တော်ဝိရွာသစ်

ဝီကီပီးဒီးယား မှ
(တော်ဝိမြို့ မှ ပြန်ညွှန်းထားသည်)

တော်ဝိရွာသည် ပဲခူးတိုင်းဒေသကြီးညောင်လေးပင်မြို့နယ်ရှိ ရွာတစ်ရွာဖြစ်သည်။[၁] မွန်အမည် တဝ်ဝိ (အသံထွက် တော်ဝိ)မှ ဆင်းသက်လာပြီး တော်မှာ ကုန်းကမူ၊ ဝိမှာ ရေသဖန်းပင် ဖြစ်ရာ ရေသဖန်းပင်ကုန်းဟု အဓိပ္ပာယ်ရသည်။ ညောင်လေးပင်မြို့ မြောက်ဘက် ၅ မိုင်ခန့်အကွာတွင် ရှိကာ ရန်ကုန်မန္တလေးမီးရထားလမ်းသည် တော်ဝိရွာကို ဖြတ်သန်းသည်။ မီးရထားဌာနမှတ်တမ်းများအရ နိုင်ငံတွင် ပထမဆုံးသော မီးရထားချင်းတိုက်မှု မှာ ပိန်းဇလုပ်နှင့် တော်ဝိ ဘူတာအကြား ဖြစ်ပွားခဲ့သည်။ တော်ဝိရွာ အနောက်တောင်ဘက်တွင် ဟံသာဝတီ ၃၂ မြို့အဝင် မင်းရဲလှ မြို့ဟောင်း တည်ရှိသည်။[၂] တော်ဝိရွာတွင် ရပ်ကွက်ကြီး ၆ ခု ရှိပြီး ရက်ကွက်များမှာ ရွာမရပ်ကွက်၊ အရှေ့ပိုင်းရပ်ကွက်၊ ရွာသစ် ၁ရက်ကွက်၊ ရွာသစ်၂ ရပ်ကွက်၊ ဈေးပိုင်းရပ်ကွက်၊ ကြံတောပိုင်း(ပြည်တော်အေး)ရပ်ကွက်၊ အနောက်ပိုင်းရပ်ကွက် တို့ဖြစ်သည်။

ထို့အပြင် စစ်ကုလားတန်း၊ ဘိုးဘိုးပိုင်း၊ အညာစု၊ ဂုဏ်မေကြည်ရပ်ကွက် ဟူ၍ ရပ်ကွက်ငယ် ၄ ခုလည်းရှိသည်။

ရွာအတွင်းရှိ့ဘုန်းကြီးကျောင်းများမှာ (၁)ဓမ္မမေဒိနီကျောင်း (၂)ကျောင်းကြီးကျောင်း (၃) (မဟာစည်)ဝေဇယန္တာဓမ္မရိပ်သာကျောင်း (၄) မစိုးရိမ်ကျောင်း (၅) ဘုရားကြီးကျောင်း (၆) တဝဂူကျောင်း တို့ဖြစ်သည်။ ထို့အပြင်တော်ဝိရွာ ၏အနောက် တောင်ဘက် မင်းရဲလှခေါ် ရဲမွန်လှ မြို့ဟောင်းနေရာတွင် မိုးကုတ်ဝိပဿနာအဖွဲ့ခွဲ အမှတ် ၃၀၃ တည်ရှိရာ မိုးကုတ်ဓမ္မရိပ်သာကျောင်း တည်ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ပဲခူးတိုင်းဒေသကြီး (အရှေ့) ကျေးရွာအုပ်စုများပြ မြေပုံမြန်မာသတင်းအချက်အလက် စီမံခန့်ခွဲမှု ယူနစ် (ဇန်နဝါရီ ၂၀၁၇)။ ၉ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  2. တင်နိုင်တိုး (ဒီဇင်ဘာ ၂၀၁၃)။ မြန်မာပြည်တစ်ခွင် လမ်းညွှန်။ မဇ္ဈိမစာပေ။ p. ၈၃။