ထန်းနို့ပမာ ကိလေသာ

ဝီကီပီးဒီးယား မှ

ထန်းနို့ပမာ ကိလေသာ ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

ရေးဖွဲ့ထားသည်မှာ ပဉ္စမသင်္ဂါယနာတင် မင်းတရားကြီးသည် ဆရာတော် သံဃာတော်များကို ရွှေနန်းတော်သို့ ပင့်ကာ ဆွမ်းပင့်ကျွေးမွေး၏။ ထိုအခါ စပ်မိစပ်ရာ ရယ်ရွှင်ဖွယ်ရာများလျှောက်ထားသေအခါ အခြားသော သံဃာတော်များသည် ဆိတ်ဆိတ်နေကြသော်လည်း သင်္ဂဇာဆရာတော် ဦးအဂ္ဂကသည် ကိလေသာအာရုံ ကာမဂုဏ်တရားတို့ကို ထန်းနို့ ဥပမာပြကာ ချေပတော် မူခဲ့သည်ကို ရေးဖွဲ့ထားခြင်းဖြစ်သည်။

ထန်းနို့ပမာ ကိလေသာ[ပြင်ဆင်ရန်]

ဘင်္ခဏာမြင်လာပေါ်သည့်၊ သင်္ဂဇာဆရာတော် ပညာအကျော်အထူးပေးမို့၊ မျှော်ဖူးတင်ဥကင်ဖွင့်တဲ့၊ သဖန်းဘွေနန်းမြေမြင့်တွင်မှ၊ ရဟန်းတွေနှင့် ဆုံမိရာ။

ဆွမ်းကွမ်းပါလှမ်းကာကပ်လို့၊ စမ်းသပ်ကာရယ်ရွှင်ဘို့၊ နန်းရပ်ခွင်ဘုရင်ထီးက၊ ခင်ကြီးတွေ လုပ်ရှာကသူတို့၊ မုတ္တစာဂီ မဖြစ်နိုင်ဘု၊ အဆီရစ်ကာ အစာတင်းတော့၊ ကျောင်းဆောင်မှာ၊ ဇောင်းလှောင်မြင်းကဲ့သို့၊ ဆောင်ကြဉ်းရာ သိက္ခာပုဒ်ကတို့၊ ကျဉ်းကျုတ်မည်အတွေးထင်ရောက်သည်ဟု၊ မေးလျှောက်သောခါ။

အသွင်မှာ ရှင်နာဂသိန်နှင့်၊ ဘုရင်မိလိန် ပညာစမ်းသေသို့၊ သင်္ဃာရဟန်းတွေ ဘယ်လိုသောမှ၊ မပြောမဆိုကြဘူ့၊ ဦးအဂ္ဂထေရ်မဟာ၊ သည်အခါမိန့်ကြား။

ရွှေနန်းစံဆင်ခြင်တော့၊ ရဟန်းရှင်ထန်းပင်နှင့် နှိုင်းကြစို့၊ ထန်းပင်ရိုင်းမှာ ရွှေထန်းဖိုက၊ ထန်းရေချိုသူမထွက်ပြီဘူ့၊ မူသက်သောတက်နေကျမှ၊ ထန်းစမှာအိုးတွေကပ်လို့၊ မလပ်ပင်နပ်စဉ်လှီးနိုင်မှ၊ ထန်းပင်ကြီးလေ ထန်းရေတိုးသတဲ့၊ ပုဆိုးကြောင်လူတကာတို့လို၊ မပူဆာမပင်ပန်းလှသူ့၊ တာပသာရသေ့ရဟန်းတို့၊ ဝါသနာ မလေ့မကျွမ်းသောကြောင့်၊ ရွှေထန်းဖို ရေချိုးခန်းပါသတဲ့၊ ထန်းရိုင်းအလား။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ တင်္ခဏာ =တခဏခြင်း၌ ဖြစ်ပေါ်သည့်ဉာဏ်၊ တင်္ခဏုပ္ပတ္တိဉာဏ်ဟု ဆိုလိုသည်။

၂။ မုတ္ထစာဂီ = စင်ကြယ်သော အကျင့်သိက္ခာ။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

[၁]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။