပြောင်းသွား၏။ ထိုအခြေအနေမျိုးကို အရာဝတ္ထုနှစ်ခုသည် ထပ်တူညီကြသည်။ [၁]

အခြေခံဂျီဩမေတြီတွင် ထပ်တူညီသည် ဟူသည့် စကားလုံးကို မကြာခဏ သုံးလေ့ရှိ၏။ ထိုစကားလုံးသည် အရာဝတ္ထုများ ထပ်တူညီကြသည့်အခါ မကြာခဏ သုံးလေ့ရှိ၏။

  • မျဉ်းပိုင်းနှစ်ခုသည် အလျားတူညီပါက ထိုမျဉ်းပိုင်းများသည် ထပ်တူညီကြသည်။
  • ထောင့်နှစ်ခုသည် တူညီသောအတိုင်းအတာရှိပါက ထပ်တူညီကြသည်။
  • စက်ဝိုင်းနှစ်ခုသည် တူညီသော အချင်း(diameter) ရှိပါက ထပ်တူညီကြသည်။


အထက်တွင်ဖော်ပြခဲ့သည်မှာ ပုံနှစ်ခုသည် သက်ဆိုင်ရာ လက္ခဏာများဖြစ်ကြသည့် အနားများ၊ ထောင့်များသာမက ထောင့်ဖြတ်မျဉ်းများ၊ ပတ်လည်အနားများ၊ ဧရိယာများသည် ထပ်တူညီပါက သို့မဟုတ် တူညီပါက ထိုပုံနှစ်ခုသည် ထပ်တူညီကြသည်။

အရာဝတ္ထုများ ပုံသဏ္ဌာန်တူရန်အတွက် တူညီသော ပုံစံရှိရန်သာလိုပြီး အရွယ်အစားတူရန် မလိုပေ။ (အဓိပ္ပာယ်သတ်မှတ်ချက်အများစုတွင် ထပ်တူညီခြင်းသည် သဏ္ဌာန်တူခြင်း၏ ပုံစံတစ်ခု ဖြစ်သည်ဟု ဆိုကြသည်။ ပုံသဏ္ဌာန်တူသည်ဟု ပြသနိုင်ရန်အရာဝတ္ထုများသည် မတူညီသော အရွယ်အစားများရှိရန် လိုအပ်သည်။)

ကိုးကား[ပြင်ဆင်ရန်]

  1. Oxford Concise Dictionary of Mathematics, Congruent Figures။ Addison-Wesley (2009)။ 29 October 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 June 2017 တွင် ပြန်စစ်ပြီး။