တံတားဦး မင်္ဂလာစေတီတော်

ဝီကီပီးဒီးယား မှ

တံတားဦး မင်္ဂလာစေတီတော် သည် အင်းဝမြို့ရှိ ဇေယျပထတံတားဦးထိပ်တွင် တည်ရှိသည့် စေတီတော်တစ်ဆူ ဖြစ်သည်။ [၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

သက္ကရာဇ် ၈၄၂ ခုနှစ်တွင် အင်းဝတွင် ဒုတိယမင်းခေါင် နန်းတက်၏။ ထိုမင်းသည် အိမ်ရှေ့မင်းအဖြစ် ရှိနေစဉ်ကတည်းက တံတားဦးအရပ်တွင် စေတီတော်တည်ရန် ဆန္ဒရှိခဲ့၏။ ထို့ကြောင့် အုတ်များကို စုဆောင်းခဲ့သည်။

နောင်အခါ မင်းဖြစ်လာသည့်နှစ်တွင်ပင် စေတီတော် တည်ခဲ့သည်။ ထိုစေတီတော်ကို ဌာပနာရန် ဓာတ်တော်များ ရှာဖွေခဲ့သည်။ စေတီတော်၏ အလယ်ဌာပနာတိုက်ကို ၈၅၈ ခုနှစ်တွင် ပိတ်နိုင်ခဲ့ပြီး ၈၆၁ ခုနှစ်တွင် စေတီတော်ကြီး ပြီးစီးခဲ့သည်။ စေတီတော် တည်ဆောက်မှုမှာ ၁၉ နှစ် ကြာမြင့်ခဲ့သည်။

စေတီတော်ကြီး၏ ပွဲသဘင်ကြီးကျယ်ခမ်းနားပုံများ၊ ဌာပနာအစီအရင်များ၊ ဓာတ်တော်ပင့်ဆောင်ဌာပနာခန်းများ စသည်တို့ကို ရှင်မဟာသီလဝံသနှင့် ရှင်မဟာရဋ္ဌသာရတို့က မော်ကွန်းရေးဖွဲ့ သီကုံးခဲ့သည်။ ထို့မော်ကွန်းများသည် "တန်တားဦးတည်မော်ကွန်း" ဟု ထင်ရှားသည်။[၁]

ပြုပြင်မွမ်းမံမှုများ[ပြင်ဆင်ရန်]

  • သာလွန်မင်းတရားကြီးလက်ထက်တွင် စေတီတော်ကို ရွှေသင်္ကန်းကပ်လှူခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ လှသမိန် (ဧပြီ ၁၉၆၈)။ မြန်မာနိုင်ငံတခွင် ဘုရားသမိုင်းပေါင်းချုပ်။ ရန်ကုန်မြို့: မဟာဝိဇ္ဇာစာပေ။ pp. ၁၁၈၊ ၁၁၉။