မာတိကာသို့ ခုန်သွားရန်

တော့တိုရိခရိုင်

ဝီကီပီးဒီးယား မှ
တော့တိုရိခရိုင်
鳥取県
Prefecture
Japanese စာသားဖြင့် ဖော်ပြခြင်း
  Japanese鳥取県
  RōmajiTottori-ken
တော့တိုရိမြို့အနီးရှိ တော့တိုရိသဲသောင်ကုန်း
တော့တိုရိမြို့အနီးရှိ တော့တိုရိသဲသောင်ကုန်း
တော့တိုရိခရိုင်၏ အလံတော်
အလံတော်
တော့တိုရိခရိုင်၏ တရားဝင်လိုဂို
Symbol
အထိမ်းအမှတ်သီချင်း: Wakiagaru chikara
Location of တော့တိုရိခရိုင်
ကိုဩဒိနိတ်: 35°26′56″N 133°45′58″E / 35.449°N 133.766°E / 35.449; 133.766ကိုဩဒိနိတ်: 35°26′56″N 133°45′58″E / 35.449°N 133.766°E / 35.449; 133.766
CountryJapan
RegionChūgoku (San'in)
IslandHonshu
CapitalTottori
SubdivisionsDistricts: 5, Municipalities: 19
အစိုးရ
  GovernorShinji Hirai
ဧရိယာ
  စုစုပေါင်း၃,၅၀၇.၁၃ စတုရန်းကီလိုမီတာ (၁၃၅၄.၁၁ စတုရန်းမိုင်)
ဧရိယာအဆင့်41st
လူဦးရေ (July 1, 2023)
  စုစုပေါင်း၅၃၈၅၂၅
  အဆင့်47th
  သိပ်သည်းမှု၁၅၄/km (၄၀၀/sq mi)
  DialectsInshū・Kurayoshi・West Hōki
GDP[]
  TotalJP¥ 1,912 billion
US$ 14.1 billion (2022)
ISO 3166 ကုဒ်JP-31
ဝဘ်ဆိုက်pref.tottori.lg.jp
တော့တိုရိသဲသောင်ကုန်း

တော့တိုရိခရိုင် (鳥取県, တော့တိုရိခန်း[]) သည် ဂျပန်နိုင်ငံဟွန်းရှူးကျွန်းချူးဂိုခုဒေသရှိ ခရိုင်တစ်ခု ဖြစ်သည်။[] တော့တိုရိခရိုင်သည် ဂျပန်နိုင်ငံ၏ လူဦးရေနည်းပါးသည့် ခရိုင်တစ်ခု ဖြစ်ကာ လူဦးရေ ၅၃၈,၅၂၅ ဦး (၂၀၂၃ ခုနှစ်) ရှိသည်။ ဧရိယာ ၃,၅၀၇.၁၃ စတုရန်းကီလိုမီတာ (၁၃၅၄.၁၁ စတုရန်းမိုင်) ကျယ်ဝန်းသည်။ တော့တိုရိခရိုင်သည် အနောက်ဘက်တွင် ရှိမနဲခရိုင်၊ အနောက်တောင်ဘက်တွင် အိုဆာကာစီရင်စု၊ တောင်ဘက်တွင် အိုခယမခရိုင်နှင့် အရှေ့ဘက်တွင် ဟယောဂိုခရိုင်တို့ ရှိသည်။

တော့တိုရိမြို့သည် ခရိုင်မြို့တော်ဖြစ်ကာ အကြီးဆုံးမြို့ ဖြစ်သည်။ အခြားအဓိကကျသည့် မြို့များမှာ ယောနဂိုမြို့၊ ခုရယောရှိမြို့၊ ဆခိုင်းမိနတိုမြို့တို့ ဖြစ်သည်။ တော့တိုရိခရိုင်တွင် တော့တိုရိသဲသောင်ကုန်းရှိသည်။ ဤသဲသောင်ကုန်းသည် ဂျပန်နိုင်ငံတွင် အကြီးဆုံး ဖြစ်သည်။ ချူးဂိုခုတောင်တန်းတွင် ပါဝင်သည့် ဒိုင်းဆန်းတောင်သည် ခရိုင်၏ အမြင့်ဆုံးနေရာ ဖြစ်သည်။ တော့တိုရိခရိုင်သည် လူဦး၇ေအားဖြင့် အနည်းဆုံးခရိုင်တစ်ခု ဖြစ်သော်လည်း ဂျပန်နိုင်ငံ၏ အိမ်ထောင်စုတစ်ခုချင်းစီအလိုက် ကော်ဖီသောက်သုံးမှုအများဆုံး ခရိုင်ဖြစ်သည်။[]

အမည်နာမ

[ပြင်ဆင်ရန်]

"တော့တိုရိ" ဟူသည့် စကားလုံးသည် ဂျပန်ခန်ဂျိအက္ခရာနှစ်လုံးဖြင့် ဖွဲ့စည်းထားသည်။ ပထမခန်ဂျိ 鳥 သည် "ငှက်" ဖြစ်ပြီး၊ ဒုတိယအက္ခရာ 取 သည် "ရရှိသည်" ဟု အဓိပ္ပါယ်ရသည်။ ရှေးခေတ်ကာလ ဤဒေသတွင်နေထိုင်ကြသူများသည် များစွာသော ရေကြက်များကို ဖမ်းကာ အသက်မွေးခဲ့ကြသည်။ "တော့တိုရိ" ဟူသည့် အမည်သည် ဘုရင်ဆုအိနင်း (၂၁၃ အေဒီ) လက်ထက် ၂၃ နှစ်မြောက်ကာလတွင် မှတ်တမ်းတင်ခဲ့သည့် နိဟွန်းရှောခိ ဟူသည့် စာအုပ်တွင် ပထမဆုံး ပါရှိခဲ့သည်။[]

ပထဝီသွင်ပြင်

[ပြင်ဆင်ရန်]
Map of Tottori Prefecture
     City      Town      Village

Script error: No such module "OSM Location map".

Tottori City
Sakaiminato

တော့တိုရိခရိုင်တွင် ဂျပန်နိုင်ငံ၏ အကြီးဆုံး သဲသောင်ကုန်းဖြစ်သည့် တော့တိုရိသဲသောင်ကုန်းရှိသည်။ ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် ခရိုင်မြေဧရိယာ၏ ၁၄ ရာခိုင်နှုန်းသည် အမျိုးသားဥယျာဉ်များ ဖြစ်သည်။ ၎င်းတို့မှာ ဒိုင်းဆန်း - အိုခိနှင့် ဆန်းအင်းခိုင်းဂန်းအမျိုးသားဥယျာဉ်၊ ဟိဘ - ဒိုးဂို - တိုင်းရှခုနှင့် ဟယောနိုဆန်း - အုရှိရိုယမ - နဂအိဆန်အမျိုးသားဥယျာဉ်နှင့် မဆဆ - တိုးဂိုးခို၊ နိရှိအိနဘနှင့် အိုခုဟိနိုခရိုင်အမျိုးသားဥယျာဉ်တို့ ဖြစ်သည်။[]

မိဆုမိတောင်သည် မိုချိဂဆဲမြို့၏ ယခင်ဧရိယာအတွင်း ရှိသည်။ ၂၀၀၄ ခုနှစ်တွင် တော့တိုရိမြို့နှင့် မိုချိဂဆဲကို ပေါင်းစပ်ခဲ့သည်။

မြို့ပြများ

[ပြင်ဆင်ရန်]

တောတိုရိခရိုင်တွင် မြို့ကြီးလေးမြို့ တည်ရှိသည်။ ၎င်းတို့မှာ -

အမည် ဧရိယာ (km2) လူဦးရေ မြေပုံ
ရိုမဂျိ ခန်ဂျိ
Kurayoshi 倉吉市 272.06 48,558
Sakaiminato 境港市 29.02 33,888
Tottori (capital) 鳥取市 765.31 192,912
Yonago 米子市 132.42 148,720

မြို့ငယ်များနှင့် ရွာများ

[ပြင်ဆင်ရန်]

တော့တိုရိခရိုင်ရှိ ဒေသတစ်ခုချင်းစီရှိ မြို့ငယ်များနှင့် ရွာများမှာ အောက်ပါအတိုင်း ဖြစ်သည်။

အမည် ဧရိယာ (km2) လူဦးရေ ဒေသ အမျိုးအစား မြေပုံ
ရိုမဂျိ ခန်းဂျိ
Chizu 智頭町 224.61 7,031 Yazu District Town
Daisen 大山町 189.83 16,357 Saihaku District Town
Hiezu 日吉津村 4.2 3,439 Saihaku District Village
Hino 日野町 133.98 2,649 Hino District Town
Hōki 伯耆町 139.44 11,071 Saihaku District Town
Hokuei 北栄町 56.94 14,718 Tōhaku District Town
Iwami 岩美町 122.32 11,382 Iwami District Town
Kōfu 江府町 124.52 2,950 Hino District Town
Kotoura 琴浦町 139.97 17,219 Tōhaku District Town
Misasa 三朝町 233.52 6,407 Tōhaku District Town
Nanbu 南部町 114.03 10,888 Saihaku District Town
Nichinan 日南町 340.96 4,665 Hino District Town
Wakasa 若桜町 199.31 3,209 Yazu District Town
Yazu 八頭町 206.71 16,985 Yazu District Town
Yurihama 湯梨浜町 77.94 16,837 Tōhaku District Town

ပေါင်းစပ်မှုများ

[ပြင်ဆင်ရန်]

လူဦးရေဆိုင်ရာ

[ပြင်ဆင်ရန်]

ဂျပန်နိုင်ငံ၏ လူဦးရေစာရင်းအရ တော့တိုရိခရိုင်သည် ဂျပန်နိုင်ငံတွင် လူဦးရေအနည်းဆုံးခရိုင် ဖြစ်သည်။[][]

သမိုင်းတစ်လျှောက် လူဦးရေများ
ခုနှစ်လူဦးရေ±%
1920 ၄၅၅၀၀၀    
1930 ၄၈၉၀၀၀+7.5%
1940 ၄၈၄၀၀၀−1.0%
1950 ၆၀၀၀၀၀+24.0%
1960 ၅၉၉၀၀၀−0.2%
1970 ၅၆၉၀၀၀−5.0%
1980 ၆၀၄၀၀၀+6.2%
1990 ၆၁၆၀၀၀+2.0%
2000 ၆၁၃၂၈၉−0.4%
2010 ၅၈၈၆၆၇−4.0%
2020 ၅၆၀၅၁၇−4.8%

စီးပွားရေး

[ပြင်ဆင်ရန်]

တော့တိုရိခရိုင်မှ ထွက်ရှိသည့် စိုက်ပျိုးရေးထုတ်ကုန်များကို ဂျပန်နိုင်ငံရှိ အဓိကမြို့ကြီးများသို့ တင်ပို့သည်။ ထင်ရှားသည့် ထုတ်ကုန်အချို့မှာ နရှိသစ်တော်သီး၊ နဂအိမိုဝဥ၊ ဂျပန်နွေကြက်သွန်နီ၊ ကြက်သွန်မြိတ် (နဲဂိ)နှင့် ဖရဲသီးတို့ ဖြစ်သည်။ ထို့အပြင် တော့တိုရိခရိုင်သည် ဆန်အဓိကထုတ်လုပ်သည့် ခရိုင်တစ်ခု ဖြစ်သည်။

ဘာသာစကား

[ပြင်ဆင်ရန်]

သမိုင်းကြောင်းအရ တော့တိုရိခရိုင်ရှိရာဒေသသည် ဘာသာစကားအသုံးပြုမှု ကွဲပြားခြားနားခဲ့သည်။ လက်ရှိအချိန်တွင် ဂျပန်နိုင်ငံ၏ စံအဖြစ်သတ်မှတ်ထားသည့် တိုကျိုဒေသစကား ကို အသုံးပြုနေသော်လည်း အခြားဒေသစကားများကိုလည်း အသုံးပြုနေသေးသည်။ ၎င်းတို့ထဲတွင် ချူးဂိုခုဒေသစကားနှင့် အွန်းပခုဒေသစကားတို့ ပါဝင်သည်။[]

ပညာရေး

[ပြင်ဆင်ရန်]

တက္ကသိုလ်များ

[ပြင်ဆင်ရန်]

ကောလိပ်များ

[ပြင်ဆင်ရန်]

ထင်ရှားသည့် နေရာများ

[ပြင်ဆင်ရန်]

တော့တိုရိမြို့တော်

[ပြင်ဆင်ရန်]
ဆုနဘကော်ဖီဆိုင်၊ တော့တိုရိမြို့၏ ထင်ရှားသည့် ကော်ဖီဆိုင် ဖြစ်သည်။

ဒိုင်းဆန်း

[ပြင်ဆင်ရန်]
ဒိုင်းဆန်းတောင်၏ မြင်ကွင်းကျယ်၊

ဒိုင်းဆန်းနှင့် ယောနဂို

[ပြင်ဆင်ရန်]

ယောနဂိုနှင့် ဆခိုင်းမိနတို

[ပြင်ဆင်ရန်]
View of Sakaiminato Mizuki Shigeru Memorial Hall and Character's Statue
  • နခအုမိ, တော့တိုရိခရိုင်နှင့် ရှိမနဲခရိုင်အကြားရှိ brackish ရေကန်၊ ဂျပန်နိုင်ငံတွင် ငါးခုမြောက်အကြီးဆုံးကန် ဖြစ်သည်။

ဆခိုင်းမိနတို

[ပြင်ဆင်ရန်]
  • အိရှိတနိစံအိမ်, အဲဒိုခေတ်ကာလမိသားစုစံအိမ်၊ ဂျပန်နိုင်ငံ၏ နိုင်ငံရတနာတစ်ခုအဖြစ် သတ်မှတ်ထားသည်။]]

နန်းဘု

[ပြင်ဆင်ရန်]

ပို့ဆောင်ဆက်သွယ်ရေး

[ပြင်ဆင်ရန်]

မီးရထားလမ်း

[ပြင်ဆင်ရန်]

ကားလမ်းများ

[ပြင်ဆင်ရန်]

အဝေးပြေးလမ်းနှင့် တိုးဂိတ်လမ်းများ

[ပြင်ဆင်ရန်]
  •  Tottori Expressway
  •  Yonago Expressway
  •  Sanin Expressway
  •  Shidosaka Pass Road
  •  Tottori-Toyooka-Miyazu Road

နိုင်ငံအဆင့် အဝေးပြေးလမ်းများ

[ပြင်ဆင်ရန်]
  • Route 9
  • Route 29 (Tottori-Shiso-Himeji)
  • Route 53 (Tottori-Tsuyama-Okayama)
  • Route 178
  • Route 179
  • Route 180
  • Route 181 (Yonago-Niimi-Okayama)
  • Route 183
  • Route 313
  • Route 373
  • Route 431
  • Route 482

ဆိပ်ကမ်းများ

[ပြင်ဆင်ရန်]

လေဆိပ်များ

[ပြင်ဆင်ရန်]

ပြင်ပလင့်များ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. 2020年度国民経済計算(2015年基準・2008SNA) : 経済社会総合研究所 – 内閣府 (in ja)။ 2023-05-18 တွင် ပြန်စစ်ပြီး။
  2. NHK Broadcasting Culture Research Institute, ed. (24 May 2016)။ NHK日本語発音アクセント新辞典 (ဂျပန်ဘာသာစကားဖြင့်)။ NHK Publishing။
  3. Nussbaum, Louis-Frédéric. (2005). "Tottori Prefecture" in Japan Encyclopedia, p. 990, p. 990, at Google Books; "Chūgoku" at p. 127, p. 127, at Google Books.
  4. Nussbaum, "Tottori" at p. 990, p. 990, at Google Books.
  5. "XXX"၊ Nihongi; chronicles of Japan from the earliest times to A.D. 697၊ ဘာသာပြန်သူ Aston၊ W. G. (1st Tuttle ed.)၊ Rutland, Vt.: C.E. Tuttle Co.၊ 1972၊ p. 175၊ ISBN 978-0-8048-0984-9OCLC 354027
  6. General overview of area figures for Natural Parks by prefecture Ministry of the Environment 31 August 2012 တွင် ပြန်စစ်ပြီး။
  7. Tottori (Japan): Prefecture, Major Cities & Towns - Population Statistics, Maps, Charts, Weather and Web Information (in en)။ 20 July 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2026-02-24 တွင် ပြန်စစ်ပြီး။
  8. Japan Prefectures Population from 1920 and Area 2026-02-24 တွင် ပြန်စစ်ပြီး။
  9. "Tottori-ken: seikatsu bunka (鳥取(県): 生活文化)"Nihon Daihyakka Zensho (Nipponika) (日本大百科全書(ニッポニカ) (ဂျပန်ဘာသာစကားဖြင့်)။ Tokyo: Shogakukan။ 2012။ 2007-08-25 တွင် မူရင်း အား မော်ကွန်းတင်ပြီး2012-04-07 တွင် ပြန်စစ်ပြီး