တောင်မြွေပွေး

ဝီကီပီးဒီးယား မှ
တောင်မြွေပွေး
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Reptilia
မျိုးစဉ်: Squamata
မျိုးစဉ်သေး: Serpentes
မျိုးရင်း: Viperidae
မျိုးရင်းသေး: Crotalinae
မျိုးစု: Ovophis
မျိုးစိတ်:
O. monticola
ဒွိနာမ
Ovophis monticola
(Günther, 1864)
Synonyms
  • Parias maculata - Gray, 1853
  • Trimeresurus monticola - Günther, 1864
  • Crotalus Trimeres[urus]. monticola - Higgins, 1873
  • Trimeresurus monticola - Boulenger, 1890
  • Lachesis monticola - Boulenger, 1896
  • Trimeresurus monticola monticola - Mell, 1931
  • Agkistrodon monticola - Pope, 1932
  • Trimeresurus tonkinensis - Bourret, 1934 (possible nomen nudum)
  • Trimeresurus tonkinensis - Bourret, 1934
  • T[rimeresurus]. m[onticola]. tonkinensis - Deuve, 1970
  • Trimeresurus monticola - Saint-Girons, 1972
  • Ovophis monticola - Burger In Hoge & Romano-Hoge, 1981
  • Ovophis monticola monticola - Hoge & Romano-Hoge, 1981
  • Ovophis tonkinensis - Hoge & Romano-Hoge, 1981
  • Ovophis tonkinensis - Golay et al., 1993
  • Ovophis monticola monticola - Orlov & Helfenberger, 1997[၂]

တောင်မြွေပွေးသည် အာရှတိုက်တွင် တွေ့ရှိရသည့် အဆိပ်ရှိသော မြွေပွေး မျိုးစိတ်တစ်မျိုးဖြစ်သည်။ ဤနေရာ၌ ဖော်ပြထားသည့် အမည်စာရင်းတင်သွင်းထားသော မျိုးစိတ်ခွဲများအပါအဝင် ၎င်း၏ မျိုးစိတ်ခွဲနှစ်မျိုးအား လက်ရှိအသိအမှတ်ပြုသတ်မှတ်ထားသည်။[၃][၄][၅]

ဖော်ပြချက်[ပြင်ဆင်ရန်]

မြွေအထီးများ၏ ခန္ဓာကိုယ် ပျမ်းမျှအရှည်သည် ၄၉ စင်တီမီတာ (၁၉.၂၅ လက်မ) ရှိပြီး၊ မြွေအမများမှာ ၁၁၀ စင်တီမီတာ (၄၃.၂၅ လက်မ) ရှိကြကာ၊ အမြီး၏အရှည်သည် မြွေအထီးများမှာ ၈  စင်တီမီတာ (၃.၁၂၅ လက်မ) နှင့် မြွေအမများမှာ ၁၅ စင်တီမီတာ (၅⅞ လက်မ) ရှိကြသည်။[၆]

ဦးခေါင်းတွင် နှာတံတိုပြီး မျက်လုံးအချင်း၏ အလျား၏ နှစ်ဆကျော်ရှိသည်။ ငယ်ထိပ်အား ကြီးမားသော ကြေးခွံများထက် သေးငယ်သော အကြေးခွံများဖြင့်သာ ဖုံးအုပ်ထားသော်လည်း အကြေးခွံများသည် အများအားဖြင့် ချောမွေ့ပြီး ပျော့ပျောင်းစွာ ရောနှောထားသည်။[၆]

လူသိများသော အမည်များ[ပြင်ဆင်ရန်]

တောင်မြွေပွေး[၇]၊ တရုတ်မြွေပွေး၊ မြွေပွေးပြောက်[၈]၊ တရုတ်တောင်မြွေပွေး[၉]

တွေ့ရှိရသော ဒေသများ[ပြင်ဆင်ရန်]

အာရှတွင် နီပေါအိန္ဒိယ(အာသံဆစ်ကင်းမီဇိုရမ်နာဂလန်း)၊ ဘင်္ဂလားဒေ့ရှ်[၁၀](မျိုးစိတ်ခွဲဇယားတွင် ဖော်ပြထားပြီး)၊ မြန်မာတရုတ်(ကျဲ့ကျန်းဖူကျန့်စီချွမ်ယူနန်တိဗက်)၊ ကမ္ဘောဒီးယားထိုင်းလာအိုဗီယက်နမ်၊ အနောက် မလေးရှား နှင့် အင်ဒိုနီးရှား(ဆူမားတြား)။[၂]

မျိုးစိတ်ခွဲများ[ပြင်ဆင်ရန်]

မျိုးစိတ်ခွဲများ[၃] တက်ဆွန် အမည်ပေးသူ[၃] လူသိများသောအမည်[၇] တွေ့ရှိရသည့် ဒေသများ[၇]
O. m. monticola (Günther ၊ 1864) Mountain pitviper ဘင်္ဂလားဒေ့ရှ်(စစ်တကောင်းတောင်တန်းဒေသ)၊ တရုတ်(စီချွမ် ၊ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ယူနန်အိန္ဒိယ(အာရူနာချယ်ပရာဒက်ရှ်၊ အာသံမီဇိုရမ်မဏိပူရမီဂါလာယာနာဂလန်းဆစ်ကင်း၊ ဥတ္တရခန်နှင့် အနောက်ဘင်္ဂလား)၊ မြန်မာ(ချင်းကချင် နှင့် ရှမ်း)၊ နီပေါ
O. m. makazayazaya (Takahashi ၊ 1922) Taiwanese mountain pitviper ထိုင်ဝမ် (Majia၊ Pingtung၊ Chiayi Alishan)၊ တရုတ် (အရှေ့တောင်)၊ ဗီယက်နမ်
O. m. zhaokentangi Zhao၊ ၁၉၉၅ Gaoligong mountain pitviper Goaligong Shan၊ Pianma ၏မြောက်ဘက်၊ Lushui ကောင်တီ၊ ယူနန်ပြည်နယ်၊ တရုတ်နိုင်ငံ။

အဆိပ်[ပြင်ဆင်ရန်]

ဤမျိုးစိတ်များ၏ အဆိပ်အကြောင်း အနည်းငယ် မသိရသော်လည်း သွေးယိုစိမ့်ခြင်း နှင့် procoagulants များပါ၀င်သည်ဟု ယူဆရသည်။ ဤမြွေမျိုးစိတ်၏ အပေါက်ခံရမှုကြောင့် သေဆုံးမှုမှတ်တမ်းတစ်ခုရှိ၏။[၁၁]

ကိုးကား[ပြင်ဆင်ရန်]

  1. Malhotra, A. (2010). "Ovophis monticola". IUCN အနီရောင်စာရင်း 2010. IUCN. doi:10.2305/IUCN.UK.2010-4.RLTS.T178669A7592174.en. 
  2. ၂.၀ ၂.၁ McDiarmid RW, Campbell JA, Touré T. 1999. Snake Species of the World: A Taxonomic and Geographic Reference, vol. 1. Herpetologists' League. 511 pp. ISBN 1-893777-00-6 (series). ISBN 1-893777-01-4 (volume).
  3. ၃.၀ ၃.၁ ၃.၂ Ovophis monticolaIntegrated Taxonomic Information System
  4. "Phylogenetic structure and species boundaries in the mountain pitviper Ovophis monticola (Serpentes: Viperidae: Crotalinae) in Asia" (2011): 444–457. 
  5. "Ovophis makazayazaya" (2012). 
  6. ၆.၀ ၆.၁ Leviton AE, Wogan GOU, Koo MS, Zug GR, Lucas RS, Vindum JV. 2003.
  7. ၇.၀ ၇.၁ ၇.၂ Gumprecht A, Tillack F, Orlov NL, Captain A, Ryabov S. 2004.
  8. U.S. Navy. 1991.
  9. Brown JH. 1973.
  10. Ovophis monticola
  11. Venomous Snakes of the World by Mark O'Shea, Page number 104