ထန်းသီးကြွေခိုက် ကျီးနင်းခိုက်

ဝီကီပီးဒီးယား မှ

ထန်းသီးကြွေခိုက် ကျီးနင်းခိုက်သည် မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ထန်းခိုင်မှ ထန်းသီးကြွေသည့်အချိန်နှင့် ထိုထန်းသီးကို ကျီးနင်းသည့်အချိန် တိုက်ဆိုင်ကြုံကြိုက်သွားသကဲ့သို့ ဖြစ်ရပ်တစ်ခုနှင့် တစ်ခုသည် တိုက်တိုက်ဆိုင်ဆိုင် ဖြစ်သွားသည်။


"ဘယ်တတ်နိုင်ပါ့မလဲအစ်ကိုရယ်... ထန်းသီးကလည်း ကြွေခိုက်၊ ကျီးကလည်း နင်းခိုက် အချိန်ချင်း တိုက်သွားတာပါ"။ [၁၃၃၁] မြဝတီ၊ ၁၈၊ ၅၊ ၂၁၀။

ကိုးကား[ပြင်ဆင်ရန်]