တောင်ဝှေးလဲတော့ ဖိုးသူတော် ထူနိုင်သည်၊ ဖိုးသူတော်လဲတော့ တောင်ဝှေး မထူနိုင်

ဝီကီပီးဒီးယား မှ

တောင်ဝှေးလဲတော့ ဖိုးသူတော် ထူနိုင်သည်၊ ဖိုးသူတော်လဲတော့ တောင်ဝှေး မထူနိုင် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

တောင်ဝှေးလဲသော် ဖိုးသူတော်က ထူပေးနိုင်၍ ဖိုးသူတော်လဲသော် တောင်ဝှေးက ထူပေးခြင်း မပြုနိုင်သကဲ့သို့ မှီခိုသူဒုက္ခဖြစ်သည့်အခါ မှီခိုအားထားရာပုဂ္ဂိုလ်က အကူအညီ ပေးနိုင်သော်လည်း မှီခိုအားထားရာပုဂ္ဂိုလ် ဒုက္ခဖြစ်သည့်အခါ မှီခိုသူက အကူအညီပေးနိုင်စွမ်း မရှိချေ။ [၁]

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "ဘေဘီဖျားလို့ အရေးမကြီးဘူး။ ကိုဇေယျဖျားမှာသာ စိုးရိမ်ရတာ။ ဖိုးသူတော်လဲတော့ တောင်ဝှေးက မထူနိုင် ဖြစ်နေပါဦးမယ်။" ၁၃၁၆ ဪမိန်းမ။ ၂၁၄။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစကားပုံ (စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်း ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ ဇွန် ၂၀၀၈။ p. နှာ-၉၀။