တောင်ပိုင်းလှံ စစ်ဆင်ရေး
| တောင်ပိုင်းလှံ စစ်ဆင်ရေး | |||||||
|---|---|---|---|---|---|---|---|
| |||||||
အမေရိကန်တပ်ဖွဲ့ဝင်များ၏ ခန့်မှန်းခြေနေရာများနှင့် လေကြောင်းတိုက်ခိုက်မှုများ၏ ခန့်မှန်းခြေတည်နေရာများ အပါအဝင် ပဋိပက္ခ၏ ပုံကြမ်း | |||||||
| |||||||
| စစ်ရင်ဆိုင်သူများ | |||||||
|
ပံ့ပိုးပါဝင်ကြသူများ: | |||||||
| တပ်မှူးများနှင့် ခေါင်းဆောင်များ | |||||||
|
|
| ||||||
| ပါဝင်သည့် တပ်ဖွဲ့များ | |||||||
| |||||||
| စစ်အင်အား | |||||||
| ၁၅,၀၀၀ နှင့် အထက် |
| ||||||
| အသေအပျောက် | |||||||
|
ဒဏ်ရာအချို့ရရှိ [၆] ရဟတ်ယာဉ် ၁ စီး ပျက်စီး |
| ||||||
တောင်ပိုင်း လှံ စစ်ဆင်ရေး (အင်္ဂလိပ် — Operation Southern Spear) သည် အမေရိကန် စစ်တပ်က ဦးဆောင်ဆောင်ရွက်သည့် စစ်ရေးလှုပ်ရှားမှုတစ်ရပ်ဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်၏ အမိန့်အရ နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် အမေရိကန်စစ်တပ်နှင့် CIA တို့ ပူးပေါင်းဆောင်ရွက်သည့် စစ်ဆင်ရေး အဖြစ်လည်း သတ်မှတ်နိုင်ပြီး၊ဗင်နီဇွဲလားသမ္မတ နီကိုးလက်စ် မဒူရိုအား အာဏာမှ ဖယ်ရှားရန် ရည်ရွယ်ချက်အနေနှင့်လည်း ထင်ရှားခဲ့သည်။
ထရမ့် အစိုးရနှင့် ဗင်နီဇွဲလားအကြား တင်းမာမှုများ မြင့်တက်နေသည့်အချိန်တွင်၊ အမေရိကန်အစိုးရသည် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုမှ ကာကွယ်ရန်အကြောင်းပြချက်ဖြင့် ကာရေဘီယံပင်လယ် တွင် စစ်အင်အားများကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လလယ်တွင် စတင်တပ်ဖြန့်ခဲ့သည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်း၊ အမေရိကန်သည် နိုင်ငံခြားအကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသော Cartel of the Suns အဖွဲ့အား တိုက်ဖျက်ရန် စစ်ဆင်ရေးအဆင့်သစ်ကို စတင်ခဲ့သည်။
Cartel of the Suns သည် ဗင်နီဇွဲလားနိုင်ငံနှင့် စစ်တပ်အချို့မှ တာဝန်ရှိသူများ ပါဝင်ဆက်နွယ်သည်ဟု စွပ်စွဲခံထားရသည့် မူးယစ်ဆေးဝါးကူးသန်းမှုအဖွဲ့ ဖြစ်သည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ထရမ့်အစိုးရသည် မဒူရိုအစိုးရအား နိုင်ငံခြားအကြမ်းဖက်အဖွဲ့အဖြစ် ကြေညာကာ၊ ဒဏ်ခတ်ပိတ်ဆို့ထားသည့် ရေနံတင်သင်္ဘောများကို စတင်စီးနင်းပြီး ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။
ဒီဇင်ဘာလနှောင်းပိုင်းတွင် အမေရိကန်သည် ဗင်နီဇွဲလားရှိ မြေပြင်ပစ်မှတ်ကို ပထမဆုံး တိုက်ခိုက်ခဲ့ပြီး၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် ကရာကက်စ်မြို့နှင့် အခြားနေရာများတွင် ပစ်မှတ်များကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ထို့နောက် သမ္မတ နီကိုးလက်စ် မဒူရိုကို ဖမ်းဆီး၍ အမေရိကန်နိုင်ငံသို့ ခေါ်ဆောင်ပြီး တရားစွဲဆိုခဲ့သည်။
တောင်ပိုင်း လှံ စစ်ဆင်ရေး (Operation Southern Spear)၏ အမည်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၃ ရက်တွင် အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက် မှ တရားဝင် အမည်ပေးခဲ့ခြင်းဖြစ်ပြီး၊ ၎င်းသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၈ ရက်တွင် အမေရိကန်ရေတပ်က ကြေညာခဲ့သော အမည်တူသည့် စစ်ဆင်ရေးကို ထပ်မံ တိုးချဲ့ခဲ့ခြင်းလည်း ဖြစ်သည်။
နောက်ခံရာဇဝင်
[ပြင်ဆင်ရန်]၂၀၂၅ ခုနှစ်၊ဇန်နဝါရီတွင် အမေရိကန်ရေတပ်သည် USSOUTHCOM (United States Southern Command) နှင့် ပူးပေါင်းပြီး တောင်အမေရိကန်၊ အလယ်အမေရိကန်နှင့် ကာရေဘီယံဒေသအတွက် စစ်ဆင်ရေးနှင့် လုံခြုံရေးတာဝန်များကို စစ်ဆင်ရေးဖြင့် ဦးဆောင်ခဲ့သည်။
USSOUTHCOM သည် မြေပြင်တပ်၊ လေတပ်၊ ရေတပ် အစိတ်အပိုင်းများနှင့် ပူးပေါင်း၍ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနှင့် မူးယစ်ဆေးဝါးကူးသန်းမှုတိုက်ဖျက်ရေး စသည့် လုပ်ငန်းများကို ဆောင်ရွက်သည့် အမေရိကန်ပြည်ထောင်စုစစ်ဌာနတစ်ခုဖြစ်သည်။
အဆိုပါ ပူးပေါင်းစစ်ဆင်ရေးအတွင်း USSOUTHCOM နှင့် အမေရိကန်ရေတပ်သည် ကာရေဘီယံပင်လယ်နှင့် ပစိဖိတ်သမုဒ္ဒရာတွင် မူးယစ်ဆေးဝါးကူးသန်းမှုများကို နှိမ်နင်းရန် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၈ ရက်တွင် တောင်ပိုင်း လှံ စစ်ဆင်ရေး (Operation Southern Spear) ကို ကြေညာခဲ့သည်။
နောက်ပိုင်းတွင် အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက် သည် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၃ ရက်တွင် ထရမ့် အမိန့်အရ အဆိုပါ စစ်ဆင်ရေးကို တရားဝင် အမည်ပေးခဲ့ပြီး၊ အမေရိကန်ရေတပ်က ဇန်နဝါရီတွင် ကြေညာထားသည့် အမည်အတိုင်း အသုံးပြုခဲ့သည်။
သတိပေးချက်များ
[ပြင်ဆင်ရန်]အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက် သည် Operation Southern Spear ကို ထုတ်ဖော်ကြေညာပြီးနောက်၊သုံးရက်အကြာတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို သည် ဗင်နီဇွဲလားသမ္မတ နီကိုးလက်စ် မဒူရို ဦးဆောင်ထားသည်ဟု အမေရိကန်က စွပ်စွဲထားသည့် Cartel of the Suns အဖွဲ့ကို နိုင်ငံခြားအကြမ်းဖက်အဖွဲ့ အစည်းအဖြစ် အမေရိကန်မှ သတ်မှတ်မည်ဟု ကြေညာခဲ့သည်။[၇][၈]
ထိုအဖွဲ့သည် အမေရိကန်နှင့် ဥရောပသို့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများအတွက် တာဝန်ရှိသည်ဟု မာကိုရုဘီယို ၏ပြောကြားခဲ့သော်လည်း သမ္မတ မဒူရိုကမူ ငြင်းဆန်ခဲ့သည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၅ ရက် တွင် သမ္မတ ထရမ့်သည် (Fentanyl ) ဖန်တနောမူးယစ်ဆေးကို အစုလိုက်အပြုံလိုက် ဖျက်ဆီးနိုင်သော လက်နက်အဖြစ် သတ်မှတ်သည့် အမှုဆောင်အမိန့်ကို လက်မှတ်ရေးထိုးခဲ့သည်။[၉] နှစ်ရက်အကြာတွင် ထရမ့် သည် "မာဒူရိုအစိုးရ" ကိုနိုင်ငံခြားအကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်မည် ဟု သတိပေးစကား ပြောကြားခဲ့သည်။
စစ်ဆင်ရေးများစတင်ခြင်း
[ပြင်ဆင်ရန်]အမေရိကန်သည် ဩဂုတ်လလယ်တွင် ကာရစ်ဘီယံ ပင်လယ် တွင် တပ်ဖွဲ့ဝင်များ စတင်တပ်ဖြန့်ခဲ့သည်။
၂၀၂၅ ခုနှစ် နိုဝင်ဘာလနှောင်းပိုင်းတွင် အမေရိကန်သည် ၁၉၆၂ ခုနှစ်၊အောက်တိုဘာ ကျူးဘားဒုံးကျည်အကျပ်အတည်းနောက်ပိုင်း ဒေသတွင်း၌ အကြီးဆုံး စစ်ရေးစွမ်းအားဖြင့် ကာရစ်ဘီယံပင်လယ် နှင့် ပစိဖိတ် သမုဒ္ဒရာ အရှေ့ဒေသ တို့တွင် မူးယစ်ဆေးဝါးကူးသန်းနေသော သင်္ဘောများကို တိုက်ခိုက်ပြီး နစ်မြုပ်ခဲ့သည်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက် သည် Operation Southern Spear စစ်ဆင်ရေးကို ထုတ်ဖော်ပြီး ရက်ပိုင်းအတွင်း ဒိုမီနီကန်သမ္မတနိုင်ငံနှင့် အမေရိကန်တို့ကြား ပူးပေါင်းစစ်ဆင်ရေးတွင် ကိုကင်းမှောင်ခိုသင်္ဘောများကို ဖမ်းဆီးရမိခဲ့သည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်တွင် သမ္မတ ထရမ့်၏ အကြီးတန်း အုပ်ချုပ်ရေးအရာရှိများသည် Reutersသတင်းဌာနသို့ ဗင်နီဇွဲလားနိုင်ငံအပေါ် စစ်ဆင်ရေး အဆင့်သစ်တစ်ခု စတင်ရန် အမေရိကန်က ပြင်ဆင်ထားကြောင်း ပြောကြားခဲ့သည်။
အမေရိကန်သည် ဒီဇင်ဘာ ၁၁ ရက်တွင် ဗင်နီဇွဲလားရေနံတင်ဆောင်သည့် ရေနံတင်သင်္ဘောများကို ဖမ်းဆီးခြင်း၊ ကြားဖြတ် သို့မဟုတ် လိုက်ရှာခြင်းတို့ကို စတင်ခဲ့ပြီး ဒီဇင်ဘာ ၁၇ ရက်နေ့တွင် သမ္မတ ထရမ့် မှ ဗင်နီဇွဲလားသို့ သွားသော ဒဏ်ခတ်ပိတ်ဆို့ထားသည့် ရေနံတင်သင်္ဘောများကို ပိတ်ဆို့ရန် အမိန့်ပေးခဲ့သည်။
ဗင်နီဇွဲလားရှိ မြေပြင်ပစ်မှတ်ပေါ် ပထမဆုံးတိုက်ခိုက်မှုအား ထရမ့် သမ္မတသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်တွင် ကြေညာခဲ့သည်။[၁၀]
အဆိုပါပစ်မှတ်မှာ အမေရိကန်က စွပ်စွဲသည့်အတိုင်း မူးယစ်ဆေးဝါးသင်္ဘောများကို တင်သွင်းရာ အသုံးပြုခဲ့သည့် ရေတပ်စခန်းဖြစ်ပြီး၊မောင်းသူမဲ့ဖြင့် ဒီဇင်ဘာ ၂၄ ရက်တွင် လုပ်ဆောင်ခဲ့ကြောင်း ဆိုထားသည်။
၂၀၂၆ ခုနှစ် ဇန်နဝါရီ ၃ ရက်နေ့တွင် ကရာကက်စ်မြို့ နှင့် အခြားနေရာများကို တိုက်ခိုက်ခဲ့ပြီး၊အလုံးစုံဖြေရှင်းရေးစစ်ဆင်ရေး (Operation Absolute Resolve)ဖြင့် ဗင်နီဇွဲလားသမ္မတ နီကိုးလက်စ် မဒူရို နှင့် ဇနီးဖြစ်သူကို အမေရိကန်က ဖမ်းဆီးခဲ့သည်။[၁၁]
ထို အလုံးစုံဖြေရှင်းရေးစစ်ဆင်ရေး (Operation Absolute Resolve)သည် ၂ နာရီ နှင့် မိနစ် ၂၀ ကြာ ကြည်း ၊ရေ၊ လေ စစ်ဆင်ရေးဖြစ်သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ "Trump labels Maduro regime terrorist organization, orders blockade of sanctioned oil tankers"၊ The Hill၊ 16 December 2025။
- ↑ Moscow Just Gave Venezuela Air Defenses, Not Ruling Out Strike Missiles: Russian Official။ TheWarZone.com (4 November 2025)။ 19 December 2025 တွင် ပြန်စစ်ပြီး။
- ↑ Roston၊ Aram (21 October 2025)။ CIA playing 'most important part' in US strikes in the Caribbean, sources say။ The Guardian။ 21 October 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 October 2025 တွင် ပြန်စစ်ပြီး။
- ↑ Venezuela's Army is Trying to Block Entrances to Presidential Palace in Capital။
- ↑ Por C Adams (22 April 2019)။ Cuba's "army" in Venezuela: doctors or soldiers?။ Univision News။ 18 December 2025 တွင် ပြန်စစ်ပြီး။
- ↑ "Venezuelan Official Says at Least 40 People Were Killed in U.S. Attack"၊ The New York Times၊ 3 January 2026။
- ↑ "U.S. to designate Venezuela's Cartel de los Soles as a foreign terrorist organization as USS Gerald R. Ford aircraft carrier arrives in Caribbean"၊ CBS News၊ 16 November 2025။
- ↑ Rubio၊ Marco (16 November 2025)။ "Terrorist Designations of Cartel de los Soles" (သတင်းထုတ်ပြန်ချက်)။ US Department of State။ 17 November 2025 တွင် ပြန်စစ်ပြီး။
- ↑ Trump declares fentanyl a weapon of mass destruction။ Politico (15 December 2025)။ 3 January 2026 တွင် ပြန်စစ်ပြီး။
- ↑ "US struck 'big facility' in Venezuela, Trump claimed without offering details"၊ The Guardian၊ 29 December 2025။
- ↑ "Inside 'Operation Absolute Resolve,' the U.S. Effort to Capture Maduro"၊ The New York Times၊ 3 January 2026။