တျူတန်လူမျိုး

ဝီကီပီးဒီးယား မှ

အင်္ဂလိပ်၊ ဂျာမန်၊ ဒပ်ချ၊ ဖလင်မစ်လူမျိုးတို့နှင့် စကန်ဒီနေးဗီယားနိုင်ငံရှိ လူမျိုးအသီးသီး တို့ပြောဆိုသော ဘာသာစကားကို တျူတန်ဘာသာစကားဟု ခေါ်သည်။ တျူတန်ဘာသာစကားကိုပြောသော လူမျိုးတို့သည် ယေဘုယျအားဖြင့် တျူတန်လူမျိုးများ ဖြစ်ကြသည်။ သို့သော် အထူးသဖြင့် ဂျာမန်လူမျိုး တို့ကို တျူတန်လူမျိုးဟု ခေါ်ဝေါ်ကြသည်။ မူလဘူတအားဖြင့်ကား တျူတိုနီဟုခေါ်သော လူမျိုးများသည် ဘီစီ ၃ ရာစုနှစ် လောက်က ဂျတ်တလန်ကျွန်းဆွယ်တွင် နေထိုင်ခဲ့သော လူမျိုးများဖြစ်သည်ဟု ယူဆရသည်။ တျူတန်လူမျိုးတို့သည် မူလနေထိုင်ရာ ဥရောပမြောက်ပိုင်းမှ ဆင်းသက်လာပြီးလျှင် ခရစ် ၄ ရာစုနှစ်မှ ၉ ရာစု နှစ်အထိ ဥရောပတိုက် အနောက်ဘက်ရှိ ရောမအင်ပိုင်ယာကြီးမှာ ယင်းတို့ကြောင့် ပြိုကွဲခဲ့ရလေသည်။ တျူတန်လူမျိုးတို့၏ ပုံပန်းသဏ္ဌာန်မှာ ကိုယ်ခန္ဓာထွားကျိုင်း သန်မာ၍ အရပ်အမောင်း မြင့်သည်။ မျက်လုံးပြာသည်။ ဆံပင်နီဖျော့ဖျော့အရောင်ရှိသည်။ ရဲစွမ်းသတ္တိနှင့် ပြည့်စုံ၍၊ စစ်တိုက် ဝါသနာပါသည်။ စစ်တိုက်ရာတွင် အလွန်ရက်စက် ကြမ်းကြုတ်ခြင်းကြောင့်၊ ရောမလူမျိုးတို့က တျူတန်လူမျိုးတို့ကို လူရိုင်းများဟု ခေါ်ဝေါ် လေ့ရှိကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)