တော်လှန်ရေးအင်အားစုများအကြား လက်နက်ကိုင်ပဋိပက္ခများ (၂၀၂၁–လက်ရှိ)
| ||||||||||||||||||||
တော်လှန်ရေးအင်အားစုများအကြား လက်နက်ကိုင်ပဋိပက္ခများ (၂၀၂၁-လက်ရှိ) သည် ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် စတင်ဖြစ်ပွားခဲ့သော မြန်မာ့ပြည်တွင်းစစ် (၂၀၂၁-လက်ရှိ) ကာလအတွင်း တပ်မတော် ကို ပူးတွဲခုခံတိုက်ခိုက်နေကြသည့် တော်လှန်ရေးအင်အားစုများအကြား ဖြစ်ပွားခဲ့သော လက်နက်ကိုင် ထိတွေ့ပဋိပက္ခများ ဖြစ်သည်။ ဤပဋိပက္ခများသည် နယ်မြေပိုင်နက် အငြင်းပွားမှုများ၊ အုပ်ချုပ်ရေးနှင့် အခွန်ကောက်ခံမှုဆိုင်ရာ မူဝါဒကွဲလွဲမှုများ၊ အဖွဲ့အစည်းအချင်းချင်းကြား သံသယဝင်မှုများနှင့် နားလည်မှုလွဲမှားခြင်းများမှ အဓိက စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။[၁]
မြန်မာ့ပြည်တွင်းစစ် (၂၀၂၁-လက်ရှိ) ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပေါ်ပေါက်လာသည့် ဤပဋိပက္ခများသည် တော်လှန်ရေး၏ စည်းလုံးညီညွတ်မှုကို အဟန့်အတားဖြစ်စေသည့်အပြင်၊ ဒေသခံပြည်သူလူထု၏ လုံခြုံရေးနှင့် တော်လှန်ရေး၏ ရည်မှန်းချက်များကိုပါ ရိုက်ခတ်မှုများရှိခဲ့သည်။ ဖြစ်စဉ်အများစုတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) နှင့် ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့များ (LDFs) အကြား ထိတွေ့မှုများ ပါဝင်လေ့ရှိသည်။[၂]
ထိတွေ့ပစ်ခတ်မှုများနှင့် ဖမ်းဆီးမှုများ
[ပြင်ဆင်ရန်]၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အချို့သော နယ်မြေများတွင် တော်လှန်ရေးအဖွဲ့အချင်းချင်းကြား၌ နယ်မြေစိုးမိုးရေး၊ အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခများနှင့် အမိန့်ပေးစနစ် ကွဲလွဲမှုများကြောင့် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး အင်အားစုအချို့ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။ထင်ရှားသည့် ဖြစ်စဉ်များကို အောက်ပါအတိုင်း ဖြစ်သည်[၃][၄] -
| စဉ် | ဖြစ်စဉ်အမည် | ခုနှစ် | လ/ရက် | တည်နေရာ | ပါဝင်သည့် အဖွဲ့အစည်းများ | သေဆုံး/ကျဆုံး | ဖြစ်စဉ်အကျဉ်းနှင့် နောက်ဆက်တွဲ |
|---|---|---|---|---|---|---|---|
| ၁ | ၂၀၂၂ မူဆယ် လက်နက်ကိုင်အချင်းချင်း ပစ်ခတ်မှု | ၂၀၂၂ | နိုဝင်ဘာ ၂၃ | မူဆယ်မြို့ | ရှမ်းပြည်နယ်မြောက်ပိုင်း (PSDA) အချင်းချင်း | ၆ ဦး | တပ်ဖွဲ့အတွင်း အချင်းချင်း ပစ်ခတ်မှုဖြစ်သည်။ |
| ၂ | ပုလဲမောင် သေဆုံးမှု (၂၀၂၄) | ၂၀၂၄ | မေ ၂၃ | ပုလဲမြို့နယ် | ပအဖ/ပလဖ နှင့် BNRA | ၁ ဦး | ပလဖ ပြန်ကြားရေးတာဝန်ခံ သေဆုံးခဲ့သည်။ |
| ၃ | ချင်းလက်နက်ကိုင်အချင်းချင်း တိုက်ပွဲ (၂၀၂၄-၂၀၂၅) | ၂၀၂၄ | ဇွန် ၂၁ | မတူပီမြို့/ထန်တလန်/ဖလမ်း | CNA ဦးဆောင်သော ချင်းပြည်ကောင်စီ နှင့် ချင်းညီနောင် | နှစ်ဖက် ထိခိုက်သေဆုံးမှုရှိ | မတူပီမြို့သိမ်းတိုက်ပွဲအတွင်း ပဋိပက္ခ ဖြစ်သည်။ |
| ၄ | ၂၀၂၆ ကွတ်ခိုင်မြို့ တိုက်ပွဲ | ၂၀၂၆ | မတ် ၁၆ | ကွတ်ခိုင်မြို့ | MNDAA နှင့် TNLA | မသိရှိရ | အကြီးစား နယ်မြေစိုးမိုးရေးတိုက်ပွဲ ဖြစ်သည်။ |
| ၅ | ၂၀၂၆ ယောဒေသ တော်လှန်ရေးအင်အားစု အချင်းချင်း ပစ်ခတ်မှု | ၂၀၂၆ | မတ် ၂၂ | ဂန့်ဂေါမြို့နယ်၊ ညောင်လယ်ရွာ | ယောကာကွယ်ရေးတပ် (YDF - ဗဟို) နှင့် YDF စစ်ဒေသရုံး (ခွဲထွက်) | ၁ ဦး | YDF ဗဟိုနှင့် ခွဲထွက်အဖွဲ့တို့အကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်သည်။ |
| ၆ | ၂၀၂၆ မိုးဗြဲတော်လှန်ရေးအင်အားစုအချင်းချင်း ပစ်ခတ်မှု | ၂၀၂၆ | ဧပြီ ၂၄ | မိုးဗြဲမြို့အနောက်ခြမ်း | မိုးဗြဲ Local PDF နှင့် အမှတ် (၁) အယ်လ်ဖာစစ်ဒေသ (မိုးဗြဲနယ်) | ၉ ဦး | အသေအပျောက် အများဆုံးဖြစ်စဉ်တစ်ခု ဖြစ်သည်။ |
| ၇ | မြင်းခြံခရိုင် တော်လှန်ရေးအင်အားစုများအကြား ပဋိပက္ခ | ၂၀၂၆ | မေ - ဇွန် | မြင်းခြံခရိုင် | NUG နှင့် PLA | ၄ ဦး | အင်အားကြီးအဖွဲ့များ၏ ပွတ်တိုက်မှုဖြစ်သည် |
| ၈ | ယင်းမာပင်ခရိုင် တပ်ရင်းမှူး ပုလဲမောင် (ခ) ပီတာ လုပ်ကြံသတ်ဖြတ်ခံရမှု | ၂၀၂၆ | ဇွန် ၂၆ | ယင်းမာပင်ခရိုင် | ယင်းမာပင် တပ်ရင်း (၆) နှင့် PA ရဲဘော်ငဖြိုး | ၁ ဦး | တပ်ရင်းမှူးအား လုပ်ကြံသတ်ဖြတ်ခံရသည်။ |
| ၉ | မုံရွာ တော်လှန်ရေးအင်အားစုများအကြား ပဋိပက္ခ | ၂၀၂၆ | ဇွန် ၂၉ | မုံရွာမြို့နယ် | ပလဖ နှင့် NUG | ၆ ဦး သေဆုံး | မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)စခန်း အပါအဝင် တိုက်နယ် ၄ ပလဖစခန်းအပါအဝင် နေရာ ၃ နေရာအား NUG ၏ မုံရွာခရိုင်တပ်ရင်း ၅ ရင်းပေါင်းပြီး စီးနင်းခဲ့ခြင်းဖြစ်သည်။ |
| စဉ် | ဖြစ်စဉ်အမည် | ခုနှစ် | လ/ရက် | တည်နေရာ | ဖမ်းဆီးသည့်အဖွဲ့ | ဖမ်းဆီးခံရသူများ |
|---|---|---|---|---|---|---|
| ၁ | စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ ဖမ်းဆီးခံရမှု | ၂၀၂၆ | ဇွန် ၁၅ | အင်းတော် | NUG နှင့် စစ်ကိုင်းPDF | စစ်ကိုင်း PDF ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ |
| ၂ | ၂၀၂၆ ကျောင်းသားတော်လှန်ရေးတပ်တော် အဖွဲ့ဝင်များ ဖမ်းဆီးခံရမှု | ၂၀၂၆ | မေ ၂၆ | မင်းကင်း | NUG နှင့် ကျောင်းသားတော်လှန်ရေးတပ် | ကျောင်းသားတော်လှန်ရေးတပ်တော် (SRF) အဖွဲ့ဝင်များ |
| ၃ | ၂၀၂၆ အမျိုးသားလွတ်မြောက်ရေးတပ်တော် အဖွဲ့ဝင်များ ဖမ်းဆီးခံရမှု | ၂၀၂၆ | မတ် ၆ | တမူး | NUG နှင့် အမျိုးသားလွတ်မြောက်ရေးတပ် | အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) အဖွဲ့ဝင်များ |
ကိုးကား
[ပြင်ဆင်ရန်]- ↑ Now၊ Myanmar (2026-06-23)။ မြင်းခြံတွင် PLA စခန်းကိုဝင်စီးစဉ် တပ်ဖွဲ့ဝင် ၄ ဦး မိုင်းထိသေဆုံးဟုNUG ထုတ်ပြန် (in en-US)။ 2026-06-24 တွင် ပြန်စစ်ပြီး။
- ↑ ကွတ်ခိုင် - မြောက်ပိုင်းမဟာမိတ်မှ တိုက်ပွဲသို့ (in my) (2026-03-14)။ 2026-06-24 တွင် ပြန်စစ်ပြီး။
- ↑ ludunwayoo (2026-03-02)။ လူမျိုးစု လက်နက်ကိုင်တပ်အချင်းချင်း ပြဿနာတွေလျှော့ချပြီး ဘုံရန်သူမမေ့ဖို့ ရှမ်းတောင်တပ် SSNDF နိုင်ငံရေးမှူးတိုက်တွန်း (in my-MM)။ 2026-05-03 တွင် ပြန်စစ်ပြီး။
- ↑ ချင်း လက်နက်ကိုင် အဖွဲ့တွေအကြား အပြန်အလှန် တိုက်ခိုက်မှုတွေရှိနေ (in my) (2024-06-21)။ 2026-05-03 တွင် ပြန်စစ်ပြီး။
