မာတိကာသို့ ခုန်သွားရန်

တဲရမချိလမ်း

ဝီကီပီးဒီးယား မှ
The Teramachi Street arcade

တဲရမချိလမ်း (寺町通 てらまちどおり, teramachidōri) သည် ဂျပန်နိုင်ငံကျိုတိုမြို့တွင် တည်ရှိသည့် သမိုင်းဝင်လမ်းတစ်ခု ဖြစ်သည်။ဤလမ်းသည် အရှည် ၄.၆ ကီလိုမီတာရှိကာ ခုရမဂုချိလမ်းမှ ဂေါ့ဂျောလမ်အထိ မြောက်ဘက်မှ တောင်ဘက်သို့ သွယ်တန်းတည်ရှိသည်။[]

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

လက်ရှိအချိန် တဲရမချိလမ်းသည် ဟဲအိအန်ခယောမြို့အဖြစ် ရှိခဲ့စဉ်ကာလက ဟိဂရှိခယောဂိုခုအိုးဂျိလမ်းနှင့် အတူတူပင် ဖြစ်သည်။ ထိုအချိန်ကာလက ၃၂ မီတာခန့်ကျယ်ခဲ့သည်။ သို့သော်လည်း ဤလမ်သည် အိုးနင်းစစ်ပွဲကြောင့် ပျက်စီးခဲ့သည်။[]

၁၉၅၀ ခုနှစ်တွင် လမ်းကို တိယောတိုမိဟိဒဲယောှိက ပြန်လည်ပြင်ဆင်ခဲ့ပြီး များစွာသောဗုဒ္ဓဘာသာကျောင်းတော်များကိုလည်း ဤနေရာသို့ ရွှေ့ပြောင်းစေခဲ့သည်။ မှတ်တမ်းများအရ ထိုနေရာတွင် ခန့်မှန်းခြေ ကျောင်းတော်ပေါင်း ၈၀ ခန့် ရှိသည်။[]

လမ်း၏ အမည်သည် "ကျောင်းတော်မြို့" ဟု အဓိပ္ပါယ်ရသည်။ ဤလမ်း၏ အမည်သည် ထိုဧရိယာတွင် ကျောင်းတော်များစွာ တည်ရှိနေသည်ကို သိသာစေသည်။ တိယောတိုမိဟိဒဲယောရှိသည် ၁၆ ရာစုတွင် ကျိုတိုမြို့ကို ပြင်ဆင်မှုများစွာ ပြုလုပ်ခဲ့ခြင်းနှင့်အတူ ကျောင်းတော်များစွာကိုလည်း ဤနေရာသို့ ရွှေ့ပြောင်းစေခဲ့သည်။[]

အဲဒိုခေတ်ကာလတွင် စာအုပ်များ၊ ဗုဒ္ဓဘာသာစိတ်ပုတီးများ၊ စာရေးစုတ်တံများနှင့် ဆေးများကို ရောင်းချခြင်းဖြင့် စည်ကားလာခဲ့သည်။ ၁၈၉၅ ခုနှစ်မှ ၁၉၂၆ ခုနှစ်အထိ မရုတမချိလမ်းနှ်င့ နိဂျောလမ်းအကြားတွင် ဓာတ်ရထားပြေးဆွဲခဲ့သည်။[][]

လက်ရှိကာလ

[ပြင်ဆင်ရန်]

လက်ရှိအချိန်တွင် လမ်းသည် ကျိုတိုဘုရင့်နန်းတော်၏ အရှေ့ဘက်တွင် တည်ရှိသည်။ အရှေ့ဘက် ခဝရမချိလမ်းနှင့် အနောက်ဘက် ဂေါ့ခိုမချိလမ်းတို့အကြားတွင် တည်ရှိသည်။[]

အထင်ကရနေရာများ

[ပြင်ဆင်ရန်]

ပြင်ပလင့်များ

[ပြင်ဆင်ရန်]

ကိုဩဒိနိတ်: 35°0′23″N 135°46′0.8″E / 35.00639°N 135.766889°E / 35.00639; 135.766889

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 寺町通 京都通百科事典 (in ja)။ 2020-09-09 တွင် ပြန်စစ်ပြီး။
  2. 1 2 3 寺町の歴史 | 京都 寺町京極商店街 (in ja) (2020-02-22)။ 2020-10-01 တွင် ပြန်စစ်ပြီး။
  3. 京都・寺町通りのナゾ。なぜ秀吉は、京の東部に寺を並べたのか? (in ja) (2017-02-03)။ 2020-10-01 တွင် ပြန်စစ်ပြီး။
  4. 歴史・史跡・名所 | 商店街振興組合寺町会 (in ja)။ 2020-10-01 တွင် ပြန်စစ်ပြီး။