တဲရင့်စ်စမွိုင်းနီခွဲ

ဝီကီပီးဒီးယား မှ
(တဲရင့်စ်စမွိုင်းနီးခွဲ မှ ပြန်ညွှန်းထားသည်)
တဲရင့်စ်စမွိုင်းနီခွဲ
ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၃ ဖေဖော်ဝါရီ ၂၀၂၁ – ၁၁ ဖေဖော်ဝါရီ ၂၀၂၁ (ကွယ်လွန်)
ယခင်လူရာထူးစတင်
ချင်းပြည်နယ် တရားလွှတ်တော်ချုပ် တရားသူကြီး
ကိုယ်ရေး အချက်အလက်များ
မွေးဖွားလုမ်သဲရွာဖလမ်းမြို့နယ်ချင်းပြည်နယ်
ကွယ်လွန်ဖေဖော်ဝါရီ ၁၁၊ ၂၀၂၁(၂၀၂၁-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။-၁၁)
ဟားခါးမြို့၊ ချင်းပြည်နယ်

ဦးတဲရင့်စ်စမွိုင်းနီခွဲ (အင်္ဂလိပ်: Pu Terrance San Mawi Nikhuai) သည် ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းခဲ့သူ ဖြစ်သည်။[၁] တပ်မတော်မှ အာဏာသိမ်းယူပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းခဲ့ပြီးနောက် ပြည်နယ်အလိုက် စီမံအုပ်ချုပ်ရေး ကောင်စီများအား ဖွဲ့စည်းရာတွင် ချင်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။[၁][၂]

အစောပိုင်းဘဝနှင့် ပညာရေး[ပြင်ဆင်ရန်]

ဝဏ္ဏကျော်ထင် ဒေါက်တာနီခွဲနှင့် အင်္ဂလိပ်လူမျိုး Jasmine တို့၏ သားသမီးကိုးဦးတွင် ဦးတဲရင့်စ်စမွိုင်းနီခွဲသည် အကြီးဆုံးသားဖြစ်ပြီး[၃] ဖလမ်းမြို့နယ်လုမ်သဲရွာတွင် မွေးဖွားခဲ့သည်။ [၄]ငယ်စဉ်က ဖလမ်းမြို့တွင် ပညာစတင်သင်ကြားခဲ့ပြီး မိတ္ထီလာမြို့တွင် ဆယ်တန်းအောင်မြင်ပြီးနောက် ရန်ကုန်တက္ကသိုလ်မှ ဥပဒေပညာဘွဲ့ ရရှိခဲ့သည်။ ဘွဲ့ရရှိပြီးနောက် တရားရုံးတွင် အလုပ်ဝင်ရောက်ခဲ့ပြီး ရန်ကုန်၊ မန္တလေး၊ ရှမ်းပြည်နယ်နှင့် ဖလမ်းမြို့တို့တွင် အလုပ်လုပ်ကိုင်ခဲ့သည်။[၃]

ကွယ်လွန်ခြင်း[ပြင်ဆင်ရန်]

ဦးတဲရင့်စ်စမွိုင်းနီခွဲသည် နေပြည်တော် အစည်းအဝေးသို့ သွားရောက်ခဲ့ပြီး ဟားခါးမြို့ ပြန်အရောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ကာ ကွယ်လွန်ချိန်တွင် အသက် ၆၅ နှစ်ရှိပြီ ဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ချင်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးတဲရင့်စ်စမွိုင်းနီခွဲ နှလုံးရောဂါဖြင့် ရုတ်တရက် ကွယ်လွန် (in my)။ ၁၁ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  2. တပ်ချုပ်ဦးဆောင်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ယမန်နေ့တွင် ဖွဲ့စည်း (in en)။ ၁၁ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  3. ၃.၀ ၃.၁ ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ PU Terrance San Mawi Nikhuai (ဦးတာရန့်စ်စန်မွိုင်းနီခွဲ) က ဘယ်သူလဲ (in my)။ ၁၁ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  4. Breaking News: Chin Ramkulh Chief Minister Salai Lian Luai hmunhma ah tuanvo a latu ding in Ralkap nih thim mi Pu Terrance San Mawi Ni Khuai – HRINGDILDEL LAIRAM (in en)။ 21 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၁ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။