တောင်ပိုင်းယဆွတ်ဂတခဲမီးတောင်အုပ်စု
| တောင်ပိုင်းယဆွတ်ဂတခဲမီးတောင်အုပ်စု | |
|---|---|
Yatsugatake from Mount Gongen (August 2010) | |
| အမြင့်ဆုံးအမှတ် | |
| တောင်ထွတ် | Mount Aka |
| အမြင့် | ၂,၈၉၉ m (၉,၅၁၁ ft) |
| ကိုဩဒိနိတ် | 35°58′15″N 138°22′12″E / 35.97083°N 138.37000°Eကိုဩဒိနိတ်: 35°58′15″N 138°22′12″E / 35.97083°N 138.37000°E |
| အမည်ပေးခြင်း | |
| ဝေါဟာရဗေဒ | Southern mountains with eight peaks |
| ဒေသခေါ်အမည် | တမ်းပလိတ်:Native name list Error {{native name checker}}: parameter value is malformed (help) |
| ပထဝီဝင် | |
| နိုင်ငံ | Japan |
| Prefectures | Nagano Prefecture နှင့် Yamanashi Prefecture |
| Region | Chūbu |
| Districts | Minamisaku နှင့် Suwa |
| Municipalities | Hara၊ Fujimi၊ Chino၊ Hokuto နှင့် Minamimaki |
| ပင်မတောင်တန်း | Yatsugatake Mountains |
| တည်ရာနယ်နမိတ် | Northern Yatsugatake Volcanic Group |
| Biome | Alpine climate |
| ဘူမိဗေဒ | |
| ကျောက်သားသက်တမ်း | Quaternary |
| တောင်အမျိုးအစား | Stratovolcanoes |
| Volcanic arc | Northeastern Japan Arc |

တောင်ပိုင်းယဆွတ်ဂတခဲမီးတောင်အုပ်စု (南八ヶ岳, Minami-Yatsugatake) သည် ဂျပန်နိုင်ငံ၊ ဟွန်းရှူးကျွန်း၊ ယမနရှိစီရင်စုနှင့် နဂနိုစီရင်စုတို့၏ နယ်နမိတ်ပေါ်တွင် တည်ရှိနေသည့် လှုပ်ရှားမှုမရှိတော့သည့် မီးတောင်အုပ်စု ဖြစ်သည်။
ဖော်ပြချက်
[ပြင်ဆင်ရန်]တောင်ပိုင်းယဆွတ်ဂတခဲမီးတောင်အုပ်စုသည် ယဆွတ်ဂတခဲတောင်တန်းများ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ဤတောင်ပိုင်းမီးတောင်အုပ်စုသည် နဆွတ်ဇဝတောင်တက်လမ်၏ တောင်ဘက်ပိုင်းရှိ တောင်များဖြစ်သည်ဟု သတ်မှတ်ထားသည်။ အမြင့်ဆုံးတောင်မှာ အခတောင် ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၂၈၉၉ မီတာ ရှိသည်။
တောင်ပိုင်းယဆွတ်ဂတခဲတောင်များသည် နက်ရှိုင်းပြီး မြင့်မားသည့်တောင်ပေါ်ဒေသ၏ အသွင်အပြင်လက္ခဏာများ ရှိသည်။ မြောက်ပိုင်းယဆွတ်ဂတခဲအုပ်စုဝင်မီးတောင်များမှာမူ ပြေပြစ်ကာ နိမ့်သည်။ တတဲရှိနတောင် သည် သီးခြားကွဲပြားကာ တည်ရှိနေသော်လည်း မြောက်ပိုင်းယဆွတ်ဂတခဲတောင်များအုပ်စုတွင် ထည့်သွင်းရေတွက်သည်။
ဤတောင်အုပ်စုသည် ဂျပန်နိုင်ငံ၏ ထင်ရှားသည့် တောင် ၁၀၀ စာရင်းတွင် ပါဝင်သည်။ ဤတောင်များကို "ယဆွတ်ဂတခဲ" ဟု ဖော်ပြကြပြီး ယဆွတ်ဂတခဲ - ချူးရှင်းကုန်းမြင့်အမျိုးသားဥယျာဉ်၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် တည်ရှိကြသည်။
ပထဝီသွင်ပြင်
[ပြင်ဆင်ရန်]ဤမီးတောင်များ၏ သက်တမ်းသည် နှစ်တစ်သန်းမှ နှစ်ပေါင်း ၂ သိန်း ကြာမြင့်ခဲ့ကြပြီ ဖြစ်သည်။
တောင်ထိပ်များ
[ပြင်ဆင်ရန်]တောင်ပိုင်းယဆွတ်ဂတခဲမီးတောင်အုပ်စုတွင် ပါဝင်သည့် အဓိကတောင်ထိပ်များမှာ အောက်ပါအတိုင်းဖြစ်ပြီး အမြင့်အလိုက် စီစဉ်ထားသည်။[၁][၂]
| Name | Height |
|---|---|
| Mount Aka (赤岳 Aka-dake) | ၂,၈၉၉.၂ မီတာ (၉,၅၁၁.၈ ပေ) |
| Mount Yoko (横岳 Yoko-dake) | ၂,၈၂၉ မီတာ (၉,၂၈၁ ပေ) |
| Mount Amida (阿弥陀岳 Amida-dake) | ၂,၈၀၅ မီတာ (၉,၂၀၃ ပေ) |
| Mount Iō (硫黄岳 Iō-dake) | ၂,၇၆၀ မီတာ (၉,၀၆၀ ပေ) |
| Mount Gongen (権現岳 Gongen-dake) | ၂,၇၁၅ မီတာ (၈,၉၀၇ ပေ) |
| Mount Amigasa (編笠山 Amigasa-yama) | ၂,၅၂၃.၇ မီတာ (၈,၂၇၉.၉ ပေ) |
| Mount Nishi (西岳 Nishi-dake) | ၂,၃၉၈ မီတာ (၇,၈၆၇ ပေ) |
မြောက်ဘက်မှနေ၍ နဆွတ်ဇဝတောင်တက်လမ်းမှ သွားပါက မြောက်ဘက်ယဆွတ်ဂတခဲတောင်များ၏ တောင်ထိပ်များသည် အောက်ပါအတိုင်း ဖြစ်သည်။
- Mt. Amigasayama (2,524 m)
- Mt. Nishidake (2,398 m)
- Mt. Mitsugashira (2,580 m)
- Mt. Gongendake (2,715 m)
- Mt. Aka (2,899 m)
- Mt. Nakadake (2,700 m)
- Mt. Amidadake (2,805 m)
- Mt. Yoko (2,829 m)
- Mt. Iōdake (2,760 m)
- Mt. Akaiwanoatama (2,656 m)
- Mt. Minenomatsume (2,567 m)
- Natsuzawa Pass (2,423 m)
ရုပ်ပုံများ
[ပြင်ဆင်ရန်]- ယဆွတ်ဂတခဲတောင်အုပ်စုတွင် အမြင့်ဆုံးတောင်ဖြစ်သည့် အခတောင်
- ဂွန်းဂန်းတောင်ကို အခတောင်မှ မြင်ရပုံ
- ဂွန်းဂန်းတောင်မှ မြင်ရသည့် အမိဒတောင်၊ အိအိုးတောင်၊ ယောခိုတောင်နှင့် အခတောင်
- အမိဂဆတောင်မှ မြင်ရသည့် အမိဒတောင်၊ အိအိုးတောင်၊ ယောခိုတောင်၊ အခတောင်နှင့် အခတောင်
- နဆွတ်ဇဝတောင်တက်လမ်းမှ ရိုက်ယူထားသည့် အိအိုးတောင် (၂၀၂၄ ခုနှစ်၊ မတ်လ)
ကိုးကား
[ပြင်ဆင်ရန်]- ↑ YATSU-GA-TAKE။ Quaternary Volcanoes of Japan။ Geological Survey of Japan, AIST (2006)။ 2008-08-19 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ Hunt၊ Paul (1988)။ "14. Yatsu-ga-take"။ Hiking in Japan: An Adventurer's Guide to the Mountain Trails (First ed.)။ Tokyo: Kondansha International။ pp. 111–115။ ISBN 0-87011-893-5။