မာတိကာသို့ ခုန်သွားရန်

ထင်ကျော်သူ

ဝီကီပီးဒီးယား မှ

ထင်ကျော်သူ
နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန
ဒုတိယဝန်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၀ ဧပြီ ၂၀၂၅
ခန့်အပ်သူမင်းအောင်လှိုင်
ဝန်ကြီးတင်အောင်စန်း
ယခင်လူကိုယ်တိုင်
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
တာဝန်သက်တမ်း
၂၀ မတ် ၂၀၂၆  ၁၀ ဧပြီ ၂၀၂၆
ယခင်လူမိုးမိုးစုကြည် (NLD)
(၂၀၁၅ ရွေးကောက်ပွဲ)
ဆက်ခံသူအောင်ပြည့်ဖြိုး []
(USDP)
( အချိုးကျကိုယ်စားပြုစနစ်ဖြင့်)
မဲဆန္ဒနယ်မရမ်းကုန်းမဲဆန္ဒနယ် အမှတ် (၂)
အနိုင်ရမဲ အရေအတွက်အချိုးကျကိုယ်စားပြုစနစ်ဖြင့်
နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၃)
ဒုတိယဝန်ကြီး
တာဝန်သက်တမ်း
၃၁ ဇူလိုင် ၂၀၂၅  ၁၀ ဧပြီ ၂၀၂၆
ခန့်အပ်သူအမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ
သမ္မတဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ယာယီ သမ္မတ (တာဝန်))
ဝန်ကြီးမောင်မောင်တင့်
ဝန်ကြီးချုပ်ညိုစော
ယခင်လူမရှိ
ဆက်ခံသူကိုယ်တိုင်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၃) ဒုတိယဝန်ကြီး
တာဝန်သက်တမ်း
၆ မေ ၂၀၂၄  ၃၁ ဇူလိုင် ၂၀၂၅
ခေါင်းဆောင်အောင်နိုင်ဦး
မောင်မောင်တင့်
ယခင်လူမရှိ
ဆက်ခံသူဝန်ကြီးဌာနဖျက်သိမ်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ဒုတိယဝန်ကြီး
တာဝန်သက်တမ်း
၁၀ ဇန်နဝါရီ ၂၀၂၄  ၆ မေ ၂၀၂၄
ခေါင်းဆောင်အောင်နိုင်ဦး
ယခင်လူဝန်ကြီးဌာနစတင်ဖွဲ့စည်း
ဆက်ခံသူမရှိ
ကိုယ်ရေး အချက်အလက်များ
မွေးဖွားမြန်မာပြည်
နိုင်ငံရေးပါတီပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
ကြင်ဖော်ခင်နန္ဒာမြင့်
ဆုတံဆိပ်များဇေယျကျော်ထင်ဘွဲ့
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
ရာထူးဗိုလ်ချုပ်
တပ်လုံခြုံရေးနှင့်ဆိုင်သော ပုံနှိပ်လုပ်ငန်းများ ညွန်ကြားရေးမှူးရုံး

ဦးထင်ကျော်သူ သည် မြန်မာ့ တပ်မတော် အငြိမ်းစား ဗိုလ်ချုပ် တစ်ဦး ဖြစ်ပြီး၊ လက်ရှိတွင် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင် လျှက်ရှိသည်။ ယင်းမတိုင်မီက နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၃)၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကရုံးဝန်ကြီးဌာန (၃)၊(၂) တို့၏ ဒုဝန်ကြီးများ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်မှုထမ်းခြင်း

[ပြင်ဆင်ရန်]

ဗိုလ်ချုပ် ထင်ကျော်သူ သည် တပ်မတော် လုံခြုံရေးနှင့်ဆိုင်သော ပုံနှိပ်လုပ်ငန်းများ ညွန်ကြားရေးမှူးရုံး၏ ညွန်ကြားရေးမှူး အဖြစ်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၀ ရက် တွင် အငြိမ်းစားယူပြီး အစိုးရအဖွဲ့ထဲသို့ ကူးပြောင်းလာခဲ့သူ ဖြစ်သည်။

၎င်း၏ ပြန်တမ်းဝင်အမှတ်မှာ ကြည်း - ၁၇၆၄၈ ဖြစ်သည်။ ဗသက အမှတ်စဉ် ၆၄ သို့ တက်ရောက်ပြီး တပ်မတော်အရာရှိ ဖြစ်လာခဲ့သူလည်း ဖြစ်သည်။

သူသည် ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းတွင် ပြည်ပနိုင်ငံများရှိ မြန်မာစစ်သံမှူးရုံးများတွင် ဗိုလ်မှူးကြီးအဆင့်ဖြင့် မြန်မာစစ်သံမှူး (ကြည်း၊ရေ၊လေ)တာဝန် ထမ်းဆောင်ခဲ့ရသည်။ထင်ရှားခဲ့သည့် စစ်သံမှူးနေရာမှာ ဂျပန်နိုင်ငံရှိ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ)ရာထူးနေရာ ဖြစ်သည်။[]

၂၀၁၅ ခုနှစ် နောက်ပိုင်းတွင် ဗိုလ်မှူးချုပ် ရာထူးဖြင့် ငွေစက္ကူထုတ်လုပ်ရေးလုပ်ငန်းအပါအဝင် လုံခြုံရေးနှင့်ဆိုင်သော ပုံနှိပ်လုပ်ငန်းများ ညွန်ကြားရေးမှူးရုံး၏ ညွန်ကြားရေးမှူး ဖြစ်လာခဲ့ပြီး၊ ယင်းနောက် ထိုရာထူးနေရာမှာပင် ၂၀၂၀ ပြည့်နှစ် နောက်ပိုင်းတွင် ဗိုလ်ချုပ် အဆင့် တိုးခဲ့သည်။

ဒုတိယဝန်ကြီးဖြစ်လာခြင်း

[ပြင်ဆင်ရန်]

၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၀ ရက် တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကရုံးဝန်ကြီးဌာန (၂) သို့ ဒုဝန်ကြီး အဖြစ်ဖြင့် အရပ်ဝတ်လဲကာ ရောက်ရှိလာသည်။[][] ၂၀၂၄ ခုနှစ် မေ ၆ ရက် တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကရုံးဝန်ကြီးဌာန (၃) သို့ ဆက်လက်ပြောင်းရွှေ့ခဲ့သည်။[]ယင်းဝန်ကြီးဌာနသည် အခွန်အယူခံခုံအဖွဲ့ စသည်တို့ကို ကြီးကြပ်ရသည်။[]

၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက်တွင် ဝန်ကြီးချုပ် ဦးညိုစော ဦးဆောင်သည့် ပြည်ထောင်စုအစိုးရအဖွဲ့သစ်၌ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၃) ၏ ဒုတိယဝန်ကြီး အဖြစ် ဆက်လက်ပါဝင် ထမ်းဆောင်သည်။[]

နိုင်ငံရေးဖြတ်သန်းမှု

[ပြင်ဆင်ရန်]

ဦးထင်ကျော်သူသည် အထွေထွေရွေးကောက်ပွဲ ၂၀၂၅-၂၀၂၆ တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုပြီး အချိုးကျကိုယ်စားပြုစနစ်ဖြင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် ၌ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။[]

၂၀၂၆ ခုနှစ် ဧပြီလ ၁၀ ရက်တွင် သမ္မတဦးမင်းအောင်လှိုင် ဦးဆောင်သည့် ပြည်ထောင်စုအစိုးရအဖွဲ့သစ်၌ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီး အဖြစ် ဆက်လက်ပါဝင်ထမ်းဆောင်ခဲ့သည်။[]

ရရှိသောဆု

[ပြင်ဆင်ရန်]

၂၀၁၉ ခုနှစ် ဇန်နဝါရီ ၄ ရက် တွင် စစ်မှုထမ်း သင်္ဂဟတံဆိပ် [၁၀] နှင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ ရက် တွင် ဇေယျကျော်ထင်ဘွဲ့ တို့ ချီးမြှင့်ခံရသည်။[၁၁]

၂၀၂၆ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၄၄/၂၀၂၆ ဖြင့် စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့ ဖြစ်သော ဝဏ္ဏကျော်ထင်ဘွဲ့ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချီးမြှင့်အပ်နှင်းခဲ့သည်။[၁၂]

ကိုးကား

[ပြင်ဆင်ရန်]
  1. တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အစားထိုး ဖြည့်စွက်ကြောင်းကြေညာခြင်း (in en)။ 2026-04-29 တွင် ပြန်စစ်ပြီး။
  2. တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာသံရုံးနှင့်စစ်သံရုံးမိသားစုများ၊ပညာတော်သင်များအားတွေ့ဆုံ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၂၅ ရက် ထုတ် မြန်မာ့အလင်းသတင်းစာ၊စာမျက်နှာ(၈) (၂၄ စက်တင်ဘာ ၂၀၁၄)။ ၅ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  3. ရပခတိုင်းမှူး ဗိုလ်ချုပ် လှမိုးနဲ့ တပ်မ ၅၅၊ ၆၆ တပ်မမှူးတွေကိုဖြုတ်ချပြီး အရံအင်အားပို့၊ ရေချုပ် ဗိုလ်ချုပ်ကြီး မိုးအောင်နဲ့ ကကလုံညွှန်မှူး ဗိုလ်ချုပ် ထင်ကျော်သူကို စစ်ကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာနတွေမှာ ခန့်အပ် မြေလတ်အသံ (၁၀ ဇန်နဝါရီ ၂၀၂၄)။ ၅ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  4. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၆ / ၂၀၂၄ ၁၃၈၅ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၄ ရက် (၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၀ရက်) ဒုတိယဝန်ကြီးခန့်အပ်တာဝန်ပေးခြင်း MOI Myanmar (၁၀ ဇန်နဝါရီ ၂၀၂၄)။ ၅ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  5. နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၅/၂၀၂၄ ဒုတိယဝန်ကြီးတာဝန် ပြောင်းရွှေ့ခန့်အပ်တာဝန်ပေးခြင်း ၂၀၂၄ ခုနှစ်၊ မေလ ၃၁ ရက်ထုတ် အတွဲ (၇၇)၊ အမှတ် (၂၂) ပြန်တမ်းစာစောင် (၆ မေ ၂၀၂၄)။ ၄ ဇွန် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  6. နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၃)၊ ပြည်ထောင်စုဝန်ကြီးနှင့်ဝန်ထမ်းများ စုပေါင်းနေ့လယ်စာစားပွဲပြုလုပ် အခွန်အယူခံခုံအဖွဲ့ (၂၃ ဇူလိုင် ၂၀၂၅)။ ၅ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  7. ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း MOI Myanmar (၃၁ ဇူလိုင် ၂၉၉၂၅)။ ၅ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  8. အမျိုးသားလွှတ်​တော်ကိုယ်စားလှယ်တစ်ဦး၊ တိုင်းဒေသကြီးလွှတ်တော်တစ်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အစားထိုးဖြည့်စွက်ခြင်းနှင့် တပ်မ​တော်သား တိုင်း​ဒေသကြီးကိုယ်စားလှယ်တစ်ဦး အစားထိုး​ပြောင်းလဲ (in my)။ 2026-04-30 တွင် ပြန်စစ်ပြီး။
  9. ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း | Ministry Of Information (in en)။ 2026-04-11 တွင် ပြန်စစ်ပြီး။
  10. နိုင်ငံတော်သမ္မတရုံးး(၃/၂၀၁၉)ဘွဲ့ထူးချီးမြှင့်ခြင်း မြန်မာနိုင်ငံပြန်တမ်း (၄ ဇန်နဝါရီ ၂၀၁၉)။ ၅ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  11. နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၁)နိုင်ငံတော်သမ္မတ မှ ဘွဲ့ထူး၊ဂုဏ်ထူးချီးမြှင့်မှု SAC Office Myanmar (၄ ဇန်နဝါရီ ၂၀၂၁)။ 5 July 2026 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၅ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  12. ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်း | Ministry Of Information (in en)။ 2026-03-04 တွင် ပြန်စစ်ပြီး။