တောင်မင်း မြောက်မင်း မကယ်နိုင်

ဝီကီပီးဒီးယား မှ

တောင်မင်း မြောက်မင်း မကယ်နိုင် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ပြဿနာကိုယ်စီ ကြုံကြသောအခါ တောင်ဘက်အရပ်၌ စိုးစံသောမင်းနှင့် မြောက်ဘက်အရပ်၌ စိုးစံသောမင်းတို့ အချင်းချင်း မကယ်နိုင်သကဲ့သို့ ကိုယ့်အခက်အခဲနှင့်ကိုယ် ဖြစ်နေသောအခါတွင် တစ်ယောက်ကိုတစ်ယောက် မကူညီနိုင်သော အခြေအနေမျိုးဖြစ်သည်။ [၁]

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "တောင်မင်း မြောက်မင်း မကယ်နိုင်သော ဘဝတွင် မျက်ရည်စ ကလေးတွေနှင့်..." [၁၃၀၃] မြဝင်း။ ၂၂။
  • အမှန်တော့ ကျွန်တော်လည်း သူတို့ကို မကယ်နိုင်ပါ။ တောင်မင်း မြောက်မင်း မကယ်နိုင်သလို တောင်ငမွဲကို မြောက်ငမွဲ မကယ်နိုင်။" [၁၃၃၄] မိုးဝေ၊ ၅၇။ ၁၃၁။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစကားပုံ (စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်း ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ ဇွန် ၂၀၀၈။ p. နှာ-၉၀။