တော့တိုရိသဲသောင်ကုန်း
ကိုဩဒိနိတ်: 35°32′24″N 134°13′39″E / 35.54000°N 134.22750°E
တော့တိုရိသဲသောင်ကုန်း (鳥取砂丘, Tottori sakyū) သည် ဂျပန်နိုင်ငံ၊ တော့တိုရိခရိုင်၊ တော့တိုရိမြို့ပြင်တွင်ရှိသည့် သဲသောင်ကုန်းတစ်ခု ဖြစ်သည်။ အရှည် ၉ မိုင် (၁၄ ကီလိုမီတာ) နှင့် အကျယ် ၁.၅ မိုင် (၂.၄ ကီလိုမီတာ)အောက် ရှိသည်။ ဤသဲသောင်ကုန်းသည် ဂျပန်နိုင်ငံတွင် အကြီးဆုံးဖြစ်သည်။ ဆန်းအင်းခိုင်းဂန်းအမျိုးသားဥယျာဉ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။[၁]

သမိုင်းကြောင်း
[ပြင်ဆင်ရန်]ချူးဂိုခုတောင်တန်းမှ စီးဆင်းဖြစ်ပေါ်လာသည့် ဆန်းဒိုင်းမြစ်သည် တောင်တန်းများမှ သဲများကို ရေစီးနှင့် သယ်ဆောင်လားကာ ဂျပန်ပင်လယ်အတွင်းသို့ စီးဝင်သွားသည်။ ပြင်းထန်သည့် လေသည် နှစ် ၁၀၀,၀၀၀ ကာလချီကြာအောင် သဲပုံသောင်ပြင်ကို ဖြစ်ပေါ်လာစေခဲ့သည်။[၂]
ဒုတိယကမ္ဘာစစ်ပြီးနောက်တွင် ဂျပန်အစိုးရသည် သစ်တောများပြန်လည်ပြုပြင်ရေးစီမံကိန်းကို လုပ်ဆောင်လာခဲ့သည်။ ထို့အတွက်ကြောင့် သဲသောင်ပြင်၏ ဧရိယာသည်လည်း တဖြည်းဖြည်း ကျဉ်းမြောင်းလာခဲ့သည်။ သဲများ ကုန်ဆုံးသွားမှုကို ကာကွယ်တားဆီးနိုင်ရန်အတွက် ကမ်းခြေတွင် ကွန်ကရစ်အကာအရံများလည်း ပြုလုပ်ထားသည်။ အာဏာပိုင်များသည်လည်း ဒေသသို့ ခရီးသွားများလာရောက်စေရန်အတွက် သဲသောင်ပြင်၏ သဲကုန်ဆုံးမှုကို တားဆီးနိုင်ရန်အတွက် တိုင်းတာစစ်ဆေးမှုများ ပြုလုပ်ကြသည်။[၃]
ပထဝီဝင်ဆိုင်ရာ
[ပြင်ဆင်ရန်]တော့တိုရိသဲသောင်ကုန်းသည် တော့တိုရိမြို့၊ ဖုခုဘဲချော၊ အိဝတို မှ ဟခုတိုအထိ ဆန်းဒိုင်းမြစ်တစ်လျှောက် လက်ဝဲလက်ယာနှစ်ဘက်စလုံးတွင် တည်ရှီနေသည်။ သို့သော်လည်း မြစ်၏ အရှေ့ဘက်ခြမ်းရှိ "ဟမဆခ" ဟုခေါ်သည် ၅၄၅ ဟက်တာကျယ်ဝန်းသည့် သဲသောင်ကုန်းသည် ခရီးသွားများအကြား အထင်ရှားဆုံးဖြစ်သည်။ သဲသောင်ကုန်းသည် ပင်လယ်ကို တားဆီးထားကာ အရှေ့တောင်ဘက်ခြမ်းတွင် တနဲဂအိခဲရေကန်ကို ဖြစ်ပေါ်စေသည်။[၄]
အမြင့်ဆုံးနေရာသည် ပင်လယ်ရေမျက်နှာအပြင်အထက် မီတာ ၉၀ တွင် ရှိသည်။ ၎င်းနေရာသည် ဂျပန်ဘာသာစကားဖြင့် "ဆုရိဘချိ" ဟု ခေါ်သည့် ကြိတ်ဆုံသဏ္ဌာန် တည်ရှိသည်။ ထိုနေရာများထဲတွင် အကြီးဆုံးနေရာကို "အိုးဆုရိဘချိ" ဟု ခေါ်သည်။ "ကြီးမားသည့် ကြိတ်ဆုံ" ဟု အဓိပ္ပါယ်ရသည်။ မျက်နှာပြင်သည် အမြဲတမ်း ခြောက်သွေ့မနေပေ။ ဆုရိဘချိ၏ အနက်ဆုံးနေရာတွင် မြေအောက်ရေများ ထွက်ရှိနေသည်လည်း ရှိသည်။ တစ်ခါတရံတွင် သတ်မှတ်ထားသည့် ရာသီကာလတွင် အနက်တိမ်သည့် ရေကန်ငယ်ကလေးများလည်း ဖြစ်ပေါ်လျက်ရှိသည်။[၅]
အခက်အခဲများ
[ပြင်ဆင်ရန်]သဲသောင်ကုန်းတွင် ခွင့်ပြုချက်မရှိ အမှတ်အသားများပြုလုပ်ခြင်း၊ ရုပ်ပုံများရေးဆွဲခြင်းများ ပြုလုပ်သည့် ပြဿနာရှီသည်။ ၎င်းဖြစ်ပေါ်နေသည့် ပြဿနာကို ဖြေရှင်းရန်အတွက် သဲသောင်ပြင်တွင် ထိုကဲ့သို့သော အရာများကို ပြုလုပ်ပါက ဒဏ်ငွေ ယန်းငါးသောင်း ချမှတ်နိုင်သည့် စည်းမျဉ်းကို သတ်မှတ်ခဲ့သည်။[၆]
ရုပ်ပုံများ
[ပြင်ဆင်ရန်]- အကြီးဆုံးသောင်ကုန်းမှ မြင်ရသည့် မြင်ကွင်း
- ခရီးသွားများအတွက် သစ်ကုလားအုတ်
ပြင်ပလင့်များ
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ Petri၊ Alexandra E. (27 April 2017)။ See Japan's Surprising Sand Dunes။ February 24, 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 August 2021 တွင် ပြန်စစ်ပြီး။
- ↑ Lagrave၊ Katherine (16 June 2017)။ Japan's Tottori Sand Dunes Look Straight Out of the Sahara Desert။ 9 August 2021 တွင် ပြန်စစ်ပြီး။
- ↑ Onishi, Norimitsu (23 August 2006). "In the Shrinking Dunes, Stalking a Creepy Green Enemy". Tottori Journal.
- ↑ 鳥取砂丘ってどこにあるの?။ 鳥取県။ 2020-10-19 တွင် ပြန်စစ်ပြီး။
- ↑ 砂丘はキャンバスだ!砂と風がつくりだす芸術作品။ 鳥取県။ 2025-03-14 တွင် ပြန်စစ်ပြီး။
- ↑ 日本一の鳥取砂丘を守り育てる条例။ 鳥取県生活環境部公園自然課။ 2011-12-10 တွင် ပြန်စစ်ပြီး။